သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူမှာ သင်တို့မဟုတ်ဘဲ သင်တို့အဖ၏ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောဆိုနေမည်ဖြစ်၏။
၁ ကော 15:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျွန်ုပ်သည် တမန်တော်ဖြစ်လာခဲ့၏။ ကျွန်ုပ်အပေါ် ထားရှိသော ကိုယ်တော်၏ ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်ဘဲ ကျွန်ုပ်သည် အခြားတမန်တော်များထက် သာ၍ လုပ်ဆောင်ရ၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ကျွန်ုပ်ကြောင့်မဟုတ်ဘဲ ကျွန်ုပ်နှင့်အတူ လုပ်ဆောင်သောဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာဖြစ်၏။ Common Language Bible သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည်ယခုအခြေအနေသို့ရောက်ရှိ၏။ ငါ့ အားကိုယ်တော်ပေးသနားတော်မူသောကျေးဇူး တော်သည်လည်းအကျိုးမဲ့မဖြစ်။ ငါသည်အခြား တမန်တော်တို့ထက်ပို၍ကြိုးစားလုပ်ဆောင်၏။ ဤသို့လုပ်ဆောင်နိုင်ခြင်းမှာငါ၏စွမ်းရည်ကြောင့် မဟုတ်။ ငါနှင့်အတူလုပ်ဆောင်သောဘုရားသခင် ၏ကျေးဇူးတော်ကြောင့်ဖြစ်၏။- Garrad Bible သို့ ရာ တွင် ဘု ရား သ ခင့် ကျေး ဇူး တော် ကြောင့် ယ ခု အ တိုင်း ငါ ဖြစ် လျက် ခံ ရ သော ကျေး ဇူး တော် အ ချည်း နှီး မ ဖြစ် ရ ဘဲ တ မန် တော် ရှိ သ မျှ ထက် ဆောင် ရွက် လေ၏။ ထို သို့ ဆို သော် ငါ ဆောင် ရွက် သည် မ ဟုတ်၊ ငါ နှင့် အ တူ ရှိ သော ဘု ရား သ ခင့် ကျေး ဇူး တော် တည်း။ Judson Bible သို့သော်လည်း ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသော ကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြားသော တမန်တော်အပေါင်းတို့ထက်၊ ငါသည် သာ၍ ကြိုးစားခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း၊ ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြိုးစားတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။ |
သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူမှာ သင်တို့မဟုတ်ဘဲ သင်တို့အဖ၏ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောဆိုနေမည်ဖြစ်၏။
ငွေငါးပိဿာကို ရသောသူသည် ချက်ချင်းသွား၍ အရောင်းအဝယ်ပြုသဖြင့် နောက်ထပ် ငါးပိဿာကို အမြတ်ရ၏။
သို့ဖြစ်လျှင် ကျွန်ုပ်မေးလိုသည်မှာ ဘုရားသခင်သည် မိမိလူမျိုးတော်ကို စွန့်ပယ်တော်မူပြီလော။ စွန့်ပယ်တော်မမူ။ ကျွန်ုပ်ကိုယ်တိုင်ပင် အစ္စရေးလူမျိုး၊ အာဗြဟံမျိုးဆက်၊ ဗင်္ယာမိန်အနွယ်ဖြစ်၏။
ကျွန်ုပ်အား ဘုရားသခင်ပေးအပ်တော်မူသော တမန်တော်ဖြစ်ခြင်း အခွင့်ထူးဖြင့် သင်တို့တစ်ဦးချင်းကို ကျွန်ုပ်ပြောလိုသည်မှာ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် ထင်သင့်သည်ထက် ပို၍ အထင်မကြီးကြနှင့်။ မိမိတို့အတွက် ဘုရားသခင်ခွဲဝေပေးသနားတော်မူသော ယုံကြည်ခြင်းပမာဏအတိုင်း ကိုယ့်ကိုယ်ကိုယ် မှန်ကန်ရိုးသားစွာ သုံးသပ်ကြလော့။
ထို့ကြောင့် ကျွန်ုပ်ဟောပြောသည်ဖြစ်စေ၊ သူတို့ဟောပြောသည်ဖြစ်စေ ကျွန်ုပ်တို့ဟောပြောသောအကြောင်းအရာနှင့် သင်တို့ယုံကြည်ခဲ့ကြသော အကြောင်းအရာမှာ တစ်ခုတည်းဖြစ်၏။
ကျွန်ုပ်ဟောပြောခဲ့သော ထိုသတင်းကောင်းတရားကို သင်တို့ဆက်လက်၍ စွဲမြဲစွာ ယုံကြည်လျှင် ထိုသတင်းကောင်းအားဖြင့် သင်တို့သည် ကယ်တင်ခံကြရ၏။ ထိုသို့ မယုံကြည်လျှင် သင်တို့ ယုံကြည်ခဲ့သည်မှာ အချည်းနှီးဖြစ်၏။
ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်အားဖြင့် ကျွန်ုပ်သည် ဗိသုကာပညာရှင်ကဲ့သို့ အုတ်မြစ်ကို ချထား၏။ ယခုတွင် အခြားသူသည် ထိုအုတ်မြစ်ပေါ်၌ တည်ဆောက်နေပြီဖြစ်၏။ သို့ရာတွင် ထိုအုတ်မြစ်ပေါ်၌ တည်ဆောက်သောသူတိုင်း အလွန် ဂရုစိုက်ရမည်ဖြစ်၏။
ကျွန်ုပ်သည် မျိုးစေ့စိုက်၏။ အာပေါလုသည် ရေလောင်း၏။ သို့သော် ထိုအပင်ကို ကြီးထွားစေတော်မူသော အရှင်မှာ ဘုရားသခင်ပင် ဖြစ်ပေ၏။
မည်သူသည် သင့်ကို အခြားသူထက် ထူးခြားစေသနည်း။ ဘုရားသခင် ပေးတော်မမူလျှင် သင်၌ မည်သည့်အရာရှိမည်နည်း။ သင်၌ ရှိသောအရာမှန်သမျှသည် ဘုရားသခင်ထံတော်မှ ဖြစ်ပါလျက်နှင့် ဘုရားသခင်ထံတော်မှ ရရှိသည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။
သင်တို့သည် ကျွန်ုပ်ကို မိုက်မဲသောသူဖြစ်စေရန် တွန်းပို့သဖြင့် ကျွန်ုပ်သည် မိုက်မဲသောသူဖြစ်လာရပြီ။ အမှန်တွင်မူ သင်တို့သည် ကျွန်ုပ်ကို ချီးမွမ်းသင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သာမညလူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှ မညံ့သောကြောင့် ဖြစ်၏။
ထိုသို့ဆိုသော် ကျွန်ုပ်တို့သည် အရာရာကို မိမိဘာသာ လုပ်ဆောင်နိုင်သည့် စွမ်းရည်ရှိကြောင်း ထင်မှတ်ကြသည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ စွမ်းရည်သည် ဘုရားသခင်ထံမှ ဖြစ်၏။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုးတို့၏ တမန်တော်အဖြစ် ခန့်အပ်ခံရသည့် ပေတရုအားဖြင့် လုပ်ဆောင်တော်မူသော ဘုရားသခင်သည် လူမျိုးခြားတို့၏ တမန်တော်အဖြစ် ခန့်အပ်ခံရသော ကျွန်ုပ်အားဖြင့်လည်း လုပ်ဆောင်တော်မူသောကြောင့် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်နှစ်သက်စေမည့်အရာကို ဆောင်ရွက်လိုသောစိတ်ဆန္ဒရှိရန်နှင့် ဆောင်ရွက်နိုင်စွမ်းရှိရန် သင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသောအရှင်သည် ဘုရားသခင်ဖြစ်တော်မူသောကြောင့်ဖြစ်၏။
ကျွန်ုပ်ကို ခွန်အားပေးတော်မူသော ခရစ်တော်အားဖြင့် ထိုအခြေအနေအားလုံးကို ကျွန်ုပ်ရင်ဆိုင်နိုင်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ တိုက်တွန်းလို၏။ သင်တို့အထဲတွင် အမှုတော်ကို ကြိုးစားဆောင်ရွက်၍ ဝိညာဉ်ရေးရာ၌ ဦးဆောင်ပြီး သင်တို့ကို သတိပေးဆုံးမသွန်သင်နေသောသူများကို ရိုသေလေးစားကြလော့။
သို့ဖြစ်၍ လူအပေါင်းတို့၏ ကယ်တင်ရှင်၊ အထူးသဖြင့် ယုံကြည်သူတို့၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားမျှော်လင့်သည်ဖြစ်၍ ကျွန်ုပ်တို့သည် အားထုတ်လုပ်ဆောင်၍ ကြိုးစားကြ၏။