ထိုအခါ တပ်မှူးကြီးသည် အနားသို့လာကာ ပေါလုကိုဖမ်းဆီး၍ သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ထားရန် အမိန့်ပေး၏။ ထို့နောက် သူက ပေါလုမည်သူဖြစ်ကြောင်းနှင့် မည်သည့်အမှုပြုခဲ့ကြောင်းကို လူထုပရိသတ်တို့အား စတင်မေးမြန်းလေ၏။
ဧဖက် 6:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ထိုသတင်းကောင်းအတွက် အကျဉ်းချခံရသော သံတမန် ဖြစ်၏။ သို့သော်လည်း ကျွန်ုပ် ဟောပြောသင့်သည့်အတိုင်း ရဲဝံ့စွာ ဟောပြောနိုင်ရန် ဆုတောင်းကြလော့။ Common Language Bible ငါသည်အကျဉ်းခံနေရသူဖြစ်သော်လည်းထို သတင်းကောင်းအတွက်သံတမန်ဖြစ်ပါ၏။ ထို သတင်းကောင်းကိုဟောပြောအပ်သည်နှင့်အညီ ငါသည်ရဲရင့်စွာဟောပြောနိုင်ရန်ဆုတောင်း ကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဤကောင်းမြတ်သောသတင်းအတွက် သံကြိုးဖြင့်ချည်နှောင်ထားခြင်းခံရသော သံတမန်ဖြစ်၏။ ဤသို့ချည်နှောင်ထားခြင်းခံရသော်လည်း ငါသည် ဟောပြောသင့်သည့်အတိုင်း ရဲရင့်စွာဟောပြောနိုင်ရန် ဆုတောင်းပေးကြလော့။ |
ထိုအခါ တပ်မှူးကြီးသည် အနားသို့လာကာ ပေါလုကိုဖမ်းဆီး၍ သံကြိုးနှစ်ချောင်းဖြင့်ချည်နှောင်ထားရန် အမိန့်ပေး၏။ ထို့နောက် သူက ပေါလုမည်သူဖြစ်ကြောင်းနှင့် မည်သည့်အမှုပြုခဲ့ကြောင်းကို လူထုပရိသတ်တို့အား စတင်မေးမြန်းလေ၏။
ပေါလုကလည်း “အချိန်တိုသည်ဖြစ်စေ၊ ကြာသည်ဖြစ်စေ အရှင်မင်းကြီးသာမက ယနေ့အကျွန်ုပ်၏စကားကို နားထောင်သောသူအားလုံးတို့သည် ဤအချုပ်နှောင်ခံခြင်းမှလွဲ၍ အကျွန်ုပ်ကဲ့သို့ပင် ဖြစ်လာကြစေရန် ဘုရားသခင်ထံသို့ အကျွန်ုပ်ဆုတောင်းပါသည်” ဟု လျှောက်လေ၏။
ဤအတွက်ကြောင့် ကျွန်ုပ်သည် သင်တို့နှင့်တွေ့ဆုံ၍ စကားပြောရန်တောင်းဆိုခြင်းဖြစ်၏။ အမှန်စင်စစ် ကျွန်ုပ်သည် အစ္စရေးလူမျိုးတို့မျှော်လင့်နေသော ခရစ်တော်ကြွလာသည့် အကြောင်းကို ယုံကြည်သောကြောင့် ဤသံကြိုးနှင့် ချည်နှောင်ခံနေရသည်” ဟု ဆိုလေ၏။
ပေါလုသည် ဘုရားသခင်၏နိုင်ငံတော်အကြောင်းနှင့် သခင်ယေရှုခရစ်တော်အကြောင်းကို အတားအဆီးမရှိဘဲ ရဲရင့်စွာဟောပြောသွန်သင်လျက် နေလေ၏။ ရှင်လုကာရေးသားထားသော တမန်တော်ဝတ္ထု ပြီးပါပြီ။
သို့ရာတွင် ပေတရုနှင့် တမန်တော်တို့က “ကျွန်ုပ်တို့သည် လူတို့၏အမိန့်အာဏာထက် ဘုရားသခင်၏စကားတော်ကို နားထောင်ရပါမည်။
ထိုသို့ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သံတမန်များဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့အားဖြင့် လူတို့အား တိုက်တွန်းနှိုးဆော်လျက် ရှိတော်မူ၏။ ထို့ကြောင့် “ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြလော့” ဟု ခရစ်တော်၏ ကိုယ်စား သင်တို့ကို ကျွန်ုပ်တို့အနူးအညွတ်မေတ္တာရပ်ခံကြ၏။
ဤအကြောင်းကြောင့် လူမျိုးခြား သင်တို့အတွက် ယေရှုခရစ်တော်၏ အကျဉ်းသား ဖြစ်သော ကျွန်ုပ်ပေါလုသည် ဘုရားသခင်ထံ ဆုတောင်း၏။
သခင်ဘုရား၏ အမှုတော်ကို ထမ်းရွက်သောကြောင့် အကျဉ်းချခံရသော ကျွန်ုပ်သည် သင်တို့ကို တိုက်တွန်းနှိုးဆော်လိုသည်မှာ ရွေးချယ်တော်မူခြင်းခံရသည်နှင့်အညီ ထိုရွေးချယ်တော်မူခြင်းနှင့် သင့်လျော်စွာ ပြုမူနေထိုင်ကြရန် ဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ် ပြောဆိုသည့်အခါတိုင်း ပြောရမည့်စကားကို ကျွန်ုပ်အား ပေးတော်မူ၍ ကျွန်ုပ်က သတင်းကောင်း၏ နက်နဲသောအရာကို ရဲဝံ့စွာ ပြောပြနိုင်ရန် ကျွန်ုပ်အတွက်လည်း ဆုတောင်းပေးကြလော့။
ကျွန်ုပ်သည် မည်သည့်အခါမျှ မရှက်ကြောက်ဘဲ ယခင်ကကဲ့သို့ ယခုအချိန်တွင်လည်း အစဉ်ရဲရင့်နိုင်မည်ဟု အပြည့်အဝယုံကြည်၍ မျှော်လင့်ပါ၏။ ကျွန်ုပ်အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျွန်ုပ်ပြောဆိုပြုမူသောအရာများကြောင့် ခရစ်တော်သည် ချီးမွမ်းခံရမည်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်၏။
သင်တို့အားလုံးသည် ကျွန်ုပ်၏ နှလုံးသားထဲ၌ ရှိသောသူများ ဖြစ်သောကြောင့် သင်တို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ကျွန်ုပ်သဘောထားလျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ကျွန်ုပ် အကျဉ်းချခံရချိန်၌ဖြစ်စေ၊ သတင်းကောင်းအတွက် ချေပပြောဆို၍ မှန်ကန်ကြောင်း အတည်ပြုချိန်၌ ဖြစ်စေ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ကို မျှဝေခံစားကြသောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့အတွက်လည်း ဆုတောင်းပေးကြလော့။ သို့မှသာ ခရစ်တော်၏ လျှို့ဝှက်နက်နဲသော တရားတော်ကို ကျွန်ုပ်တို့ဟောပြောနိုင်ရန် ဘုရားသခင်သည် အခွင့်အလမ်း ပေးတော်မူလိမ့်မည်။ ထိုတရားတော်ကို ဟောသောကြောင့် ယခု ကျွန်ုပ်အကျဉ်းချခံရ၏။
ကျွန်ုပ်ဟောပြောသင့်သည့်အတိုင်း ထိုလျှို့ဝှက်နက်နဲသောတရားတော်ကို ရှင်းလင်းစွာ ဟောပြောနိုင်ရန် ဆုတောင်းပေးကြလော့။
ကျွန်ုပ်တို့သည် ဖိလိပ္ပိမြို့၌ ဒုက္ခဆင်းရဲခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို ခံခဲ့ကြောင်း သင်တို့သိကြ၏။ သို့သော်လည်း ဘုရားသခင် ကူညီမစတော်မူသောကြောင့် ပြင်းထန်သည့် ဆန့်ကျင်တိုက်ခိုက်မှုကြားကပင် ကိုယ်တော်၏ သတင်းကောင်းကို သင်တို့ထံ ရဲဝံ့စွာ ဟောပြောခဲ့ကြ၏။
ဩနေသိဖော်၏မိသားစုအပေါ် သခင်ဘုရား၏ ကရုဏာတော်သက်ရောက်ပါစေသော။ အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်အကျဉ်းချခံရသည်ကိုပင် မရှက်မကြောက်ဘဲ အမြဲ အားပေးနှစ်သိမ့်သောကြောင့် ဖြစ်၏။
ဤသတင်းကောင်းကြောင့် ကျွန်ုပ်သည် ရာဇဝတ်သားတစ်ယောက်ကဲ့သို့ပင် အကျဉ်းချခံ၍ ဆင်းရဲဒုက္ခခံခဲ့ရသော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကိုမူ အကျဉ်းချ၍ မရ။
အကျဉ်းချခံရစဉ် ကျွန်ုပ်၏ သားသဖွယ်ဖြစ်လာသော ဩနေသိမ်အတွက် သင့်ကို တောင်းပန်လို၏။
မေတ္တာဖြင့်သာ တောင်းပန်လို၏။ ယေရှုခရစ်တော်ကြောင့် အကျဉ်းချခံထားရသည့် အသက်ကြီးသူ ကျွန်ုပ်ပေါလုသည်
ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် မိမိအသက်ကို စွန့်တော်မူသည့်အမှုကို ထောက်၍ မေတ္တာအကြောင်းကို ကျွန်ုပ်တို့သိကြ၏။ ကျွန်ုပ်တို့သည်လည်း မိမိညီအစ်ကိုမောင်နှမချင်းအတွက် အသက်ကို စွန့်သင့်၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့အားလုံး လက်ခံယုံကြည်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ ရေးရန် ကျွန်ုပ်အလွန်စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူအပေါင်းတို့အား တစ်ကြိမ်တည်းနှင့်အပြီး ကိုယ်တော်ပေးအပ်တော်မူသောယုံကြည်ခြင်းတရားအတွက် ခုခံတိုက်ခိုက်ကြလော့ဟူ၍ သင်တို့အား စာရေးတိုက်တွန်းရန် လိုအပ်လာ၏။