သို့သော် ဧဖက်မြို့သာမက အာရှပြည်တစ်ပြည်လုံးတွင်ရှိသောသူတို့အား ဤပေါလုဆိုသူက လူ့လက်ဖြင့် ထုလုပ်သောဘုရားများသည် ဘုရားလုံးဝမဟုတ်ကြောင်း ဖြားယောင်းသွေးဆောင်၍ လမ်းလွဲစေလျက်ရှိသည်ကို သင်တို့လည်း မြင်ကြကြားကြရပြီ။
၁ ကော 10:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်လျှင် မည်သည့်အရာကို ကျွန်ုပ် ဆိုလိုသနည်း။ ရုပ်တုအား ပူဇော်ထားသောအစားအစာသည် အရေးပါသည်ဟု ဆိုလိုသလော။ ထိုရုပ်တုများသည် အရေးပါသည်ဟု ဆိုလိုသလော။ Common Language Bible သို့ဖြစ်၍ရုပ်တုသို့မဟုတ်ရုပ်တုအားပူဇော် သောအစားအစာအရေးကြီးသည်ဟုငါ ဆိုလိုသလော။- Garrad Bible သို့ ဖြစ် လျှင် ငါ သည် မည် သို့ ဆို ရာ ရောက် သ နည်း။ ရုပ် ပွား အား ပူ ဇော် ပြီး သော အ သား ဖြစ် စေ၊ ဆင်း တု ဖြစ် စေ ပ ဓာ န ဟုတ် သ လော။ Judson Bible ထိုသို့ဆိုသော် အဘယ်သို့ ငါဆိုလိုသနည်း။ ရုပ်တုကား မှတ်စရာရှိသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိသည်ဟု ဆိုလိုသလော။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်လျှင် ရုပ်တုအားပူဇော်ထားသောအရာသည် အရေးပါသောအရာဖြစ်သည်၊ သို့မဟုတ် ရုပ်တုသည် အရေးပါသောအရာဖြစ်သည်ဟု ငါဆိုလိုသလော။ |
သို့သော် ဧဖက်မြို့သာမက အာရှပြည်တစ်ပြည်လုံးတွင်ရှိသောသူတို့အား ဤပေါလုဆိုသူက လူ့လက်ဖြင့် ထုလုပ်သောဘုရားများသည် ဘုရားလုံးဝမဟုတ်ကြောင်း ဖြားယောင်းသွေးဆောင်၍ လမ်းလွဲစေလျက်ရှိသည်ကို သင်တို့လည်း မြင်ကြကြားကြရပြီ။
ထို့ပြင် အရေးပါသည်ဟု သတ်မှတ်ကြသောအရာများကို အရေးမပါဟု သတ်မှတ်ရန် လောက၌ နိမ့်ကျသောအရာများနှင့် မထီမဲ့မြင်ပြုခြင်းခံရသောအရာများကို ဘုရားသခင်ရွေးချယ်တော်မူ၏။
ကျွန်ုပ်သည် ပရောဖက်ပြုဟောပြောနိုင်စွမ်းရှိသည်ဖြစ်စေ၊ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာရှိသမျှကို နားလည်သည်ဖြစ်စေ၊ တောင်များကို ရွှေ့နိုင်သောယုံကြည်ခြင်းရှိသည်ဖြစ်စေ မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
မျိုးစေ့စိုက်သူနှင့် ရေလောင်းသူတို့သည် အဓိကမဟုတ်ပေ။ အပင်ကို ကြီးထွားစေတော်မူသော ဘုရားသခင်သာလျှင် အဓိကဖြစ်၏။
ထို့ကြောင့် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားသောက်ခြင်းနှင့်ပတ်သက်၍ ဆိုရလျှင် ရုပ်တုသည် ဤလောကတွင် သက်ရှိမဟုတ်ကြောင်းနှင့် ဘုရားသခင်တစ်ဆူတည်းမှလွဲ၍ အခြားဘုရားမရှိကြောင်းကို ကျွန်ုပ်တို့သိကြ၏။
သင်တို့သည် ကျွန်ုပ်ကို မိုက်မဲသောသူဖြစ်စေရန် တွန်းပို့သဖြင့် ကျွန်ုပ်သည် မိုက်မဲသောသူဖြစ်လာရပြီ။ အမှန်တွင်မူ သင်တို့သည် ကျွန်ုပ်ကို ချီးမွမ်းသင့်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သာမညလူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှ မညံ့သောကြောင့် ဖြစ်၏။