တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းရွှေ့ကြဘဲ အိမ်တစ်အိမ်တည်း၌သာ တည်းခို၍ အိမ်ရှင်ကျွေးမွေးဧည့်ခံသမျှကို စားသောက်ကြလော့။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် အခကြေးငွေကို ရထိုက်သောကြောင့်ဖြစ်၏။
၁ တိ 5:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် သူတို့သည် တစ်အိမ်တက်တစ်အိမ်ဆင်း လှည့်လည်ကာ ပျင်းရိသောအကျင့် ရှိလာကြ၏။ ပျင်းရိသည်သာမက အတင်းအဖျင်းပြောလျက် မပြောသင့်သည့်အရာကို ပြော၍ သူတစ်ပါးကိစ္စတွင် ဝင်ရောက်စွက်ဖက်တတ်ကြ၏။ Common Language Bible ထိုမှတစ်ပါးလည်းသူတို့သည် တစ်အိမ်တက် တစ်အိမ်ဆင်းသွားရောက်လည်ပတ်ကာ အချိန် ဖြုန်းတတ်လေသည်။ ယင်းသို့အချိန်ဖြုန်းရုံမျှ မကမပြောသင့်သည့်စကားများကိုပြောဆို လျက် အတင်းပြောကာမိမိတို့နှင့်မဆိုင်သည့် အမှုကိစ္စများတွင်ဝင်ရောက်စွက်ဖက်၍လာ တတ်လေသည်။- Garrad Bible ၎င်း ပြင်၊ သူ တို့ သည် အိမ် ခြေ စဥ် လှည့် လည် လျက် ပျင်း ရိ စွာ နေ တတ် သည် သာ မ က၊ မ ပြော သင့် ရာ ပြော တတ် သော စ ကား အိုး များ၊ မ ဆိုင် ရာ တွင် စွာ သူ များ ဖြစ် ကြ၏။ Judson Bible ထိုမှတစ်ပါး၊ တစ်အိမ်မှတစ်အိမ်သို့ လည်၍ ပျင်းရိတတ်ကြ၏။ ပျင်းရိသည်သာမက၊ စကားများ၍ မပြောအပ်သောအရာကို ပြောသဖြင့်၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသောသူ ဖြစ်တတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် သူတို့သည် တစ်အိမ်ပြီးတစ်အိမ်လှည့်လည်၍ ပျင်းရိသောအကျင့်ရှိလာတတ်ကြ၏။ ထိုသို့ပျင်းရိသည်သာမက အတင်းအဖျင်းပြောဆိုလျက် သူတစ်ပါးကိစ္စ၌ ဝင်ရောက်စွက်ဖက်ကာ မပြောသင့်သည့်အရာတို့ကို ပြောဆိုတတ်ကြ၏။ |
တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းရွှေ့ကြဘဲ အိမ်တစ်အိမ်တည်း၌သာ တည်းခို၍ အိမ်ရှင်ကျွေးမွေးဧည့်ခံသမျှကို စားသောက်ကြလော့။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် အခကြေးငွေကို ရထိုက်သောကြောင့်ဖြစ်၏။
ဤသို့ဖြင့် လူထုပရိသတ်ရှေ့တွင်ဖြစ်စေ၊ တစ်အိမ်ဝင်တစ်အိမ်ထွက်ဖြစ်စေ၊ သွန်သင်ရာတွင် ကျွန်ုပ်သည် သင်တို့အတွက် အကျိုးရှိသောအရာကို ဟောပြောရန် မတွန့်ဆုတ်။
လွဲမှားစေသောအရာများကို ပြောဆို၍ တပည့်တော်များအား သူတို့နောက်သို့ လိုက်စေရန် ဆွဲခေါ်သွားမည့်လူတို့သည် သင်တို့အထဲမှလည်း ပေါ်ပေါက်လာလိမ့်မည်။
ထိုသို့ပြုခြင်းဖြင့် သူတို့သည် မိမိတို့၏ ကနဦး ကတိသစ္စာကို ချိုးဖောက်သောကြောင့် ပြစ်ဒဏ်စီရင်ခံရကြလိမ့်မည်။
ထိုသူတို့ကို နှုတ်ဆိတ်စေရမည်။ သူတို့သည် မသမာနည်းဖြင့် ငွေရှာလိုသောကြောင့် မသွန်သင်သင့်သော အရာများကို သွန်သင်လျက် အချို့မိသားစုများ၏ ယုံကြည်ခြင်းကို ပျက်စီးစေကြ၏။
နှုတ်တစ်ခုတည်းမှ ချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းတို့ ထွက်လာ၏။ ညီအစ်ကိုမောင်နှမတို့… ဤသို့ မဖြစ်သင့်ပေ။
သင်တို့ ဆင်းရဲဒုက္ခခံရလျှင်ပင် မည်သူမျှ လူသတ်မှု၊ ခိုးမှု၊ ဒုစရိုက်မှု၊ သူတစ်ပါးအမှု၌ စွက်ဖက်မှုတို့ကြောင့် ဆင်းရဲဒုက္ခခံရခြင်း မဖြစ်စေနှင့်။
ထို့ကြောင့် ကျွန်ုပ်ရောက်လာသောအခါ သူပြုသောအမှုတို့ကို ထုတ်ဖော်ပြောဆိုမည်။ သူသည် ကျွန်ုပ်တို့အကြောင်းကို ဆိုးညစ်သောစကားများနှင့် မဟုတ်တမ်းတရမ်းပြောဆို၏။ ဤမျှနှင့် မကျေနပ်ဘဲ သူကိုယ်တိုင်ပင်လျှင် ယုံကြည်သူတို့ကို လက်မခံ၊ လက်ခံလိုသောသူတို့ကိုလည်း တားမြစ်၍ အသင်းတော်မှ နှင်ထုတ်တတ်၏။