ရိတ်သိမ်းသူသည် လုပ်အားခကို ရ၏။ သူသည် ထာဝရအသက်အတွက် သီးနှံတို့ကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသူနှင့် ရိတ်သိမ်းသူတို့သည် အတူတကွ ဝမ်းမြောက်ကြလိမ့်မည်။
၁ ကော 9:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်လျှင် ကျွန်ုပ်၏ ဆုလာဘ်မှာ မည်သည့်အရာဖြစ်သနည်း။ ဤအရာမှာ အခကြေးငွေမယူဘဲ သတင်းကောင်းကို ဟောပြောခြင်းဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် သတင်းကောင်းကို ဟောပြောသောအခါ ကျွန်ုပ်ရထိုက်သောအခွင့်အရေးကို အပြည့်အဝမတောင်းဆိုဘဲနေခြင်းဖြစ်၏။ Common Language Bible သို့ဖြစ်၍ငါသည်အဘယ်အခကြေးငွေ ခံစားရသနည်း။ ငါခံစားရသည့်အကျိုး မှာသတင်းကောင်းကိုအခကြေးငွေမယူ ဘဲဟောပြောခွင့်နှင့် ထိုသို့ဟောပြောသည့် အတွက် ရပိုင်ခွင့်များကိုမတောင်းဆိုဘဲ နေနိုင်ခွင့်တို့ပင်ဖြစ်၏။ Garrad Bible သို့ ဖြစ် လျှင် ငါ့ အ ကျိုး ကား မည် သို့ နည်း။ သ တင်း တော် မြတ် အား ဖြင့် ရ သော အ ခွင့် ကို မ သုံး ဘဲ ထို သ တင်း တော် မြတ် ကို အ ကုန် အ ကျ ခံ လျက် ကြား ပြော ခွင့် တည်း။ Judson Bible သို့ဖြစ်၍ ငါ၏အကျိုး အဘယ်သို့နည်းဟူမူကား၊ ဧဝံဂေလိတရားကို ဟောသောအခါ၊ ဟောခြင်းနှင့် စပ်ဆိုင်သောအခွင့်ကို မသုံးဘဲလျက်၊ ခရစ်တော်၏ ဧဝံဂေလိတရားကို နာသောသူတို့သည် အဘယ်စရိတ်ကိုမျှ မကုန်ဘဲနေစေခြင်းငှာပြုလျှင် ငါ၌အကျိုးရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် ငါ့အတွက် မည်သည့်ဆုလာဘ်ရှိသနည်း။ ၎င်းမှာ ကောင်းမြတ်သောသတင်းကိုဟောပြောသည့်အခါ အဖိုးအခမယူဘဲ ထိုသတင်းကို ဝေငှဟောပြော၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သော ငါ၏ရပိုင်ခွင့်ကို အပြည့်အဝအသုံးမချဘဲနေခြင်းပင်ဖြစ်၏။ |
ရိတ်သိမ်းသူသည် လုပ်အားခကို ရ၏။ သူသည် ထာဝရအသက်အတွက် သီးနှံတို့ကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသူနှင့် ရိတ်သိမ်းသူတို့သည် အတူတကွ ဝမ်းမြောက်ကြလိမ့်မည်။
လုပ်ငန်းချင်းတူသောကြောင့် သူတို့နှင့်အတူနေ၍ အလုပ်လုပ်လေ၏။ ထိုသူတို့မှာ တဲချုပ်သူများဖြစ်ကြ၏။
အခြားယုံကြည်သောသူတစ်ယောက်သည် သင်စားသောအစာကြောင့် စိတ်အနှောင့်အယှက်ဖြစ်လျှင် သင်သည် မေတ္တာတရားဖြင့် အသက်ရှင်နေထိုင်ရာ မကျတော့ပေ။ ထိုသူအတွက် ခရစ်တော်အသေခံပေးတော်မူခဲ့သည်ဖြစ်ရာ သင်စားသောအစားအစာကြောင့် သူ့ကို မပျက်စီးစေနှင့်။
မျိုးစေ့စိုက်သူနှင့် ရေလောင်းသူတို့သည် တူညီသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ကြပြီး မိမိတို့၏ ကြိုးပမ်းအားထုတ်မှုနှင့်အညီ ဆုလာဘ်ကို ရရှိကြလိမ့်မည်။
လောကီနှင့်ဆိုင်သောအရာများကို သုံးစွဲသောသူတို့သည် ထိုအရာများကို မတွယ်တာသင့်။ အဘယ်ကြောင့်ဆိုသော် ဤလက်ရှိကမ္ဘာလောကပုံသဏ္ဌာန်သည် ကွယ်ပျောက်သွားတော့မည်ဖြစ်သောကြောင့်ပင်။
သို့သော်လည်း သင်တို့၏ လွတ်လပ်မှုသည် အသိစိတ်အားနည်းသူတို့အတွက် ထိမိ၍ လဲစရာ မဖြစ်စေရန် သတိပြုကြလော့။
အခြားသူတို့သည် သင်တို့ထံမှ ဤခံစားခွင့်ကို ရလျှင် ကျွန်ုပ်တို့သည် ပို၍ ရထိုက်သည်မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့သည် ဤခံစားခွင့်ကို မယူခဲ့ကြ။ ခရစ်တော်၏ သတင်းကောင်းကို အဆီးအတားမရှိစေရန်အတွက် မည်သည့်အခက်အခဲကိုမဆို သည်းခံကြ၏။
သို့သော်လည်း ကျွန်ုပ်သည် ထိုအခွင့်အရေးကို တစ်ခါမျှ မယူခဲ့ဖူးပေ။ ထိုအခွင့်အရေးကို သင်တို့ပေးမည်ဟု မျှော်လင့်၍ ဤစာကို ရေးရခြင်းလည်း မဟုတ်ပါ။ အမှန်တွင် အခကြေးငွေမယူဘဲ ဟောပြောခြင်းကြောင့် ဂုဏ်ယူဝင့်ကြွားရသောအခွင့်ကို ဆုံးရှုံးသည်ထက် သေသွားခဲ့လျှင်ပင် ပို၍ ကောင်းလိမ့်မည်။
ကျွန်ုပ်သည် ဤအမှုကို မိမိအလိုဆန္ဒကြောင့် ဆောင်ရွက်ခြင်းဖြစ်လျှင် ဆုလာဘ်ကို ရသင့်၏။ သို့သော် ဘုရားသခင်က ဤတာဝန်ကို ကျွန်ုပ်ထံ ယုံယုံကြည်ကြည်အပ်နှံထားသောကြောင့် ဝတ္တရားရှိ၍ ဆောင်ရွက်ရခြင်းဖြစ်၏။
ကျွန်ုပ်တို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်တော်သည် သခင်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့သည် ယေရှုအတွက် သင်တို့၏ အစေအပါးများဖြစ်ကြောင်းကို ဟောပြောကြခြင်းဖြစ်၏။
ယေရှုခရစ်တော်၏ တမန်တော်များဖြစ်သည့် ကျွန်ုပ်တို့သည် မိမိတို့၏ အခွင့်အာဏာကို သုံးနိုင်သော်လည်း သင်တို့ထံမှဖြစ်စေ၊ တစ်ဦးတစ်ယောက်ထံမှဖြစ်စေ လူတို့၏ချီးမွမ်းခြင်းကို ခံရရန် မကြိုးစားဘဲ