ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ဧဖက် 4:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုံကြည်သောသူအားလုံး၏ အဖ ဖြစ်တော်မူသော ဘုရားသခင်တစ်ဆူတည်း ရှိတော်မူ၏။ ထိုဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးအပေါ် အုပ်စိုးတော်မူ၏။ ကျွန်ုပ်တို့အားလုံးကို အသုံးပြု၍ လုပ်ဆောင်တော်မူပြီး ကျွန်ုပ်တို့အားလုံးအထဲ၌ ရှိတော်မူ၏။ Common Language Bible လူသားအပေါင်းတို့၏အဖဘုရားသခင် တစ်ဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် လူခပ်သိမ်းတို့ကိုအုပ်စိုးတော်မူ၍ လူခပ်သိမ်း တို့အားဖြင့်လုပ်ဆောင်တော်မူလျက်လူခပ်သိမ်း တို့အထဲတွင်ရှိတော်မူ၏။ Garrad Bible ရှိ သ မျှ တို့ အ ပေါ် တွင်၊ ရှိ သ မျှ တို့ အ တွင်း တွင်၊ ရှိ သ မျှ တို့ အ နှံ အ ပြား တွင်၊ ရှိ သ မျှ တို့ အ ဘ ဘု ရား သ ခင် တစ် ဆူ တည်း ရှိ၏။ Judson Bible ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော ဘုရားသခင် တစ်ဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏အပေါ်မှာရှိတော်မူ၏။ ခပ်သိမ်းသော ငါတို့ကို နှံ့ပြားတော်မူ၏။ ခပ်သိမ်းသော ငါတို့၏အထဲ၌လည်း ရှိတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အရာခပ်သိမ်းတို့အပေါ်၌လည်းကောင်း၊ အရာခပ်သိမ်းတို့၌ပျံ့နှံ့လျက်လည်းကောင်း၊ အရာခပ်သိမ်းတို့အထဲ၌လည်းကောင်း ရှိတော်မူ၍ အရာခပ်သိမ်းတို့၏အဖဖြစ်တော်မူသော ဘုရားသခင်သည် တစ်ဆူတည်းရှိတော်မူ၏။ |
ဖြားယောင်းသွေးဆောင်ရာသို့ မကျရောက်စေဘဲ မာရ်နတ်၏ လက်မှ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်နှင့် ဘုန်းတော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ ရှိပါ၏။ အာမင်။
ထို့ကြောင့် ဤသို့ ဆုတောင်းကြလော့။ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ… ကိုယ်တော်၏အမည်နာမတော်အား ရိုသေလေးမြတ်ကြပါစေသော။
ယေရှုက “ငါ့ကို ချစ်သောသူသည် ငါ့စကားကို လိုက်နာလိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကို ချစ်လိမ့်မည်။ ငါ့ခမည်းတော်နှင့် ငါသည်လည်း ထိုသူထံသို့ လာ၍ သူနှင့်အတူ နေထိုင်မည်။
ကိုယ်တော်အကြောင်းကို သူတို့ထံ၌ အကျွန်ုပ်ဖော်ပြခဲ့ပါပြီ။ ဆက်လက်၍လည်း ဖော်ပြပါမည်။ သို့မှသာ အကျွန်ုပ်အပေါ် ထားသော ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် သူတို့၌ တည်၍ အကျွန်ုပ်သည်လည်း သူတို့၌ တည်လိမ့်မည်” ဟု တောင်းလျှောက်တော်မူ၏။
ယေရှုက “ငါသည် ခမည်းတော်ထံသို့ မတက်ရသေးသဖြင့် ငါ့ကို မထိနှင့်ဦး။ ငါ့တပည့်တို့ထံ သွား၍ ‘ငါ့အဖဟူသော သင်တို့၏အဖ၊ ငါ့ဘုရားသခင်ဟူသော သင်တို့၏ ဘုရားသခင်ထံသို့ ငါတက်သွားရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။
အရာခပ်သိမ်းတို့သည် ဘုရားသခင်ထံတော်မှ လာ၏။ အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ တန်ခိုးတော်ကြောင့် ဖြစ်တည်၏။ အရာခပ်သိမ်းတို့သည် ဘုန်းတော်အတွက်ဖြစ်ကြ၏။ ဘုရားသခင်သည် ထာဝရဘုန်းကြီးတော်မူပါစေ။ အာမင်။
လုပ်ဆောင်ပုံအမျိုးမျိုးရှိသော်လည်း လူအပေါင်းတို့၌ ရှိသော လုပ်ဆောင်ပုံအားလုံးကို သက်ဝင်လှုပ်ရှားစေတော်မူသော ဘုရားသခင် တစ်ပါးတည်းရှိ၏။
ကျွန်ုပ်တို့အတွက်မှာမူ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အဖဘုရားသခင် တစ်ဆူတည်းသာရှိ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်အတွက် အသက်ရှင်ကြ၏။ ထို့ပြင် ကျွန်ုပ်တို့အတွက် ယေရှုခရစ်တော်ဟူသော သခင်တစ်ပါးတည်းသာ ရှိ၍ အရာခပ်သိမ်းသည် ထိုအရှင်အားဖြင့် ဖြစ်လာပြီး ကျွန်ုပ်တို့သည်လည်း ထိုအရှင်အားဖြင့်သာ အသက်ရှင်ကြ၏။
ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့် မည်သို့ ပတ်သက်စပ်လျဉ်းမှုရှိမည်နည်း။ ဘုရားသခင်က “ငါသည် သူတို့နှင့်အတူ နေထိုင်၍ သူတို့ထဲတွင် သွားလာမည်။ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်၍ သူတို့သည်လည်း ငါ၏ လူမျိုးဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူသည့်အတိုင်း ကျွန်ုပ်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ ဗိမာန်ဖြစ်ကြ၏။
ခရစ်တော်သည် ထိုကောင်းကင်အရပ်တွင် အုပ်ချုပ်သူများ၊ အာဏာရှိသူများ၊ တန်ခိုးရှင်များ၊ အုပ်စိုးပိုင်ခွင့်ရှိသူများနှင့် မျက်မှောက်ကာလ၌သာမက အနာဂတ်ကာလ၌လည်း ခေါ်ဝေါ်ခြင်းခံရသည့် ဘွဲ့နာမများအားလုံးတို့၏ အထက်တွင် ရှိတော်မူ၏။
သင်တို့သည်လည်း ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်ကြသောကြောင့် ဝိညာဉ်တော်အားဖြင့် ဘုရားသခင် စံမြန်းတော်မူရာနေရာအဖြစ် အခြားသူတို့နှင့်အတူ တည်ဆောက်ခံရလျက် ရှိကြ၏။
သင်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် သင်တို့၏နှလုံးသားထဲ၌ ကိန်းဝပ်တော်မူရန် ကျွန်ုပ် ဆုတောင်း၏။ သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍ တည်နေသဖြင့်
ခမည်းတော်ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်း၊ ယုံကြည်ခြင်းတို့သည် ညီအစ်ကိုမောင်နှမတို့အပေါ် သက်ရောက်ပါစေသော။
ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာသောသူတို့သည် ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် တပေါင်းတစည်းတည်းဖြစ်တော်မူကြောင်းကို ကျွန်ုပ်တို့အတွက် ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့သိကြ၏။