နောက်တစ်နေ့ မိုးလင်းသောအခါ မိမိတပည့်တော်များကိုခေါ်၍ ထိုသူတို့ထဲမှ ဆယ့်နှစ်ဦးကို တမန်တော်အဖြစ် ရွေးချယ်တော်မူ၏။ ထိုသူတို့၏အမည်များမှာ
၁ ကော 1:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးချယ်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ သုဿင်တို့က Common Language Bible ဘုရားသခင်၏အလိုတော်အရ၊ ခရစ်တော် ယေရှု၏တမန်တော်အဖြစ်ခန့်ထားခြင်းခံရ သောပေါလုနှင့်ငါတို့၏ညီသုဿင်ထံမှ၊- Garrad Bible ဘု ရား သ ခင့် အ လို တော် အ တိုင်း ခ ရစ် တော် ယေ ရှု၏ တ မန် တော် အ ဖြစ် ခေါ် ထား သူ ပေါ လု နှင့် ညီ အစ် ကို သော သေ နေ တို့ က၊ Judson Bible ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်အရာ၌ ခန့်ထားသော ငါပေါလုနှင့် ငါ့ညီသုဿင်သည်၊- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်အဖြစ် ခေါ်ယူတော်မူခြင်းခံရသော ငါပေါလုနှင့်ငါ့ညီသုဿင်တို့သည် |
နောက်တစ်နေ့ မိုးလင်းသောအခါ မိမိတပည့်တော်များကိုခေါ်၍ ထိုသူတို့ထဲမှ ဆယ့်နှစ်ဦးကို တမန်တော်အဖြစ် ရွေးချယ်တော်မူ၏။ ထိုသူတို့၏အမည်များမှာ
သင်တို့သည် ငါ့ကို ရွေးချယ်ခဲ့သည်မဟုတ်။ ငါသည် သင်တို့ကို ရွေးချယ်၏။ တည်မြဲမည့်အသီးကို သင်တို့သီးစေရန် ငါခန့်ထား၏။ သို့ဖြစ်၍ ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ သင်တို့တောင်းသမျှကို ခမည်းတော်မှ ပေးတော်မူရန် ဖြစ်၏။
တစ်ဖန်ယေရှုက “ငြိမ်းချမ်းပါစေ။ ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို စေလွှတ်၏” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
ထိုအခါ သူတို့အားလုံးက ဝတ်ပြုဆောင်မှူးသုဿင်ကို ဖမ်း၍ တရားခွင်ရှေ့၌ ရိုက်နှက်ကြ၏။ သို့ရာတွင် ဂါလျန်မင်းသည် ထိုအမှုများကို ဂရုမစိုက်ဘဲနေ၏။
ထိုအခါ သခင်ဘုရားက ‘သွားလော့။ ငါသည် သင့်ကို ရပ်ဝေးရှိလူမျိုးခြားတို့ထံသို့ စေလွှတ်မည်’ ဟူ၍ မိန့်တော်မူသည်” ဟု ပြောလေ၏။
တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရ၍ ဘုရားသခင်၏ သတင်းကောင်းကို ဟောပြောရန်အတွက် သီးသန့်ခန့်ထားတော်မူခြင်းခံရပြီး ယေရှုခရစ်တော်၏ အစေအပါးဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ကျွန်ုပ် အစဉ်အမြဲ တောင်းသည့်ဆုတစ်ဆုမှာ ဘုရားသခင်အလိုတော်ရှိလျှင် သင်တို့ဆီသို့ လာနိုင်ခွင့်ရရန်ဖြစ်၏။
ကျွန်ုပ်တို့သည် ထိုသားတော်အားဖြင့် တမန်တော်ဖြစ်ခြင်း အခွင့်ထူးကို ရရှိကြ၏။ ဤသည်မှာ ထိုသခင်၏ နာမတော်အတွက် ယုံကြည်ခြင်းကြောင့် ဖြစ်လာသော နာခံခြင်းအကြောင်းကို လူမျိုးခြားအပေါင်းတို့ထဲတွင် ဟောပြောရန် ဖြစ်၏။
ကျွန်ုပ်သည် တမန်တော်ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်၏။ ဘုရားသခင်၏ အသင်းတော်ကို ညှဉ်းပန်းနှိပ်စက်ခဲ့သူဖြစ်သောကြောင့် တမန်တော်ဟု ပင် ခေါ်ဝေါ်ခြင်းကို မခံထိုက်ပါ။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုတော်လုပ်ငန်းတွင် လုပ်ဖော်ကိုင်ဖက်များဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ်ဖြစ်ကြ၏။ ဘုရားသခင်၏ အဆောက်အအုံလည်း ဖြစ်ကြ၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ကောရိန္သုမြို့ရှိ ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံး၌ နေထိုင်သော ယုံကြည်သူအားလုံးထံသို့ ပို့လိုက်သောစာ ဖြစ်၏။
ကျွန်ုပ်တမန်တော်ဖြစ်ကြောင်းကို သင်တို့နှင့်အတူရှိစဉ် လက္ခဏာများနှင့်တကွ သက်သေပြခဲ့၏။ ကျွန်ုပ်သည် နိမိတ်လက္ခဏာများ၊ အံ့ဖွယ်ဖြစ်ရပ်များနှင့် အံ့ဖွယ်တန်ခိုးများဖြင့် သင်တို့အား စိတ်ရှည်စွာ ပြခဲ့၏။
ထိုသို့ သူတို့သည် ကျွန်ုပ်တို့ မျှော်လင့်သည်ထက် ပိုပြုကြ၏။ သူတို့သည် ဦးစွာ ဘုရားသခင်ထံ မိမိကိုယ်ကိုယ် ဆက်ကပ်လှူဒါန်းပြီးနောက် ဘုရားသခင်၏ အလိုတော်အားဖြင့် ကျွန်ုပ်တို့ထံ၌လည်း ဆက်ကပ်လှူဒါန်းကြ၏။
လူတို့၏ အခွင့်အာဏာဖြင့် မဟုတ်၊ ကြားခံလူအားဖြင့်လည်း မဟုတ်၊ ယေရှုခရစ်တော်နှင့် ထိုသခင်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသည့် ခမည်းတော်ဘုရားသခင်အားဖြင့် တမန်တော်အဖြစ် ခန့်အပ်ခံရသူဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော် ဖြစ်သော ကျွန်ုပ်ပေါလုသည် ယေရှုခရစ်တော်နောက်သို့ သစ္စာရှိစွာ လိုက်သော ဧဖက်မြို့သား ယုံကြည်သူများထံသို့ စာရေးလိုက်ပါ၏။
ခရစ်တော်သည် တချို့ကို တမန်တော်အဖြစ်လည်းကောင်း၊ တချို့ကို ပရောဖက်အဖြစ်လည်းကောင်း တချို့ကို သတင်းကောင်းဟောပြောသူအဖြစ်လည်းကောင်း၊ တချို့ကို သင်းအုပ်ဆရာနှင့် ဆရာအဖြစ်လည်းကောင်း ခန့်ထားတော်မူ၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က
ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ မျှော်လင့်ရာအရှင် ယေရှုခရစ်တော်တို့၏ အမိန့်တော်အတိုင်း ထိုယေရှုခရစ်တော်၏ တမန်တော်ဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ထို့ကြောင့် လူမျိုးခြားတို့ကို ယုံကြည်ခြင်းနှင့် သမ္မာတရားအကြောင်း သင်ကြားရန် ကျွန်ုပ်သည် တရားဟောဆရာအဖြစ်လည်းကောင်း၊ တမန်တော်အဖြစ်လည်းကောင်း ခန့်အပ်ခံရ၏။ ထိုသို့ ဆိုသော် ကျွန်ုပ်သည် မလိမ်ညာဘဲ အမှန်အတိုင်းသာ ပြောဆိုခြင်းဖြစ်၏။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးချယ်တော်မူခြင်းခံရသူ၊ ယေရှုခရစ်တော်ကို ယုံကြည်လျှင် ရရှိမည်ဟု ဘုရားသခင် ကတိပေးတော်မူသည့်ထာဝရအသက်အကြောင်းကို ဟောပြောရန် စေလွှတ်ခံရသူ ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။