ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
၁ ကော 2:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လောကီအစိုးရမင်းတို့သည် ထိုပညာကို နားမလည်ကြ။ နားလည်ကြလျှင် ဘုန်းကြီးတော်မူသော သခင်ကို လက်ဝါးကပ်တိုင်တွင် သတ်ကြမည်မဟုတ်ပေ။ Common Language Bible လောကီမင်းတို့အနက်အဘယ်သူမျှဤ ဉာဏ်ပညာတော်အကြောင်းကိုမသိနားမလည် ကြ။ အကယ်၍သိရှိနားလည်ကြပါမူသူ တို့သည်ဘုန်းအသရေတော်ရှင်ကိုလက်ဝါး ကပ်တိုင်တွင်တင်၍သတ်ကြမည်မဟုတ်။- Garrad Bible ထို ပ ညာ ကို ယ ခု ကာ လ မင်း တစ် ပါး မျှ မ သိ။ အ ကယ်၍ သိ ခဲ့ လျှင် ဘုန်း ကြီး တော် မူ သော အ ရှင် ကို ကား မ တင် ဘဲ နေ ကြ လေ ပြီ။ Judson Bible ထိုပညာကို လောကီမင်းတစ်စုံတစ်ယောက်မျှ မသိ။ သိလျှင်၊ ဘုန်းကြီးတော်မူသောသခင်ကို လက်ဝါးကပ်တိုင်မှာ မကွပ်မျက်ကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း ဤလောကကိုအုပ်ချုပ်သူများတွင် မည်သူကမျှ ထိုဉာဏ်ပညာကိုမသိချေ။ သူတို့သိခဲ့လျှင်မူကား ဘုန်းအသရေနှင့်ပြည့်စုံတော်မူသောသခင်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ခဲ့ကြမည်မဟုတ်။ |
ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
ထိုအခါ ယေရှုက “အို အဖ… သူတို့အားခွင့်လွှတ်တော်မူပါ။ ထိုသူတို့သည် မိမိတို့အဘယ်အမှုပြုနေသည်ကိုပင် မသိကြပါ” ဟု ဆိုလေ၏။ ထို့နောက် စစ်သားတို့သည် အဝတ်တော်ကို မဲနှိုက်၍ ခွဲဝေကြ၏။
ဤသို့ပြုကြခြင်းမှာ သူတို့သည် ခမည်းတော်ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း မသိကြသောကြောင့် ဖြစ်၏။
ငါတို့ခေါင်းဆောင်တို့နှင့် ဖာရိရှဲတို့တွင် သူ့ကို ယုံကြည်ခဲ့သူ တစ်စုံတစ်ဦးပင် ရှိသလော။
ထိုအခါ သူတို့က “သင်၏ ခမည်းတော်သည် အဘယ်မှာရှိသနည်း” ဟု မေးကြ၏။ ယေရှုက “သင်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မသိကြ။ ငါ့ကို သိလျှင် ငါ့ခမည်းတော်ကိုလည်း သင်တို့သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုသည် ထိုကယ်တင်ရှင်ဖြစ်ကြောင်းကို ဂျေရုဆလင်မြို့တွင် နေထိုင်သောသူများနှင့် ထိုသူတို့၏အုပ်ချုပ်သူများသည် မသိကြ။ ဥပုသ်နေ့တိုင်း ရွတ်ဖတ်သော ပရောဖက်တို့၏စကားများကိုလည်း မသိနားမလည်ကြ။ ထို့ကြောင့် သူတို့သည် ထိုအရှင်ကို ပြစ်ဒဏ်ပေးခြင်းအားဖြင့် ပရောဖက်တို့၏စကားများအတိုင်း ဖြစ်လာစေကြ၏။
သတေဖန်က “ညီအစ်ကိုတို့နှင့် ဖခင်တို့… နားထောင်ကြလော့။ ကျွန်ုပ်တို့၏အဖ အာဗြဟံသည် ခါရန်မြို့တွင် မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးသောဘုရားသခင်သည် သူ့ထံ ပေါ်လာတော်မူ၍
ထို့ကြောင့် ပညာရှင်သည် အဘယ်မှာနည်း။ ကျမ်းတတ်ဆရာသည် အဘယ်မှာနည်း။ ဤလောက၏ ဝေဖန်ရေးဆရာသည် အဘယ်မှာနည်း။ ဘုရားသခင်သည် လောကီပညာကို မိုက်မဲစေတော်မူပြီမဟုတ်လော။
သို့သော်လည်း ကျွန်ုပ်တို့သည် ရင့်ကျက်သောသူများအကြားတွင်မူ ပညာစကားကို ပြောဆိုကြ၏။ ထိုပညာစကားသည် လောကီပညာစကားမဟုတ်။ ပျက်စီးပျောက်ကွယ်မည့် လောကီအစိုးရမင်းတို့၏ ပညာစကားလည်းမဟုတ်။
ထိုအစ္စရေးလူမျိုးတို့၏ စိတ်နှလုံးသည် မာကျောလျက်ရှိခဲ့၏။ ယနေ့တိုင်အောင် ပဋိညာဉ်တရားဟောင်းကို ဖတ်သောအခါ ထိုပဝါသည် သူတို့၏ စိတ်နှလုံးကို ဖုံးအုပ်လျက်ရှိ၏။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ ထိုပဝါကို ဖယ်ရှားနိုင်၏။
ကျွန်ုပ်ဆုတောင်းသည်က ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ဘုရားသခင် ဖြစ်တော်မူသည့် ဘုန်းကြီးသော အဖခမည်းတော်သည် ဝိညာဉ်ရေးရာဉာဏ်ပညာနှင့် ဗျာဒိတ်တော်ကို သင်တို့အား ပေးသနားတော်မူရန် ဖြစ်၏။ သို့မှသာ သင်တို့သည် ခမည်းတော်အကြောင်းကို ပို၍ သိကြမည် ဖြစ်၏။
ထိုသူတို့သည် ဉာဏ်အလင်းကွယ်၍ သူတို့၏ မသိနားမလည်မှုနှင့် ခေါင်းမာမှုတို့ကြောင့် ဘုရားသခင် ပေးတော်မူသောအသက်နှင့် ကင်းကွာလျက် ရှိကြ၏။
တစ်ချိန်က ကျွန်ုပ်သည် ခရစ်တော်ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထိုအချိန်တွင် ကျွန်ုပ်သည် ခရစ်တော်ကို မယုံကြည်သေးသောကြောင့် ကျွန်ုပ်ပြုသောအမှုသည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရားသည် ကျွန်ုပ်အပေါ် ကရုဏာထားတော်မူ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုန်းကြီးသော ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ယုံကြည်သောသူများဖြစ်သည်နှင့်အညီ လူတို့ကို မျက်နှာလိုက်၍ မဆက်ဆံကြနှင့်။