သတို့သမီးကို လက်ထပ်သောသူသည် သတို့သားဖြစ်၏။ အနားတွင် ရပ်လျက်ရှိသောသတို့သား၏ မိတ်ဆွေသည် သတို့သား၏အသံကို ကြားသောအခါ အလွန်ဝမ်းမြောက်၏။ ထိုကဲ့သိုပင် ငါသည်လည်း အပြည့်အဝ ဝမ်းမြောက်လျက်ရှိ၏။
ဧဖက် 5:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤတစ်သားတစ်ကိုယ်တည်း ဖြစ်ခြင်းသည် အလွန် နက်နဲသောအရာ ဖြစ်၏။ ထို့ကြောင့် ခရစ်တော်နှင့် အသင်းတော်ကို ရည်ညွှန်း၍ ကျွန်ုပ်ပြောဆိုခြင်း ဖြစ်၏။ Common Language Bible ဤကားအလွန်နက်နဲသောသစ္စာစကားဖြစ် ၍ ခရစ်တော်နှင့်အသင်းတော်ကိုရည်စူး၍ ဆိုသောစကားဖြစ်သည်ဟုငါဆို၏။- Garrad Bible ထို သို့ ခ ရစ် တော် နှင့် အ သင်း တော် ကို ရည် လျက် ငါ ဆို သော် လွန် ကဲ သော နက် နဲ ရာ တည်း။ Judson Bible ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ၏။ ထိုသို့ငါဆိုသော်၊ ခရစ်တော်နှင့် အသင်းတော်ကို ရည်မှတ်၍ဆိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း ဤအရာသည် အလွန်လျှို့ဝှက်နက်နဲသောအရာဖြစ်၏။ ထိုသို့ဆိုသော် ခရစ်တော်နှင့်အသင်းတော်ကိုရည်ညွှန်း၍ ငါဆို၏။ |
သတို့သမီးကို လက်ထပ်သောသူသည် သတို့သားဖြစ်၏။ အနားတွင် ရပ်လျက်ရှိသောသတို့သား၏ မိတ်ဆွေသည် သတို့သား၏အသံကို ကြားသောအခါ အလွန်ဝမ်းမြောက်၏။ ထိုကဲ့သိုပင် ငါသည်လည်း အပြည့်အဝ ဝမ်းမြောက်လျက်ရှိ၏။
ကျွန်ုပ်သည် ဘုရားသခင်၏ သဝန်တိုခြင်းမျိုးဖြင့် သင်တို့ကို သဝန်တို၏။ ကျွန်ုပ်သည် သင်တို့ကို စင်ကြယ်သောအပျိုစင်အဖြစ် တစ်ဦးတည်းသောခင်ပွန်းဟူသော ခရစ်တော်ထံ အပ်နှင်းရန် ကတိပြုထား၏။
ကျမ်းစာတွင် “ထို့ကြောင့် ယောက်ျားသည် မိခင်နှင့် ဖခင်ကို ခွဲခွာ၍ မိမိဇနီးနှင့် ပေါင်းဖက်သဖြင့် သူတို့နှစ်ဦးသည် တစ်သားတည်း ဖြစ်ကြလိမ့်မည်” ဟု ဖော်ပြထား၏။
မည်သို့ပင်ဆိုစေ ခင်ပွန်းသည် တစ်ဦးချင်းစီတိုင်းသည်လည်း မိမိကိုယ်မိမိ ချစ်သကဲ့သို့ မိမိဇနီးသည်ကို ချစ်ကြလော့။ ဇနီးသည်တို့ကလည်း မိမိခင်ပွန်းသည်ကို ရိုသေကြလော့။
ဘုရားသခင်သည် ကျွန်ုပ် ပြောဆိုသည့်အခါတိုင်း ပြောရမည့်စကားကို ကျွန်ုပ်အား ပေးတော်မူ၍ ကျွန်ုပ်က သတင်းကောင်း၏ နက်နဲသောအရာကို ရဲဝံ့စွာ ပြောပြနိုင်ရန် ကျွန်ုပ်အတွက်လည်း ဆုတောင်းပေးကြလော့။
ဤသို့ကြိုးပမ်းရခြင်းသည် သူတို့စိတ်ခွန်အား ရရှိ၍ အချင်းချင်း ချစ်ခင်စည်းလုံးလာကြရန် ဖြစ်၏။ သို့မှသာ သူတို့သည် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာဖြစ်သည့် ခရစ်တော်ကို သိရှိနားလည်ကြောင်း စိတ်ချမှုအပြည့် ရှိနိုင်မည် ဖြစ်၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
ထိုနည်းတူ သင်းထောက်တို့သည် ကိုယ်ကျင့်တရားကောင်းသူ ဖြစ်ရမည်။ လျှာနှစ်ခွဖြင့် ပြောဆိုတတ်သူ၊ သေရည်သေရက်သောက်ကြူးသူ၊ မသမာနည်းဖြင့် ငွေရှာသူမဖြစ်ရ။
သန့်ရှင်းသောမြို့တော်ဖြစ်သော ဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက် လှပစွာ ဝတ်ဆင်ထားသော သတို့သမီးတစ်ဦးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင်ထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။