ထို့နောက် တပည့်တော်တို့အား “သင်တို့၏စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင်၏။ သင်တို့ကို ငြင်းပယ်သောသူသည် ငါ့ကို ငြင်းပယ်၏။ ငါ့ကို ငြင်းပယ်သောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို ငြင်းပယ်ပြီ” ဟု မိန့်တော်မူ၏။
၁ ကော 16:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သူမျှ သူ့ကို မထီမဲ့မြင်မပြုစေနှင့်။ သူသည် ကျွန်ုပ်ထံသို့ စိတ်ချမ်းသာစွာ ပြန်လာနိုင်ရန် သင်တို့ကူညီပေးကြလော့။ ကျွန်ုပ်သည်လည်း သူ့ကို ယုံကြည်သူများနှင့်အတူ ရောက်လာမည်ကို စောင့်နေလျက်ရှိ၏။ Common Language Bible သူ့ကိုအဘယ်သူမျှမလေးမစားမပြုစေနှင့်။ ငါသည်ခရစ်ယာန်ညီအစ်ကိုများနှင့်အတူသူ့ ကိုစောင့်မျှော်လျက်ရှိသဖြင့် သူ့အားငါ့ထံသို့ ချောမောစွာပြန်လည်ရောက်ရှိစေရန်ကူညီ ကြလော့။ Judson Bible ထိုကြောင့် အဘယ်သူမျှ သူ့ကို မထီမဲ့မြင်မပြုစေနှင့်။ သူသည် ငါ့ထံသို့ငြိမ်ဝပ်စွာ ပြန်ရမည်အကြောင်း ပို့ဆောင်ခြင်း ကျေးဇူးကို ပြုကြလော့။ သူသည် အခြားသော ညီအစ်ကိုတို့နှင့်အတူ လာလိမ့်မည်ဟု ငါမျှော်လင့်လျက်နေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် မည်သူမျှ သူ့ကိုမထီမဲ့မြင်မပြုစေနှင့်။ ငါသည် ညီအစ်ကိုများနှင့်အတူ သူရောက်လာမည်ကို စောင့်နေသည်ဖြစ်၍ သူသည် ငါ့ထံသို့ပြန်လာနိုင်ရန် သူ့ကို ငြိမ်းချမ်းစွာပို့ဆောင်ကြလော့။ |
ထို့နောက် တပည့်တော်တို့အား “သင်တို့၏စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင်၏။ သင်တို့ကို ငြင်းပယ်သောသူသည် ငါ့ကို ငြင်းပယ်၏။ ငါ့ကို ငြင်းပယ်သောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကို ငြင်းပယ်ပြီ” ဟု မိန့်တော်မူ၏။
ထို့နောက် အသင်းသားများသည် ထိုသူတို့ကို မြို့ပြင်ထိ လိုက်ပို့ကြ၏။ ပေါလုနှင့် ဗာနဗတို့သည် ဖိုနီးရှားပြည်နှင့် ရှမာရိပြည်ကို ဖြတ်သွားစဉ် လူမျိုးခြားများ၏ပြောင်းလဲခြင်းအကြောင်းကို ပြန်ပြောပြကြသဖြင့် ယုံကြည်သူများသည်လည်း အလွန်ဝမ်းမြောက်ကြ၏။
ထိုသူတို့သည် အချိန်အတန်ကြာနေပြီးနောက် ယုံကြည်သူတို့က ဂျေရုဆလင်မြို့ရှိတမန်တော်များထံ ငြိမ်းချမ်းစွာပြန်ရန် လွှတ်လိုက်ကြ၏။
သင်တို့ထံ တိမောသေ ရောက်လာလျှင် သူ့ကို မစိုးထိတ်စေနှင့်။ သူသည် ကျွန်ုပ်ကဲ့သို့ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်နေသူဖြစ်၏။
ကျွန်ုပ်သည် သင်တို့နှင့်အတူ အတန်ကြာ နေကောင်းနေလိမ့်မည်။ ဆောင်းရာသီကာလပတ်လုံး နေရန်ပင် ဖြစ်နိုင်၏။ ထို့နောက်တွင်မူ ကျွန်ုပ် သွားရမည့် အရပ်သို့ သွားနိုင်ရန် သင်တို့ကူညီနိုင်ကြလိမ့်မည်ဟု မျှော်လင့်၏။
မာကေဒေါနိပြည်သို့ အသွား၌ ဦးစွာ တစ်ကြိမ်၊ အပြန်၌ တစ်ကြိမ် ဝင်ရောက်လည်ပတ်ပြီးနောက် သင်တို့၏အကူအညီဖြင့် ယုဒပြည်သို့ သွားရန် စီစဉ်ထား၏။
ထို့ကြောင့် ဤညွှန်ကြားချက်များကို ငြင်းပယ်သော သူတို့သည် လူကို ငြင်းပယ်သည်မဟုတ်ဘဲ သင်တို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။
သင်၏အသက်ငယ်ရွယ်သည်ကို မည်သူမျှ မထီမဲ့မြင်မပြုစေနှင့်။ ပြောဆိုခြင်း၊ ပြုမူခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စင်ကြယ်ခြင်းတို့တွင် ယုံကြည်သူတို့အတွက် စံနမူနာဖြစ်စေလော့။
သင်သည် အထက်ပါအကြောင်းအရာများကို သွန်သင်လော့။ အခွင့်အာဏာ အပြည့်အဝဖြင့် တိုက်တွန်း၍ ဆုံးမလော့။ မည်သူမျှ သင့်ကို မထီမဲ့မြင် မပြုပါစေနှင့်။
ထိုသူတို့သည် သင်၏ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့၌ သက်သေခံကြ၏။ သင်သည် ထိုသူတို့ကို ဘုရားသခင်၏ အလိုတော်နှင့်အညီ ခရီးဆက်နိုင်ကြစေရန် ကူညီလျှင် ကောင်းမှုပြုခြင်း ဖြစ်လိမ့်မည်။