၁ ကော 7:24 - မြန်မာ့စံမီသမ္မာကျမ်း24 ညီအစ်ကိုတို့၊ လူအသီးသီးသည် မိမိခေါ်ယူတော်မူခြင်းခံရသည့်အခြေအနေ၌ ဘုရားသခင်နှင့်အတူဆက်၍တည်နေပါစေ။ အခန်းကိုကြည့်ပါ။Common Language Bible24 ညီအစ်ကိုတို့၊ သင်တို့သည်ရွေးကောက်တော်မူ ခြင်းခံရစဉ်အခါကရှိခဲ့သည့်အခြေအနေ ၌ပင် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့လျက် ဆက်လက်နေထိုင်ရကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible24 ညီ အစ် ကို တို့၊ အ သီး အ သီး သည် ခေါ် ထား တော် မူ ရင်း အ ဖြစ် အ နေ၌ ဘု ရား သ ခင့် အ ပါး တော် တွင် တည် နေ စေ။ အခန်းကိုကြည့်ပါ။Judson Bible24 ညီအစ်ကိုတို့၊ ခေါ်တော်မူခြင်းကျေးဇူးကို ခံရသောသူသည် အကြင်အမှုကို လုပ်နေ၏။ ထိုသို့ ဘုရားသခင့်ရှေ့တော်၌ လူတိုင်းလုပ်နေစေ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း24 ချစ်သော ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင် ရွေးကောက်တော်မူစဉ်က ရှိသည့်အခြေအနေမျိုး၌ ဘုရားသခင်နှင့်အတူ ဆက်၍ ရှိနေသင့်၏။ အခန်းကိုကြည့်ပါ။ |
သို့သော် စစ်သည်တို့က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့ကို အကြီးအကျယ်ကယ်တင်ပေးခဲ့သောယောနသန်သည် သေရမည်လော။ ဤအဖြစ်နှင့်ဝေးပါစေ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သူ့ဦးခေါင်းမှ ဆံချည်တစ်ပင်မျှ မြေပေါ်သို့ မကျစေရ။ ယနေ့ပင် သူသည် ဘုရားသခင်နှင့်အတူ စစ်တိုက်လေပြီ”ဟု ဆိုကြ၏။ ဤသို့ ယောနသန်ကိုစစ်သည်တို့ကယ်တင်သောကြောင့် ယောနသန်သည် သေဒဏ်မခံရတော့ပေ။