Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ယော 1:10 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 ထို့ကြောင့် ကျွန်ုပ်​ရောက်လာ​သောအခါ သူ​ပြုသော​အမှုတို့​ကို ထုတ်ဖော်​ပြောဆိုမည်။ သူ​သည် ကျွန်ုပ်တို့​အကြောင်း​ကို ဆိုးညစ်သော​စကားများ​နှင့် မဟုတ်တမ်းတရမ်း​ပြောဆို၏။ ဤမျှ​နှင့် မကျေနပ်ဘဲ သူ​ကိုယ်တိုင်​ပင်လျှင် ယုံကြည်သူတို့​ကို လက်မခံ၊ လက်ခံလိုသောသူတို့​ကိုလည်း တားမြစ်​၍ အသင်းတော်​မှ နှင်ထုတ်တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 သို့​ဖြစ်​၍​ငါ​လာ​သော​အ​ခါ​မှ​သူ​ပြု​သ​မျှ သော​အ​မှု​တို့​ကို​ထုတ်​ဖော်​ပြော​ဆို​မည်။ သူ သည်​ငါ​တို့​အား​မ​လို​မုန်း​ထား​စွပ်​စွဲ​ပြော ဆို​၏။ ဤ​မျှ​နှင့်​မ​ကျေ​နပ်​သေး​ဘဲ​သူ​ကိုယ် တိုင်​ပင်​လျှင် ညီ​အစ်​ကို​များ​ကို​လက်​မ​ခံ၊ လက်​ခံ​လို​သူ​များ​အား​လည်း​တား​မြစ် လျက်​အ​သင်း​တော်​မှ​နှင်​ထုတ်​ရန်​ကြိုး စား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 သို့ ဖြစ်၍ ငါ တို့ တ ဖက် ဆိုး သွမ်း စွာ စ ကား ဖောင် ဖွဲ့ ခြင်း နှင့် မ ရောင့် ရဲ ဘဲ ညီ အစ် ကို တို့ ကို ကိုယ် တိုင် လက် မ ခံ၊ လက် ခံ လို သူ တို့ ကို လည်း ကန့် ကွက် သည့် ပြင် အ သင်း တော် မှ ထုတ် ပယ် သည့် အ မှု အ ရေး များ ကို ငါ ရောက် လာ မှ ဖွင့် ပြ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​ကြောင့်၊ ငါ​လာ​သော​အ​ခါ သူ​သည် မိ​မိ​ပြု​သော​အ​မှု​ကို မိ​မိ​သ​တိ​ရ​စေ​ခြင်း​ငှာ ငါ​ပြု​မည်။ ထို​သူ​သည်၊ ငြူ​စူ​သော​စ​ကား​နှင့် ငါ​တို့​ကို ကဲ့​ရဲ့​သည်​သာ​မ​က၊ ကဲ့​ရဲ့​ခြင်း​နှင့် စိတ်​မ​ပြေ​ဘဲ​လျက်၊ ညီ​အစ်​ကို​တို့​ကို ကိုယ်​တိုင်​လက်​မ​ခံ၊ လက်​ခံ​ချင်​သော​သူ​တို့​ကို​လည်း မြစ်​တား၍၊ အ​သင်း​တော်​ထဲ​က နှင်​ထုတ်​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထို့ကြောင့် ငါ​လာ​သောအခါ သူ​ပြု​နေ​သော​အမှု​ကို​ထောက်ပြ​မည်။ သူ​သည် မကောင်း​သော​စကား​အမျိုးမျိုး​တို့​ဖြင့် ငါ​တို့​ကို ကဲ့ရဲ့​ပြစ်တင်​ပြီး ဤမျှ​နှင့်​သာ​မ​ကျေနပ်​ဘဲ သူ​ကိုယ်တိုင်​လည်း ညီအစ်ကို​တို့​ကို​လက်​မ​ခံ၊ လက်ခံ​လို​သော​သူ​များ​ကို​လည်း တားမြစ်​၍ အသင်းတော်​မှ နှင်ထုတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ယော 1:10
16 ပူးပေါင်းရင်းမြစ်များ  

လူတို့​သည် လူသား​ကြောင့် သင်တို့​ကို မုန်းကြ​၍ ဝိုင်းပယ်ကဲ့ရဲ့​လျက် သင်တို့​၏​နာမည်​ကို ဖျက်ကြ​သောအခါ​၌​လည်း သင်တို့​သည် မင်္ဂလာ​ရှိကြ၏။


ဤသို့ ဖြေရခြင်း​မှာ သူတို့​သည် ဂျူးလူမျိုး​ခေါင်းဆောင်တို့​ကို ကြောက်ရွံ့​သောကြောင့်​ဖြစ်၏။ ဂျူးလူမျိုး​ခေါင်းဆောင်တို့​က ယေရှု​ကို ခရစ်တော်​ဖြစ်သည်​ဟု ဝန်ခံသောသူ​ကို ဂျူး​ဝတ်ပြုဆောင်​မှ ထုတ်ပယ်မည်​ဟု ကြေညာထားကြ၏။


အရေအတွက်​အားဖြင့် တစ်ရာ့နှစ်ဆယ်​ခန့်​ရှိသော ယုံကြည်သူများ​အလယ်​၌ ပေတရု​သည် ထ​၍


ဒုတိယ​အကြိမ် ကျွန်ုပ်​သင်တို့​နှင့်အတူ ရှိခဲ့​စဉ်က ယခင် အပြစ်​ကျူးလွန်သူများ​နှင့် အခြားသူ​အပေါင်းတို့​အား နောက်တစ်ကြိမ် ရောက်လာ​လျှင် ညှာတာမည်​မဟုတ်​ဟု သတိပေးခဲ့သည့်​အတိုင်း ယခု​အဝေး​၌ ရှိစဉ်​တွင်လည်း ထပ်မံ​၍ သတိပေးလိုက်၏။


ထို့ကြောင့် ကျွန်ုပ်တို့​သည် အခွင့်သာ​တိုင်း လူအပေါင်းတို့​အပေါ်၊ အထူး​သဖြင့် ယုံကြည်သူ​မိသားစုတို့​အပေါ် ကောင်းမှု​ပြုကြစို့။


ထို့ပြင် သူတို့​သည် တစ်အိမ်​တက်​တစ်အိမ်​ဆင်း လှည့်လည်​ကာ ပျင်းရိသော​အကျင့် ရှိလာကြ၏။ ပျင်းရိသည်​သာမက အတင်းအဖျင်း​ပြော​လျက် မပြောသင့်သည့်​အရာ​ကို ပြော​၍ သူတစ်ပါး​ကိစ္စ​တွင် ဝင်ရောက်​စွက်ဖက်​တတ်ကြ၏။


တစ်စုံတစ်ယောက်​သည် သင်တို့​ထံသို့ လာ​၍ ဤ​သွန်သင်ချက်​ကို မဝေမျှ​လျှင် ထို​သူ​ကို သင်တို့​အိမ်​သို့ မဖိတ်ခေါ်နှင့်။ နှုတ်ခွန်း​လည်း မဆက်ကြနှင့်။


ကျွန်ုပ်​သည် သင်တို့​ထံ ရေးစရာ​များစွာ ရှိ​သော်လည်း စက္ကူ​ပေါ်၌ မင်​နှင့် မရေးလို။ ထို​အစား ကျွန်ုပ်တို့​အပြည့်အဝ​ဝမ်းမြောက်​နိုင်ရန် သင်တို့​ထံသို့ လာ​၍ မျက်နှာချင်းဆိုင် စကားပြော​ရန် ကျွန်ုပ်​မျှော်လင့်ထား၏။


သင်​သည် သမ္မာတရား​၌ ကျင်လည်နေသည့်​အတိုင်း ယုံကြည်သူ​တချို့​သည် လာ​၍ သမ္မာတရား​အပေါ် သင်​သစ္စာရှိသည့်​အကြောင်း သက်သေခံကြ​သောအခါ ကျွန်ုပ်​အလွန်​ဝမ်းမြောက်၏။


ချစ်ခင်ရသောသူ… သင်​သည် သူစိမ်း​ဧည့်သည်​ယုံကြည်သူများ​အပေါ်​၌ပင် သင်​ပြုရမည့်​ဝတ်တို့​ကို သစ္စာရှိ​စွာ ပြုတတ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ