ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
ဧဖက် 4:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်တစ်ပါးတည်း၊ ယုံကြည်ခြင်းတစ်ပါးတည်း၊ နှစ်ခြင်းမင်္ဂလာတစ်ပါးတည်း ရှိ၏။ Common Language Bible သခင်တစ်ပါးတည်း၊ ယုံကြည်ခြင်းတစ်ပါးတည်း၊ ဗတ္တိဇံတစ်ပါးတည်း၊- Garrad Bible ကိုယ် ခ န္ဓာ တော် တစ် ပါး၊ ဝိ ညာဉ် တော် တစ် ပါး၊ အ ရှင် ဘု ရား တစ် ပါး၊ ယုံ ကြည် ခြင်း တ ရား တစ် ပါး၊ ဗ တ္တိ ဇံ မင်္ဂ လာ တစ် ပါး၊ Judson Bible သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံတစ်ပါး၊- မြန်မာ့စံမီသမ္မာကျမ်း သခင်တစ်ပါးတည်း၊ ယုံကြည်ခြင်းတစ်ပါးတည်း၊ ဗတ္တိဇံတစ်ပါးတည်းရှိ၏။ |
ထို့ကြောင့် သင်တို့သွား၍ လူမျိုးအပေါင်းတို့ကို ငါ့တပည့် ဖြစ်စေကြလော့။ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့၏အမည်နာမ၌ သူတို့ကို နှစ်ခြင်းမင်္ဂလာပေးကြလော့။
ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငြိမ်းချမ်းခြင်းတရားကိုဟောပြော၍ အစ္စရေးလူမျိုးတို့အား ပေးပို့သည့်နှုတ်တော်ထွက်စကားကို သင်တို့သိကြ၏။
ထို့ကြောင့် အစ္စရေးလူမျိုးအပေါင်းတို့… လက်ဝါးကပ်တိုင်ပေါ်တွင် သင်တို့သတ်သော ထိုယေရှုကို ဘုရားသခင်သည် အရှင်သခင်နှင့်ခရစ်တော်အရာ၌ ခန့်ထားတော်မူသည်ကို သေချာစွာ သိမှတ်ကြလော့” ဟူ၍ ဖြစ်၏။
ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။ ဂျူးလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ ကိုယ်တော်ကို ယုံကြည်သောသူတို့ကို ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူ၏။
ခရစ်တော်သည် အဖွဲ့ကွဲသလော။ ကျွန်ုပ်ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့သလော။ သင်တို့သည် ပေါလု၏အမည်နာမကိုအမှီပြု၍ နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့သလော။
ယုံကြည်သူများဖြစ်စေရန် ရွေးချယ်တော်မူခြင်းခံရသည့် ကောရိန္သု အသင်းတော်ဖြစ်သော သင်တို့ထံသို့ ပို့လိုက်သောစာဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ကိုးကွယ်ကြသည့် နေရာအနှံ့၌ရှိသောသူအပေါင်းတို့ကို ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းစေတော်မူသကဲ့သို့ သင်တို့ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထိုယေရှုခရစ်တော်သည် ကျွန်ုပ်တို့နှင့် နေရာအနှံ့၌ ရှိသော ထိုသူအပေါင်းတို့၏ သခင်ဖြစ်တော်မူ၏။
ထိုကဲ့သို့ပင် ကျွန်ုပ်တို့အားလုံးသည် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ နှစ်ခြင်းမင်္ဂလာခံယူကြပြီး ကျွန်ုပ်တို့အားလုံးသည် ထိုဝိညာဉ်တော်တစ်ပါးတည်းကို သောက်သုံးကြ၏။
ကျွန်ုပ်တို့အတွက်မှာမူ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အဖဘုရားသခင် တစ်ဆူတည်းသာရှိ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်အတွက် အသက်ရှင်ကြ၏။ ထို့ပြင် ကျွန်ုပ်တို့အတွက် ယေရှုခရစ်တော်ဟူသော သခင်တစ်ပါးတည်းသာ ရှိ၍ အရာခပ်သိမ်းသည် ထိုအရှင်အားဖြင့် ဖြစ်လာပြီး ကျွန်ုပ်တို့သည်လည်း ထိုအရှင်အားဖြင့်သာ အသက်ရှင်ကြ၏။
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် သင်တို့ထံ လာ၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြားယေရှုအကြောင်းကို ဟောပြောသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံရရှိထားသော ဝိညာဉ်တော်မဟုတ်သည့် အခြားဝိညာဉ်ကို သင်တို့လက်ခံရရှိသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံခဲ့သောသတင်းကောင်းမဟုတ်သည့် အခြားသတင်းကို သင်တို့ဟောပြောခံရသောအခါ၌ဖြစ်စေ သင်တို့သည် ဝမ်းမြောက်စွာပင် သည်းခံကြသောကြောင့်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
ကျွန်ုပ်တို့အားလုံးသည် ယုံကြည်ခြင်းနှင့် ဘုရားသခင်၏ သားတော်ကို သိကျွမ်းခြင်းတို့၌ တညီတညွတ်တည်း ဖြစ်သည့်တိုင်အောင်လည်းကောင်း၊ ရင့်ကျက်သည့်တိုင်အောင်လည်းကောင်း၊ ခရစ်တော်၏ ပြည့်စုံခြင်းစံနှုန်းကို မီသည့်တိုင်အောင်လည်းကောင်း ဤတာဝန်မှာ ဆက်လက်ရှိနေမည် ဖြစ်၏။
“ယေရှုခရစ်တော်သည် သခင်ဖြစ်တော်မူသည်” ဟု နှုတ်ဖြင့် ဝန်ခံလျက် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားကြစေရန် ဖြစ်၏။
ထိုမျှမက ကျွန်ုပ်၏ သခင်ယေရှုခရစ်တော်ကို ရင်းနှီးကျွမ်းဝင်ရခြင်း၏ ကြီးမားသည့်တန်ဖိုးနှင့်ယှဉ်လျှင် အရာအားလုံးကို အရှုံးဟူ၍ မှတ်ယူ၏။ ခရစ်တော်အတွက်ကြောင့် အရာအားလုံးကို အရှုံးခံ၍ ၎င်းတို့ကို မစင်ကဲ့သို့ မှတ်ယူ၏။ ဤအရာမှာ ခရစ်တော်ကို ရရှိရန်နှင့်
ဘုရားသခင်၏ အစေအပါးနှင့် ယေရှုခရစ်တော်၏ တမန်တော်ဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်၏။ ဘုရားသခင်သည် မိမိရွေးကောက်သောသူတို့၏ ယုံကြည်ခြင်းကို ခိုင်မာစေရန်နှင့် သမ္မာတရားကို ထိုသူတို့သိရှိနားလည်နိုင်စေရန် ကျွန်ုပ်ကို စေလွှတ်တော်မူ၏။ ဤနည်းဖြင့် သူတို့သည် ဘုရားတရားကိုင်းရှိုင်းသောဘဝဖြင့် နေထိုင်နိုင်ကြမည်။
ကျွန်ုပ်နှင့် ယုံကြည်ချက်တူညီ၍ ကျွန်ုပ်၏ သား အရင်းအချာကဲ့သို့ ဖြစ်သော တိတုထံသို့ ဤစာကို ပို့လိုက်၏။ ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် ကယ်တင်ရှင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင့်အပေါ် သက်ရောက်ပါစေသော။
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြောခဲ့သော သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏ အသက်ရှင်နေထိုင်ပုံမှ ရရှိသော အကျိုးရလဒ်ကို ဆင်ခြင်၍ သူတို့၏ ယုံကြည်ခြင်းကို အတုယူကြလော့။
သို့ရာတွင် နောက်ပိုင်းတွင် သူတို့သည် ဘုရားသခင်ကို စွန့်၍ ကိုယ်တော်၏သားတော်ကို လက်ဝါးကပ်တိုင်တွင် တဖန်ရိုက်လျက် လူများရှေ့မှောက်တွင် ဂုဏ်သရေပျက်စေသောသူများ ဖြစ်သောကြောင့် သူတို့ကို နောင်တရစေရန် မဖြစ်နိုင်ပေ။
တစ်စုံတစ်ဦးက “လူတချို့၌ ယုံကြည်ခြင်းရှိ၏။ လူတချို့၌ လုပ်ဆောင်ခြင်းရှိ၏” ဟု ပြောလိမ့်မည်။ သို့သော် ကျွန်ုပ်က “လုပ်ဆောင်ခြင်း မရှိလျှင် သင်၏ ယုံကြည်ခြင်းကို မည်သို့ပြနိုင်မည်နည်း။ ကောင်းသောလုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်၏ယုံကြည်ခြင်းကို ပြမည်” ဟု ပြန်ပြော၏။
ဤအရာသည် ယခုသင်တို့ကို ကယ်တင်သည့်နှစ်ခြင်းမင်္ဂလာကို ပုံဆောင်၏။ နှစ်ခြင်းမင်္ဂလာသည် ကိုယ်ခန္ဓာအညစ်အကြေးကို ဖယ်ရှားခြင်းမဟုတ်။ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းမှတစ်ဆင့် ကယ်တင်တော်မူခြင်းခံရကြောင်း လိပ်ပြာသန့်နိုင်ရန် ဘုရားသခင်ထံ တောင်းလျှောက်ခြင်းဖြစ်၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ အစေခံနှင့် တမန်တော် ရှိမုန်ပေတရုဖြစ်၏။ ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကဲ့သို့ တန်ဖိုးရှိသည့် ယုံကြည်ခြင်းကို လက်ခံရရှိသောသူတို့ထံသို့ ကျွန်ုပ်စာရေးလိုက်၏။
သို့သော် ချစ်ရသောသူတို့… သင်တို့သည် မိမိတို့၏ အသန့်ရှင်းဆုံးသောယုံကြည်ခြင်း၌ မိမိကိုယ်ကိုယ် တည်ဆောက်၍ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုဖြင့် ဆုတောင်းလော့။
ချစ်ရသောသူတို့… ကျွန်ုပ်တို့အားလုံး လက်ခံယုံကြည်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံ ရေးရန် ကျွန်ုပ်အလွန်စိတ်အားထက်သန်၏။ သို့သော် ယုံကြည်သောသူအပေါင်းတို့အား တစ်ကြိမ်တည်းနှင့်အပြီး ကိုယ်တော်ပေးအပ်တော်မူသောယုံကြည်ခြင်းတရားအတွက် ခုခံတိုက်ခိုက်ကြလော့ဟူ၍ သင်တို့အား စာရေးတိုက်တွန်းရန် လိုအပ်လာ၏။