ယေရှုက “ထိုသို့ဖြစ်လျှင် ဒါဝိဒ်မင်းသည် ဝိညာဉ်တော်၏လှုံ့ဆော်မှုဖြင့် ခရစ်တော်ကို အဘယ်ကြောင့် သခင်ဟု ခေါ်သနည်း။ ဒါဝိဒ်မင်းက
၁ ကော 12:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်တို့အား ကျွန်ုပ်သိစေလိုသည်မှာ မည်သူကမျှ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ယေရှုကို ကျိန်မည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မဟုတ်လျှင် မည်သူကမျှ ယေရှုသည် သခင်ဖြစ်ကြောင်း ပြောနိုင်မည်မဟုတ်။ Common Language Bible အဘယ်သူမဆိုဘုရားသခင်၏ဝိညာဉ် တော်ဦးဆောင်မှုကိုခံယူရရှိလျှင် သခင် ယေရှုအားကျိန်စာမသင့်စေနိုင်။ သန့်ရှင်း သောဝိညာဉ်တော်၏ရှေ့ဆောင်လမ်းပြမှုကို မခံယူမရရှိလျှင် ``ယေရှုသည်အရှင် သခင်ဖြစ်ပါသည်'' ဟုမည်သူမျှဝန်မခံ နိုင်ကြောင်းကိုသင်တို့အားသိစေလို၏။ Garrad Bible သို့ ဖြစ်၍ ငါ သိ မြင် နား လည် စေ လို သည် မှာ ဘု ရား သ ခင်၏ ဝိ ညာဉ် တော် အား ဖြင့် ပြော ဆို သူ က ယေ ရှု သည် အ မင်္ဂ လာ ရှိ ကြောင်း မ ဆို တတ်။ သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် မ ပြော ဆို သူ က ယေ ရှု သည် အ ရှင် ဖြစ် ကြောင်း ဝန် မ ခံ နိုင်။ Judson Bible ထိုကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဟောပြော၍ အဘယ်သူမျှ ယေရှုကို မကျိန်ဆဲနိုင်သည်ကိုလည်းကောင်း၊ ယေရှုသည် သခင်ဘုရား ဖြစ်တော်မူ၏ဟု သန့်ရှင်းသောဝိညာဉ်တော်ကို အမှီမပြုလျှင်၊ အဘယ်သူမျှ မပြောနိုင်သည်ကိုလည်းကောင်း၊ သင်တို့သည် သိနားလည်စေခြင်းငှာ ငါသတိပေး၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်တို့အား ငါသိစေလိုသည်မှာ မည်သူကမျှ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် “ယေရှုသည် ကျိန်ခြင်းကိုခံပါစေ”ဟု ပြောဆိုမည်မဟုတ်။ ထို့အတူ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်မဟုတ်လျှင် မည်သူကမျှ “ယေရှုသည် သခင်ဖြစ်တော်မူ၏”ဟူ၍ မပြောဆိုနိုင်ပေ။ |
ယေရှုက “ထိုသို့ဖြစ်လျှင် ဒါဝိဒ်မင်းသည် ဝိညာဉ်တော်၏လှုံ့ဆော်မှုဖြင့် ခရစ်တော်ကို အဘယ်ကြောင့် သခင်ဟု ခေါ်သနည်း။ ဒါဝိဒ်မင်းက
ယေရှုက “ထိုသူကို မတားကြနှင့်။ ငါ့နာမကို အမှီပြုလျက် အံ့ဖွယ်တန်ခိုးကို ပြပြီးနောက် မကြာမီအတွင်း ငါ့ကို ပုတ်ခတ်ပြောဆိုမည့်သူ တစ်ယောက်မျှမရှိ။
သင်တို့သည် ငါ့ကို ဆရာတော်ဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ်ဆိုကြ၏။ ငါသည် သင်တို့ခေါ်ဆိုသည့်အတိုင်းဖြစ်သောကြောင့် ထိုသို့ ခေါ်ဆိုသည်မှာ မှန်ကန်၏။
ငါသည် သင်တို့၏သခင်လည်း ဖြစ်၏။ ဆရာလည်း ဖြစ်၏။ သို့ဖြစ်လျက်ပင် ငါသည် သင်တို့၏ ခြေကို ဆေးလျှင် သင်တို့သည်လည်း အချင်းချင်းတို့၏ခြေကို ဆေးကြရမည်။
သို့သော် ငါသည် သမ္မာတရားကို ဖော်ပြသည့် ကူညီမစတော်မူသောအရှင် သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့ထံ စေလွှတ်မည်။ ထိုဝိညာဉ်တော်သည် ခမည်းတော်ထံမှ ကြွလာ၍ ငါ၏အကြောင်းမှန်သမျှကို သက်သေခံလိမ့်မည်။
ဖိလိပ္ပုက “သင့်စိတ်နှလုံးထဲမှ အကြွင်းမဲ့ ယုံကြည်ပါက ခံယူနိုင်ပါသည်” ဟု ဖြေလေ၏။ အမတ်က “ယေရှုခရစ်သည် ဘုရားသားတော်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်ပါသည်” ဟု ဆိုလေ၏။
သင်သည် ယေရှုကို အရှင်သခင်ဖြစ်ကြောင်း နှုတ်ဖြင့် ဝန်ခံ၍ ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းမှ ထမြောက်စေတော်မူကြောင်းကို စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းခံရလိမ့်မည်။
လူ့အသွေးသားအရ ကျွန်ုပ်၏ အမျိုးသားချင်းဖြစ်သော ဂျူးညီအစ်ကိုမောင်နှမများ၏ အကျိုးအတွက် ကျွန်ုပ်ကိုယ်တိုင် ခရစ်တော်နှင့် ကင်းကွာလျက် ကျိန်ဆိုခြင်းကိုပင် ခံရန် အလိုရှိ၏။
မည်သူမဆို သခင်ဘုရားကို မချစ်လျှင် ထိုသူသည် ကျိန်ဆိုခြင်းကို ခံပါစေ။ သခင်ဘုရား ကြွလာတော်မူပါ။
ကျွန်ုပ်တို့အတွက်မှာမူ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အဖဘုရားသခင် တစ်ဆူတည်းသာရှိ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်အတွက် အသက်ရှင်ကြ၏။ ထို့ပြင် ကျွန်ုပ်တို့အတွက် ယေရှုခရစ်တော်ဟူသော သခင်တစ်ပါးတည်းသာ ရှိ၍ အရာခပ်သိမ်းသည် ထိုအရှင်အားဖြင့် ဖြစ်လာပြီး ကျွန်ုပ်တို့သည်လည်း ထိုအရှင်အားဖြင့်သာ အသက်ရှင်ကြ၏။
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် သင်တို့ထံ လာ၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြားယေရှုအကြောင်းကို ဟောပြောသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံရရှိထားသော ဝိညာဉ်တော်မဟုတ်သည့် အခြားဝိညာဉ်ကို သင်တို့လက်ခံရရှိသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံခဲ့သောသတင်းကောင်းမဟုတ်သည့် အခြားသတင်းကို သင်တို့ဟောပြောခံရသောအခါ၌ဖြစ်စေ သင်တို့သည် ဝမ်းမြောက်စွာပင် သည်းခံကြသောကြောင့်ဖြစ်၏။
ထိုသို့ဆိုသော် ကျွန်ုပ်တို့သည် အရာရာကို မိမိဘာသာ လုပ်ဆောင်နိုင်သည့် စွမ်းရည်ရှိကြောင်း ထင်မှတ်ကြသည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ စွမ်းရည်သည် ဘုရားသခင်ထံမှ ဖြစ်၏။
“သစ်တိုင်ပေါ်တွင် ဆွဲထားခြင်းခံရသောသူတိုင်း ကျိန်စာသင့်သူဖြစ်၏” ဟု ကျမ်းစာ၌ ရေးသားထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား ကျိန်စာသင့်သူအဖြစ် ခံယူတော်မူပြီး ကျွန်ုပ်တို့ကို ပညတ်တရား၏ ကျိန်စာသင့်ခြင်းထဲမှ လွတ်မြောက်စေတော်မူ၏။
ကျွန်ုပ်သည် သခင်ဘုရားနေ့တွင် ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကျွန်ုပ်သည် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ကျွန်ုပ်နောက်၌ ကြားရ၏။