ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
ဧဖက် 6:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မျက်နှာသာရရန်အတွက် သူတို့ရှေ့၌သာ နာခံသည် မဟုတ်ဘဲ ခရစ်တော်၏ ကျွန်များကဲ့သို့ ဘုရားသခင်၏ အလိုတော်အတိုင်း စိတ်ရောကိုယ်ပါ နာခံကြလော့။ Common Language Bible သခင်များနှစ်သက်စေရန်သူတို့၏ရှေ့မှောက် ၌သာနားထောင်ကြသည်မဟုတ်ဘဲ ခရစ်တော် ၏ကျွန်များအနေဖြင့် ဘုရားသခင်၏အလို တော်ရှိသည့်အတိုင်းစိတ်ရောကိုယ်ပါအစေခံ ကြလော့။- Judson Bible လူတို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့ မျက်မှောက်၌သာ နားထောင်သည်မဟုတ်၊ ခရစ်တော်၏ ကျွန်ကဲ့သို့ စေတနာစိတ်နှင့် ဘုရားသခင်၏ အလိုတော်ကို စောင့်၍၊- မြန်မာ့စံမီသမ္မာကျမ်း မျက်နှာလိုမျက်နှာရလုပ်သူများကဲ့သို့ မျက်မှောက်၌သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ ခရစ်တော်၏ကျွန်များကဲ့သို့ စိတ်နှလုံးပါလျက် ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ကာ |
ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
ငါ့ကို ‘သခင်… သခင်…’ ဟု ခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ကြရမည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကို လိုက်နာသောသူသာ ဝင်ရလိမ့်မည်။
ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
သင်တို့သည် တစ်ချိန်က အပြစ်တရား၏ကျွန် ဖြစ်ခဲ့ဖူးသော်လည်း ယခုတွင် သင်တို့သင်ယူခဲ့သော တရားတော်ကို စိတ်နှလုံးအပြည့်အဝ နာခံလာကြ၏။ ထို့ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။
ကျွန်ဖြစ်စဉ်က ဘုရားသခင် ရွေးကောက်တော်မူလျှင် ယခုသင်သည် သခင်ဘုရား၏ လွတ်လပ်သူဖြစ်၏။ လွတ်လပ်စဉ်က ဘုရားသခင် ရွေးကောက်တော်မူလျှင် ယခု သင်သည် ခရစ်တော်၏ ကျွန်ဖြစ်၏။
ကျွန်ုပ်သည် လူတို့၏ မျက်နှာသာပေးခြင်းကို ရရန် ကြိုးစားနေသလော။ ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ရရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်သဘောကျစေရန် ကြိုးစားနေသလော။ လူတို့ နှစ်သက်သဘောကျစေရန် ကြိုးစားနေသေးလျှင် ကျွန်ုပ်သည် ခရစ်တော်၏ အစေအပါးတစ်ယောက် မဟုတ်ပေ။
ထို့ကြောင့် ဆင်ခြင်ဉာဏ်မဲ့ မနေဘဲ သခင်ဘုရား၏ အလိုတော်က မည်သည့်အရာ ဖြစ်သည်ကို ပိုင်းခြား နားလည်ကြလော့။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ကျွန်ုပ်သင်တို့နှင့်အတူ ရှိသောအချိန်၌သာမက အထူးသဖြင့် ယခုကျွန်ုပ်မရှိသောအချိန်၌လည်း ဘုရားသခင်ကို အမြဲတစေ နာခံခဲ့ကြ၏။ ထိုနည်းတူ ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် မိမိတို့သည် ကယ်တင်ခံရပြီးသောသူများဖြစ်ကြောင်း ပေါ်လွင်စေရန် ကြိုးစားအားထုတ်ကြလော့။
ထို့ကြောင့် သင်တို့အကြောင်းကို ကြားသည့်နေ့မှစ၍ ကျွန်ုပ်တို့သည် သင်တို့အတွက် အစဉ်မပြတ် ဆုတောင်းပေးနေ၏။ သင်တို့သည် ဝိညာဉ်ရေးရာအသိပညာနှင့် နားလည်နိုင်စွမ်းအပေါင်းတို့ဖြင့် ဘုရားသခင်၏ အလိုတော်ကို အပြည့်အဝသိနိုင်ရန် ဘုရားသခင်ထံ ကျွန်ုပ်တို့ဆုတောင်းပေးကြ၏။
ယေရှုခရစ်တော်၏ အစေအပါးဖြစ်၍ သင်တို့ထဲက တစ်ဦးဖြစ်သည့် ဧပဖြသည်လည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ သင်တို့သည် ရင့်ကျက်သောသူများအဖြစ် ရပ်တည်ပြီး ဘုရားသခင်၏ အလိုတော်အားလုံးကို လိုက်နာကြောင်း စိတ်ချမှုအပြည့် ရှိနိုင်ရန် သူသည်သင်တို့အတွက် အစဉ် စိတ်အားထက်သန်စွာ ဆုတောင်းပေးနေ၏။
ထိုသို့ပြုမည့်အစား ဘုရားသခင်သည် ကျွန်ုပ်တို့အား ယုံကြည်ထိုက်သူများအဖြစ် လက်ခံတော်မူသည်နှင့်အညီ သတင်းကောင်း ဟောပြောရန်အတွက် တာဝန်ပေးတော်မူ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် လူကို ကျေနပ်စေရန် မဟုတ်ဘဲ ကျွန်ုပ်တို့၏ စိတ်နှလုံးသားကို စစ်ဆေးတော်မူသော ဘုရားသခင်ကို ကျေနပ်စေရန် ဟောပြောကြ၏။
ဘုရားသခင်သည် သင်တို့ကို သန့်ရှင်းစင်ကြယ်စေရန်နှင့် တရားနှင့်မညီသော မေထုန်ပြုခြင်းကို ရှောင်ကြဉ်စေရန် အလိုတော်ရှိ၏။
ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နိုင်ရန်နှင့် ကတိထားသောအရာကို ရရှိနိုင်ရန် သင်တို့သည် သည်းခံစိတ်မွေးရမည်။
မိမိနှစ်သက်တော်မူသော အရာကို ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့တွင် ပြုတော်မူပါစေသော။ ကိုယ်တော်၏ အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကို ပြီးပြည့်စုံစေတော်မူပါစေသော။ ထိုသခင် ယေရှုသည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
အဘယ်ကြောင့်ဆိုသော် သင်တို့၏ကောင်းမှုပြုခြင်းဖြင့် မိုက်မဲသောသူတို့၏ အသိဉာဏ်မဲ့သောစကားကို တိတ်ဆိတ်စေရန် ဘုရားသခင်အလိုရှိတော်မူသောကြောင့်ဖြစ်၏။
ဤသည်မှာ လောကတွင် အသက်ရှင်နေထိုင်ရမည့်ကျန်ရှိသောအချိန်၌ လူ့တပ်မက်မှုအတိုင်း မဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်နေထိုင်သွားနိုင်ရန်ဖြစ်၏။
လောကနှင့် ထိုလောကီတပ်မက်ခြင်းများသည် ကွယ်ပျောက်သွားလိမ့်မည်။ သို့သော် ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူမှာမူ ထာဝရရှင်သန်လိမ့်မည်။