ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ ရောက်လာ၏။ လုတ္တရမြို့တွင် တိမောသေဟု ခေါ်သော တပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူ ဂျူးအမျိုးသမီးဖြစ်ပြီး ဖခင်မှာ ဂရိအမျိုးသားဖြစ်၏။
၁ ကော 16:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ထံ တိမောသေ ရောက်လာလျှင် သူ့ကို မစိုးထိတ်စေနှင့်။ သူသည် ကျွန်ုပ်ကဲ့သို့ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်နေသူဖြစ်၏။ Common Language Bible အကယ်၍သင်တို့ထံသို့တိမောသေရောက်ရှိလာ ပါလျှင် သူ့အားလှိုက်လှဲစွာကြိုဆိုဧည့်ခံကြလော့။ သူသည်ငါကဲ့သို့ပင်သခင်ဘုရား၏အမှုတော် ဆောင်ဖြစ်ပေသည်။- Garrad Bible တိ မော သေ သည် ငါ ကဲ့ သို့ အ ရှင် ဘု ရား အ မှု တော် ကို ဆောင် ရွက် သူ ဖြစ် သော ကြောင့် သင် တို့ ထံ ရောက် လျှင် မည် သူ မျှ မ ထီ လေး စား မ ပြု ဘဲ ကြောက် ရွံ့ ခြင်း ကင်း လျက် နေ စေ ရန် သ တိ မူ ကြ လော့။ အ ခြား ညီ အစ် ကို တို့ နှင့် တ ကွ ငါ တောင့် တ လျက် နေ သည် ဖြစ်၍ စိတ် ချမ်း သာ စွာ ရောက် လာ စေ ရန် ပို့ လိုက် ကြ လော့။ Judson Bible တိမောသေသည် သင်တို့ဆီသို့ ရောက်လျှင်၊ သူသည် စိုးရိမ်ခြင်း အကြောင်းမရှိဘဲ၊ သင်တို့နှင့်အတူ နေစေခြင်းငှာ သတိပြုကြလော့။ သူသည် ငါကဲ့သို့ပင် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သောသူ ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း တိမောသေရောက်လာလျှင် သူသည် စိုးရိမ်ခြင်းမရှိဘဲ သင်တို့နှင့်အတူနေထိုင်နိုင်ရန် ဂရုစိုက်ကြလော့။ အကြောင်းမူကား သူသည် ငါကဲ့သို့ပင် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်နေ၏။ |
ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ ရောက်လာ၏။ လုတ္တရမြို့တွင် တိမောသေဟု ခေါ်သော တပည့်တော်တစ်ဦးရှိ၏။ သူ၏မိခင်သည် ယုံကြည်သူ ဂျူးအမျိုးသမီးဖြစ်ပြီး ဖခင်မှာ ဂရိအမျိုးသားဖြစ်၏။
သူသည် မိမိအား ကူညီဆောင်ရွက်ပေးသူ တိမောသေနှင့် ဧရတ္တုကို မာကေဒေါနိပြည်သို့ စေလွှတ်၍ အာရှပြည်၌ ကာလအနည်းငယ်ဆက်နေလေ၏။
ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက် တိမောသေမှစ၍ ကျွန်ုပ်၏အမျိုးသားချင်းဖြစ်ကြသော လုကိ၊ ယာသုန်၊ သောသိပရုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
မည်သူမျှ သူ့ကို မထီမဲ့မြင်မပြုစေနှင့်။ သူသည် ကျွန်ုပ်ထံသို့ စိတ်ချမ်းသာစွာ ပြန်လာနိုင်ရန် သင်တို့ကူညီပေးကြလော့။ ကျွန်ုပ်သည်လည်း သူ့ကို ယုံကြည်သူများနှင့်အတူ ရောက်လာမည်ကို စောင့်နေလျက်ရှိ၏။
ထိုအကြောင်းကြောင့် သခင်ဘုရားအပေါ် သစ္စာရှိသော ကျွန်ုပ်၏ချစ်သား တိမောသေကို သင်တို့ထံ စေလွှတ်ရခြင်းဖြစ်၏။ သူသည် ကျွန်ုပ် ရောက်ခဲ့သောအသင်းတော်တိုင်းတွင် သွန်သင်ခဲ့သည့်အတိုင်း ကျွန်ုပ်မည်သို့ ယေရှုခရစ်တော်နောက် လိုက်နေကြောင်းကို သင်တို့အား သတိရစေလိမ့်မည်။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ကောရိန္သုမြို့ရှိ ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံး၌ နေထိုင်သော ယုံကြည်သူအားလုံးထံသို့ ပို့လိုက်သောစာ ဖြစ်၏။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။
တိမောသေကို သင်တို့ထံသို့ စေလွှတ်လိုက်၏။ သူသည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောလျက် ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်တို့နှင့် အတူဆောင်ရွက်သည့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုဖြစ်၏။ သူ့ကိုစေလွှတ်ရခြင်းအကြောင်းအရင်းသည် သင်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေ၍ သင်တို့ကို တိုက်တွန်းနှိုးဆော်ရန် ဖြစ်၏။
ထိုသို့ သင်တို့၏ နေ့စဉ်ပြုမူနေထိုင်ခြင်းကို မယုံကြည်သူများက မြင်သောအခါ သင်တို့ကို လေးစားလာကြမည်။ သင်တို့သည်လည်း မည်သူ့ကိုမျှ မှီခိုရန် လိုအပ်တော့မည်မဟုတ်။