၁ ကော 1:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း13 ခရစ်တော်သည် အဖွဲ့ကွဲသလော။ ကျွန်ုပ်ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့သလော။ သင်တို့သည် ပေါလု၏အမည်နာမကိုအမှီပြု၍ နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့သလော။ အခန်းကိုကြည့်ပါ။Common Language Bible13 ခရစ်တော်သည်ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက်လက်ဝါးကပ်တိုင်ပေါ်မှာ အသေ ခံပါသလော။ သို့တည်းမဟုတ်သင်တို့သည် ပေါလု၏နာမကိုအမှီပြု၍ဗတ္တိဇံကိုခံ ယူခဲ့ကြပါသလော။ အခန်းကိုကြည့်ပါ။Garrad Bible13 ခ ရစ် တော် သည် ကွဲ ပြား သ လော။ ပေါ လု သည် သင် တို့ အ ဖို့ ကား တင် ခံ သ လော။ ပေါ လု၏ နာ မ၌ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ကြ သ လော။ အခန်းကိုကြည့်ပါ။Judson Bible13 ခရစ်တော်သည် ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ ဗတ္တိဇံကို ခံကြပြီလော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ခရစ်တော်ကို ကွဲပြားစေကြပြီလော။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းကို ခံရသလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ ဗတ္တိဇံခံခဲ့ကြသလော။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက်သည် သင်တို့ထံ လာ၍ ကျွန်ုပ်တို့ မဟောပြောခဲ့ဖူးသည့် အခြားယေရှုအကြောင်းကို ဟောပြောသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံရရှိထားသော ဝိညာဉ်တော်မဟုတ်သည့် အခြားဝိညာဉ်ကို သင်တို့လက်ခံရရှိသောအခါ၌ ဖြစ်စေ၊ သင်တို့လက်ခံခဲ့သောသတင်းကောင်းမဟုတ်သည့် အခြားသတင်းကို သင်တို့ဟောပြောခံရသောအခါ၌ဖြစ်စေ သင်တို့သည် ဝမ်းမြောက်စွာပင် သည်းခံကြသောကြောင့်ဖြစ်၏။