ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူ နာဇရက်မြို့သို့ ပြန်သွား၍ သူတို့၏စကားကို နားထောင်လျက် နေလေ၏။ မိခင်သည် ဖြစ်ပျက်ခဲ့သမျှကို စိတ်နှလုံးထဲ၌ မှတ်ထားလေ၏။
ဧဖက် 6:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သားသမီးတို့… သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းသည် ပြုအပ်သောဝတ် ဖြစ်၏။ Common Language Bible သားသမီးတို့၊ သင်တို့မိဘများ၏စကား ကိုနားထောင်ကြလော့။ ထိုသို့ပြုခြင်းသည် ခရစ်ယာန်များအနေဖြင့်ပြုအပ်သည့်ဝတ် ဖြစ်၏။- Garrad Bible သား သ မီး ဖြစ် သူ တို့၊ သင့် လျော် သည့် အ တိုင်း အ ရှင် ဘု ရား အ လို တော် နှင့် အ ညီ မိ ဘ စ ကား ကို နား ထောင် ကြ လော့။ Judson Bible သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကား ကိုနားထောင်ခြင်းအမှုသည် တရားသောအမှု ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း သားသမီးတို့၊ သခင်ဘုရား၌ သင်တို့၏မိဘစကားကို နားထောင်ကြလော့။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် မှန်ကန်သောအမှုဖြစ်၏။ |
ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူ နာဇရက်မြို့သို့ ပြန်သွား၍ သူတို့၏စကားကို နားထောင်လျက် နေလေ၏။ မိခင်သည် ဖြစ်ပျက်ခဲ့သမျှကို စိတ်နှလုံးထဲ၌ မှတ်ထားလေ၏။
ဤလောက၏ အမူအကျင့်နှင့် ဓလေ့တို့ကို အတုမယူကြနှင့်။ သင်တို့၏ စိတ်နှလုံးကို ပြောင်းလဲစေခြင်းအားဖြင့် စိတ်သစ်လူသစ် ဖြစ်ကြလော့။ သို့ပြုလျှင် ဘုရားသခင်အလိုရှိတော်မူသည့် ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ပြည့်စုံသောအရာတို့သည် မည်သည့်အရာဖြစ်သည်ကို သင်တို့ပိုင်းခြားသိမြင်ကြလိမ့်မည်။
ယုံကြည်သူတို့ပြုအပ်သည့်အတိုင်း သခင်ဘုရားကိုထောက်၍ သူ့ကို ကြိုဆိုကြလော့။ သူလိုအပ်သမျှကို ကူညီကြလော့။ အဘယ်ကြောင့်ဆိုသော် သူသည် လူများစွာနှင့် ကျွန်ုပ်ကိုလည်း ကူညီခဲ့သူဖြစ်၏။
မည်သို့ပင်ဖြစ်စေကာမူ ပညတ်တရားသည် သန့်ရှင်း၏။ ပညတ်တရား၌ ပါဝင်သောပညတ်တော်တို့သည်လည်း သန့်ရှင်း၏။ မှန်ကန်၍ ကောင်းမြတ်၏။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
သားသမီးများ၊ မြေးများရှိသော မုဆိုးမဖြစ်လျှင် ထိုသားသမီးမြေးတို့သည် အိမ်သူအိမ်သားများကို ကျွေးမွေးရန်နှင့် မိဘတို့ကို ကျေးဇူးဆပ်ရန် ဦးစွာသင်ယူပါစေ။ ၎င်းသည် မိမိတို့ပြုအပ်သောဘာသာရေးကျင့်ဝတ်ဖြစ်၏။ ဤသို့ပြုခြင်းသည် ဘုရားသခင်၏ စိတ်တော်ကို ကျေနပ်စေ၏။
သခင်ဘုရား၏ မျက်နှာတော်ကို ထောက်၍ လူတို့၏အုပ်ချုပ်မှုကို နာခံကြလော့။ အကြီးဆုံးသောအာဏာပိုင်ရှင်ဘုရင်၏ အုပ်ချုပ်မှုကို ဖြစ်စေ၊