Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဖက် 5:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 ထို​နည်းတူ ခင်ပွန်းသည်တို့​သည် မိမိ​၏​ကိုယ်ခန္ဓာ​ကို ချစ်​သကဲ့သို့ မိမိ​ဇနီး​ကို ချစ်ရမည်။ မိမိ​ဇနီး​ကို ချစ်သောသူ​သည် မိမိ​ကိုယ်​မိမိ ချစ်သောသူ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 လင်​ဖြစ်​သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ခန္ဓာ​ကို​ချစ် သ​ကဲ့​သို့​မ​ယား​များ​အား​ချစ်​သင့်​ကြ​၏။ မ​ယား​ကို​ချစ်​သော​သူ​သည်​မိ​မိ​ကိုယ်​ခန္ဓာ ကို​ချစ်​သော​သူ​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ထို သို့ ပင် လင် ဖြစ် သူ တို့ သည် ကိုယ့် ခ န္ဓာ အ ဖြစ် မ ယား ကို ချစ် သင့်၏။ မ ယား ကို ချစ် သူ သည် ကိုယ် ကို ချစ် ရာ ရောက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ထို​နည်း​တူ ယောက်ျား​တို့​သည် မိ​မိ​ကိုယ်​ကို ချစ်​သ​ကဲ့​သို့ မိ​မိ​ခင်​ပွန်း​တို့​ကို​ချစ်​ရ​ကြ​မည်။ ခင်​ပွန်း​ကို ချစ်​သော​သူ​သည် ကိုယ်​ကို​ချစ်​သော​သူ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ထိုနည်းတူ ခင်ပွန်းသည်​တို့​သည်​လည်း မိမိ​တို့​၏​ဇနီးသည်​ကို မိမိ​တို့​ကိုယ်ခန္ဓာ​ကဲ့သို့ ချစ်​ကြ​ရ​မည်။ မိမိ​၏​ဇနီးသည်​ကို ချစ်​သော​သူ​သည် မိမိကိုယ်ကို​ချစ်​သော​သူ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 5:28
7 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ယောက်ျား​သည် မိခင်​နှင့် ဖခင်​ကို ခွဲခွာ​၍ မိမိ​ဇနီး​နှင့် ပေါင်းဖက်​သဖြင့် သူတို့​နှစ်ဦး​သည် တစ်သားတည်း​ဖြစ်ကြ​လိမ့်မည်’ ဟု ကျမ်းစာ​တွင် ပါရှိသည်​ကို သင်တို့ မဖတ်ဖူးကြသလော။


ခင်ပွန်းသည်တို့… ခရစ်တော်​သည် အသင်းတော်​ကို ချစ်​သောကြောင့် အသင်းတော်​အတွက် အသက်ပေးတော်မူ​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်ကြလော့။


မိမိ​ကိုယ်ခန္ဓာ​ကို မုန်းသောသူ ဟူ၍ တစ်ယောက်​မျှ မရှိပေ။ လူ​သည် မိမိ​ကိုယ်ခန္ဓာ​ကို ပြုစု​စောင့်ရှောက်​တတ်၏။ ခရစ်တော်​သည်လည်း အသင်းတော်​ကို ပြုစု​စောင့်ရှောက်၏။


ကျမ်းစာ​တွင် “ထို့ကြောင့် ယောက်ျား​သည် မိခင်​နှင့် ဖခင်​ကို ခွဲခွာ​၍ မိမိ​ဇနီး​နှင့် ပေါင်းဖက်​သဖြင့် သူတို့​နှစ်ဦး​သည် တစ်သားတည်း ဖြစ်ကြ​လိမ့်မည်” ဟု ဖော်ပြထား၏။


မည်သို့ပင်​ဆိုစေ ခင်ပွန်းသည် တစ်ဦးချင်းစီ​တိုင်း​သည်လည်း မိမိ​ကိုယ်​မိမိ ချစ်​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်ကြလော့။ ဇနီးသည်တို့​ကလည်း မိမိ​ခင်ပွန်းသည်​ကို ရိုသေကြလော့။


ထိုနည်းတူ ခင်ပွန်းသည်တို့… သင်တို့​၏​ဇနီးသည်​သည် ထာဝရ​အသက်​ကျေးဇူးတော်​ကို သင်တို့​နှင့်​အတူတကွ အမွေခံရသူ​ကဲ့သို့​ဖြစ်ပြီး အားနွဲ့သော​မိန်းမသား​ဖြစ်ကြောင်း သိမှတ်​နားလည်​၍ တန်ဖိုးထား​ပေါင်းသင်းကြလော့။ ဤသည်​မှာ သင်တို့​၏ ဆုတောင်းခြင်း​ကို အတားအဆီး​မရှိ​စေရန် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ