သို့သော်လည်း နောက်ဆုံးတွင် ဟေရုဒ်မင်း၏မွေးနေ့ပွဲ၌ ဟေရောဒိအတွက် အခွင့်အရေးကြုံလာ၏။ ဟေရုဒ်မင်းသည် မှူးကြီးမတ်ကြီးများ၊ စစ်တပ်အရာရှိများနှင့် ဂါလိလဲပြည်၏ ခေါင်းဆောင်များကို ကျွေးမွေးဧည့်ခံလေ၏။
၁ ကော 16:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခု ကျွန်ုပ်ညီ အာပေါလုနှင့် ပတ်သက်၍ဆိုရလျှင် ကျွန်ုပ်သည် သူ့ကို အခြားယုံကြည်သူများနှင့်အတူ သင်တို့ထံသို့ အလည်လာရန် အလေးအနက်တိုက်တွန်းခဲ့၏။ သို့သော်လည်း သူသည် ယခု လာရန် ဆန္ဒမရှိ။ အခွင့်ကြုံသောအခါ သူလာရောက်လည်ပတ်ပါလိမ့်မည်။ Common Language Bible ငါ့ညီအာပေါလုနှင့်ပတ်သက်၍ပြောရမည်ဆို လျှင် သူသည်အခြားခရစ်ယာန်ညီအစ်ကိုများ နှင့်အတူ သင်တို့ထံသို့သွားရောက်လည်ပတ်ရန် အထူးပင်ငါအားပေးတိုက်တွန်းပါ၏။ သို့ရာ တွင်ယခုအချိန်အခါမသင့်သေးဟုသူ ယုံကြည်၏။ နောင်အခွင့်ကောင်းကြုံသည့်အခါ လာရောက်ပါလိမ့်မည်။ Garrad Bible ညီ အစ် ကို အာ ပေါ လု နှင့် စပ်၍ လည်း ညီ အစ် ကို ချင်း တို့ နှင့် အ တူ သင် တို့ ထံ သွား စေ ရန် ငါ တိုက် တွန်း နှိုး ဆော် သော် လည်း ယ ခု အ လျှင်း မ လာ လို သေး။ အ ခွင့် သင့် လျော် သည့် ကာ လ မူ ကား လာ လိမ့် မည်။ Judson Bible ငါ့ညီအာပေါလု၏ အကြောင်းမှာ၊ ညီအစ်ကိုတို့နှင့်အတူ သင်တို့ ဆီသို့သွားမည်အကြောင်း ငါသည် များစွာ ချော့မော့၍ တောင်းပန်သော်လည်း၊ သူသည် ယခုတွင်သွားခြင်းငှာ အလျှင်းအလိုမရှိ၊ နောက်မှ အဆင်သင့်လျှင် သွားလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ငါ့ညီအာပေါလုနှင့်ပတ်သက်၍ သူသည် ညီအစ်ကိုများနှင့်အတူ သင်တို့ထံသို့လာရန် သူ့ကို လေးလေးနက်နက် ငါတိုက်တွန်းခဲ့သော်လည်း သူသည် ယခုလာရန် ဆန္ဒအလျဉ်းမရှိ။ သို့သော် အခွင့်သာသောအခါ သူလာလိမ့်မည်။ |
သို့သော်လည်း နောက်ဆုံးတွင် ဟေရုဒ်မင်း၏မွေးနေ့ပွဲ၌ ဟေရောဒိအတွက် အခွင့်အရေးကြုံလာ၏။ ဟေရုဒ်မင်းသည် မှူးကြီးမတ်ကြီးများ၊ စစ်တပ်အရာရှိများနှင့် ဂါလိလဲပြည်၏ ခေါင်းဆောင်များကို ကျွေးမွေးဧည့်ခံလေ၏။
ထိုစဉ် အလက်ဇန်းဒါးမြို့သား၊ အာပေါလုအမည်ရှိသော ဂျူးလူမျိုးတစ်ယောက်သည် ဧဖက်မြို့သို့ ရောက်လာ၏။ သူသည် အဟောအပြောကောင်းသူတစ်ယောက်ဖြစ်ပြီး ကျမ်းစာကို ကျွမ်းကျင်သောသူလည်း ဖြစ်၏။
အာပေါလုသည် ကောရိန္သုမြို့၌ ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းမြို့များကို ဖြတ်၍ ဧဖက်မြို့သို့ ရောက်လာ၏။ ထိုမြို့၌ တပည့်တော်တချို့ကို တွေ့လျှင်
သို့သော် ပေါလုသည် ဖြောင့်မတ်ခြင်းတရားအကြောင်း၊ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်းအကြောင်းနှင့် ရောက်လာမည့်တရားစီရင်ခြင်းအကြောင်းစသည်တို့ကို ပြောဆိုသောအခါ ဖေလဇ်မင်းသည် ကြောက်လန့်၍ “ယခု သင်ပြန်လော့။ နောက်မှ အချိန်အလျဉ်းသင့်သည့်အခါ သင့်ကို ငါခေါ်မည်” ဟု ဆို၏။
သင်တို့ထဲမှ တချို့က “ငါသည် ပေါလု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် အာပေါလု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် ပေတရု၏တပည့်ဖြစ်၏၊” တချို့က “ငါသည် ခရစ်တော်၏တပည့်ဖြစ်၏” ဟူ၍ အသီးသီးက ပြောဆိုနေကြသောကြောင့် ဤစကားကို ကျွန်ုပ်ပြောရခြင်းဖြစ်၏။
ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ပေတရုဖြစ်စေ၊ ဤလောကဖြစ်စေ၊ ရှင်ခြင်းဖြစ်စေ၊ သေခြင်းဖြစ်စေ၊ လက်ရှိအရာဖြစ်စေ၊ နောင်အရာဖြစ်စေ အရာအားလုံးကို သင်တို့ပိုင်ဆိုင်၏။
ထိုသို့ ပြောဆိုငြင်းခုံစရာအကြောင်း ဖြစ်ရလောက်အောင် အာပေါလုသည် မည်သူနည်း။ ပေါလုသည် မည်သူနည်း။ ကျွန်ုပ်တို့သည် သင်တို့ယုံကြည်လာကြစေရန် သတင်းကောင်းကို ဟောပြောသော ထာဝရဘုရား၏ အစေခံများသာဖြစ်ကြ၏။ ကျွန်ုပ်တို့ တစ်ဦးစီသည် ကိုယ်တော်ပေးတော်မူသော တာဝန်အသီးသီးကို ထမ်းဆောင်ကြ၏။
ကျမ်းတတ်ပညာရှင် ဇေနနှင့် အာပေါလုတို့ကို အတတ်နိုင်ဆုံးကူညီ၍ လမ်းခရီးတွင် သူတို့လိုအပ်သမျှ အရာအားလုံးကို ဖြည့်ဆည်းပေးလော့။
သို့သော် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဘုရားသခင်၏ ကျေးဇူးပြုခြင်းနှင့် ချစ်ခြင်းမေတ္တာ ပေါ်လွင်ထင်ရှားလာသောအခါ