ခရီးမသွားမီ မိမိ၏အစေခံဆယ်ဦးကို ခေါ်၍ ငွေတစ်ပိဿာစီ ပေးပြီးလျှင် ‘ငါပြန်လာသည်အထိ စီးပွားရှာလျက် နေကြလော့’ ဟု မှာထားလေ၏။
၁ ကော 4:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သူသည် သင့်ကို အခြားသူထက် ထူးခြားစေသနည်း။ ဘုရားသခင် ပေးတော်မမူလျှင် သင်၌ မည်သည့်အရာရှိမည်နည်း။ သင်၌ ရှိသောအရာမှန်သမျှသည် ဘုရားသခင်ထံတော်မှ ဖြစ်ပါလျက်နှင့် ဘုရားသခင်ထံတော်မှ ရရှိသည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။ Common Language Bible အဘယ်သူသည်သင်တို့အားသူတစ်ပါး ထက်ထူးကဲစေပါသနည်း။ သင်တို့တွင်ရှိ သမျှသောအရာတို့သည် ဘုရားသခင် ချပေးတော်မူသောအရာများမဟုတ် ပါလော။ သို့ဖြစ်ပါလျက်သင်တို့ရရှိထား သောအရာများသည် ဘုရားသခင်ချပေး တော်မူသောဆုကျေးဇူးများမဟုတ် သကဲ့သို့ သင်တို့အဘယ်ကြောင့်ကြွား ဝါသနည်း။ Garrad Bible သင့် ကို မည် သူ လွန် ကဲ စေ သ နည်း။ မ ခံ ရ ဘဲ မည် သည့် အ ရာ ကို ပိုင် သ နည်း။ ခံ ရ သည် မှန် လျှင် ပိုင် ရင်း ဖြစ် သ ကဲ့ သို့ အ ဘယ် ကြောင့် ဝါ ကြွား သ နည်း။ Judson Bible ထိုမှတစ်ပါး၊ အဘယ်သူသည် သင့်ကို ထူးခြားစေသနည်း။ သူတစ်ပါးလက်မှ မခံမယူဘဲ အလိုအလျောက်ရသော အရာတစ်စုံတစ်ခုမျှ သင်၌ရှိသလော။ သူတစ်ပါးလက်မှ ခံယူသည်မှန်လျှင်၊ မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား မည်သူသည် သင့်ကိုထူးခြားစေသနည်း။ သင်ခံယူရရှိသောအရာမဟုတ်ဘဲ သင်၌နဂိုကတည်းက ရှိထားသောအရာတစ်စုံတစ်ခုရှိသလော။ သင်ခံယူရရှိခဲ့သည့်အရာဖြစ်သည်မှန်လျှင် ခံယူရရှိခဲ့သည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့်ဝါကြွားသနည်း။ |
ခရီးမသွားမီ မိမိ၏အစေခံဆယ်ဦးကို ခေါ်၍ ငွေတစ်ပိဿာစီ ပေးပြီးလျှင် ‘ငါပြန်လာသည်အထိ စီးပွားရှာလျက် နေကြလော့’ ဟု မှာထားလေ၏။
ကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ ပြည့်စုံကြွယ်ဝခြင်းမှ ကျေးဇူးတစ်ခုအပေါ် တစ်ခုဆင့်၍ ခံစားခွင့်ရကြပြီ။
ယောဟန်က “ဘုရားသခင်သည် ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည် မည်သည့်အရာကိုမျှ မရရှိနိုင်ပါ။
ကျွန်ုပ်တို့သည် ထိုသားတော်အားဖြင့် တမန်တော်ဖြစ်ခြင်း အခွင့်ထူးကို ရရှိကြ၏။ ဤသည်မှာ ထိုသခင်၏ နာမတော်အတွက် ယုံကြည်ခြင်းကြောင့် ဖြစ်လာသော နာခံခြင်းအကြောင်းကို လူမျိုးခြားအပေါင်းတို့ထဲတွင် ဟောပြောရန် ဖြစ်၏။
ကျွန်ုပ်အား ဘုရားသခင်ပေးအပ်တော်မူသော တမန်တော်ဖြစ်ခြင်း အခွင့်ထူးဖြင့် သင်တို့တစ်ဦးချင်းကို ကျွန်ုပ်ပြောလိုသည်မှာ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်ထက် ပို၍ အထင်မကြီးကြနှင့်။ မိမိတို့အတွက် ဘုရားသခင်ခွဲဝေပေးသနားတော်မူသော ယုံကြည်ခြင်းပမာဏအတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်ရိုးသားစွာ သုံးသပ်ကြလော့။
သို့ဖြစ်၍ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်အတိုင်း ကျွန်ုပ်တို့သည် ကွဲပြားခြားနားသော ဆုကျေးဇူးအသီးသီးကို လက်ခံရရှိကြ၏။ ကျွန်ုပ်တို့လက်ခံရရှိသော ဆုကျေးဇူးသည် ပရောဖက်ပြုဟောပြောခြင်းဖြစ်လျှင် ယုံကြည်ခြင်း၏ ပမာဏအတိုင်း ဟောပြောကြရမည်။
သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျွန်ုပ်သည် တမန်တော်ဖြစ်လာခဲ့၏။ ကျွန်ုပ်အပေါ် ထားရှိသော ကိုယ်တော်၏ ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်ဘဲ ကျွန်ုပ်သည် အခြားတမန်တော်များထက် သာ၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ကျွန်ုပ်ကြောင့်မဟုတ်ဘဲ ကျွန်ုပ်နှင့်အတူ လုပ်ဆောင်သောဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာဖြစ်၏။
ထိုသို့ ပြောဆိုငြင်းခုံစရာအကြောင်း ဖြစ်ရလောက်အောင် အာပေါလုသည် မည်သူနည်း။ ပေါလုသည် မည်သူနည်း။ ကျွန်ုပ်တို့သည် သင်တို့ယုံကြည်လာကြစေရန် သတင်းကောင်းကို ဟောပြောသော ထာဝရဘုရား၏ အစေခံများသာဖြစ်ကြ၏။ ကျွန်ုပ်တို့ တစ်ဦးစီသည် ကိုယ်တော်ပေးတော်မူသော တာဝန်အသီးသီးကို ထမ်းဆောင်ကြ၏။
သင်တို့၏ ကြွားဝါခြင်းသည် ကောင်းသောအရာ မဟုတ်ပေ။ အပြစ်သည် မုန့်ညက်တစ်ပုံလုံးကို ဖောင်းကြွစေသော တဆေးကဲ့သို့ဖြစ်သည်ကို သင်တို့မသိသလော။
ကျွန်ုပ်သည် လူတိုင်းကို ကျွန်ုပ်ကဲ့သို့ အိမ်ထောင်မပြုဘဲ နေစေလို၏။ သို့သော်လည်း လူတိုင်းတွင် ဘုရားသခင်ထံမှ ရရှိသော အထူးဆုကျေးဇူးတစ်မျိုးစီရှိ၏။
ကောင်းမြတ်သောဆုကျေးဇူးနှင့် ပြီးပြည့်စုံသောလက်ဆောင်များ အားလုံးသည် ကောင်းကင်အလင်များကို ဖန်ဆင်းသော အဖဘုရားသခင်ထံမှ ရောက်လာသည်ဖြစ်၍ အထက်အရပ်မှ ဖြစ်ကြ၏။ ကိုယ်တော်သည် ရွေ့လျားတတ်သောအရိပ်များကဲ့သို့ ပြောင်းလဲတော်မမူ။
သင်တို့တစ်ဦးစီသည် ဘုရားသခင်ထံမှ ဆုကျေးဇူးအသီးသီးကို လက်ခံရရှိကြ၏။ စီမံခန့်ခွဲသူကောင်းအဖြစ် ထိုဆုကျေးဇူးတို့ကို အသုံးပြု၍ အချင်းချင်း ကူညီဆောင်ရွက်ကြလော့။