လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ဧဖက် 5:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခင်ပွန်းသည်တို့… ခရစ်တော်သည် အသင်းတော်ကို ချစ်သောကြောင့် အသင်းတော်အတွက် အသက်ပေးတော်မူသကဲ့သို့ မိမိဇနီးသည်ကို ချစ်ကြလော့။ Common Language Bible လင်ဖြစ်သူတို့၊ ခရစ်တော်သည်အသင်းတော်ကို ချစ်တော်မူ၍ အသင်းတော်အတွက်မိမိအသက် ကိုစွန့်တော်မူသည့်နည်းတူ သင်တို့၏မယားများ ကိုချစ်ကြလော့။- Garrad Bible လင် ဖြစ် သူ တို့၊ ခ ရစ် တော် သည် အ သင်း တော် ကို မင်္ဂ လာ ခံ ချက် နှင့် တ ကွ သုံး သပ် ရေ၌ သန့် ရှင်း စင် ကြယ် စေ၍ အ စွန်း အ ကွက် အ တွန့် အ ရှုန့် ကင်း လျက် သန့် ရှင်း စင် ကြယ် သော အ ဖြစ် ဖြင့် ကိုယ် တော် တိုင် အား ဘုန်း ကြီး စွာ ဆက် သ အံ့ သော ငှါ ချစ် ခင်၍ ကိုယ် ကို စွန့် တော် မူ သည့် နည်း တူ မ ယား ကို ချစ် ကြ လော့။ Judson Bible အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ခင်ပွန်းသည်တို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်၍ အသင်းတော်အတွက် မိမိကိုယ်ကိုစွန့်တော်မူသည့်နည်းတူ ဇနီးသည်ကို ချစ်ကြလော့။ |
လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
ငါသည် ကောင်းကင်မှ ဆင်းသက်လာသော အသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသုံးသောသူသည် အစဉ်ထာဝရ အသက်ရှင်လိမ့်မည်။ ငါပေးမည့် ဤမုန့်သည် လောကီသားတို့ အသက်ရှင်ရန် ပေးသော ငါ့အသားပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သင်တို့သည် မိမိကိုယ်ကိုယ်လည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်၏အသွေးတော်နှင့် ရွေးဝယ်ထားသောဘုရားသခင်၏အသင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ထိုသိုးစုများကို ကြည့်ရှုပြုစုသူများအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခန့်ထားတော်မူ၏။
ခရစ်တော်သည် ကျွန်ုပ်တို့ အဖဘုရားသခင်၏ အလိုတော်အတိုင်း ဤဆိုးညစ်သောကာလထဲမှ ကျွန်ုပ်တို့ကို ကယ်နုတ်ရန် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသက်ပေးတော်မူ၏။
ကျွန်ုပ်သည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်၌ သတ်ခြင်းခံရပြီ။ သို့ဖြစ်၍ ကျွန်ုပ်သည် အသက်မရှင်တော့ဘဲ ခရစ်တော်သာလျှင် ကျွန်ုပ်ထဲ၌ အသက်ရှင်တော်မူ၏။ ယခုကိုယ်ခန္ဓာ၌ ကျွန်ုပ်အသက်ရှင်သည်မှာ ကျွန်ုပ်ကို ချစ်၍ ကျွန်ုပ်အတွက် အသက်ပေးတော်မူသော ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်း ဖြစ်၏။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
အသင်းတော်သည် ခရစ်တော်ကို နာခံသကဲ့သို့ ဇနီးသည်တို့သည်လည်း အရာရာ၌ မိမိခင်ပွန်းသည်ကို နာခံကြရမည်။
ထိုနည်းတူ ခင်ပွန်းသည်တို့သည် မိမိ၏ကိုယ်ခန္ဓာကို ချစ်သကဲ့သို့ မိမိဇနီးကို ချစ်ရမည်။ မိမိဇနီးကို ချစ်သောသူသည် မိမိကိုယ်မိမိ ချစ်သောသူ ဖြစ်၏။
မည်သို့ပင်ဆိုစေ ခင်ပွန်းသည် တစ်ဦးချင်းစီတိုင်းသည်လည်း မိမိကိုယ်မိမိ ချစ်သကဲ့သို့ မိမိဇနီးသည်ကို ချစ်ကြလော့။ ဇနီးသည်တို့ကလည်း မိမိခင်ပွန်းသည်ကို ရိုသေကြလော့။
ယေရှုခရစ်တော်သည် လူသားအားလုံးကို ရွေးနုတ်ရန် အသက်ပေးတော်မူခဲ့ပြီး ဘုရားသခင်သည် ထိုအကြောင်းကို အချိန်တန်သောအခါ ဖော်ပြခဲ့ပြီ ဖြစ်၏။
ထိုနည်းတူ ခင်ပွန်းသည်တို့… သင်တို့၏ဇနီးသည်သည် ထာဝရအသက်ကျေးဇူးတော်ကို သင်တို့နှင့်အတူတကွ အမွေခံရသူကဲ့သို့ဖြစ်ပြီး အားနွဲ့သောမိန်းမသားဖြစ်ကြောင်း သိမှတ်နားလည်၍ တန်ဖိုးထားပေါင်းသင်းကြလော့။ ဤသည်မှာ သင်တို့၏ ဆုတောင်းခြင်းကို အတားအဆီးမရှိစေရန် ဖြစ်၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။