ထိုအခါ နတ်ဆိုးသည် သွား၍ မိမိထက်ဆိုးညစ်သောနတ်ဆိုးခုနစ်ကောင်တို့ကို ခေါ်ပြီးလျှင် ထိုလူအထဲသို့ ဝင်၍ နေကြ၏။ ထိုလူ၏အခြေအနေသည်လည်း မူလထက် ပို၍ဆိုးသွမ်းလေ၏။ ဤဆိုးညစ်သောမျိုးဆက်သည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
၁ ကော 7:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်သော ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင် ရွေးကောက်တော်မူစဉ်က ရှိသည့်အခြေအနေမျိုး၌ ဘုရားသခင်နှင့်အတူ ဆက်၍ ရှိနေသင့်၏။ Common Language Bible ညီအစ်ကိုတို့၊ သင်တို့သည်ရွေးကောက်တော်မူ ခြင်းခံရစဉ်အခါကရှိခဲ့သည့်အခြေအနေ ၌ပင် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့လျက် ဆက်လက်နေထိုင်ရကြ၏။ Garrad Bible ညီ အစ် ကို တို့၊ အ သီး အ သီး သည် ခေါ် ထား တော် မူ ရင်း အ ဖြစ် အ နေ၌ ဘု ရား သ ခင့် အ ပါး တော် တွင် တည် နေ စေ။ Judson Bible ညီအစ်ကိုတို့၊ ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ၏။ ထိုသို့ ဘုရားသခင့်ရှေ့တော်၌ လူတိုင်းလုပ်နေစေ။ မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ လူအသီးသီးသည် မိမိခေါ်ယူတော်မူခြင်းခံရသည့်အခြေအနေ၌ ဘုရားသခင်နှင့်အတူဆက်၍တည်နေပါစေ။ |
ထိုအခါ နတ်ဆိုးသည် သွား၍ မိမိထက်ဆိုးညစ်သောနတ်ဆိုးခုနစ်ကောင်တို့ကို ခေါ်ပြီးလျှင် ထိုလူအထဲသို့ ဝင်၍ နေကြ၏။ ထိုလူ၏အခြေအနေသည်လည်း မူလထက် ပို၍ဆိုးသွမ်းလေ၏။ ဤဆိုးညစ်သောမျိုးဆက်သည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ တစ်စုံတစ်ရာကို ပြုလုပ်သည်ဖြစ်စေ အရာအားလုံးကို ဘုရားသခင်၏ ဘုန်းတော်အတွက် ပြုကြလော့။
သင်တို့တစ်ဦးစီသည် ဘုရားသခင် ထားတော်မူသော မည်သည့် အခြေအနေတွင်မဆို ဆက်လက်ပြုမူနေထိုင်၍ သင်တို့ကို စတင်ရွေးကောက်တော်မူသည့်အချိန်က ကဲ့သို့ပင် ဆက်လက်ရှိနေသင့်၏။ ဤသည်မှာ အသင်းတော်အားလုံးကို ကျွန်ုပ်ညွှန်ကြားသောအချက်ဖြစ်၏။
လူတစ်ဦးစီတိုင်းသည် ဘုရားသခင် ရွေးကောက်တော်မူစဉ်က ရှိသည့်အခြေအနေမျိုး၌ ဆက်၍ ရှိနေသင့်၏။