ထို့နောက် ဇက္ခဲသည် ရပ်၍ သခင်ဘုရားအား “သခင်… အကျွန်ုပ်၏စည်းစိမ်ဥစ္စာတစ်ဝက်ကို ဆင်းရဲသားများအား ပေးပါမည်။ အကယ်၍ တစ်စုံတစ်ဦးထံမှ မတရားကောက်ခံထားသောငွေရှိပါက လေးဆပြန်လျော်ပါမည်” ဟု လျှောက်လေ၏။
ဧဖက် 4:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခိုးတတ်သောသူသည် နောက်ထပ် မခိုးတော့ဘဲ လိုအပ်သောသူတို့အား ပေးကမ်းဝေမျှနိုင်ရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို ကြိုးစား လုပ်ဆောင်ရမည်။ Common Language Bible ခိုးဝှက်ဖူးသူသည်နောက်တစ်ဖန်မခိုးဝှက်တော့ဘဲ ချို့တဲ့သူများအားဝေမျှပေးကမ်းနိုင်ရန် မိမိ လက်ဖြင့်အလုပ်ကိုရိုးဖြောင့်စွာကြိုးစားလုပ် ကိုင်စေ။- Garrad Bible ခိုး ဖူး သူ သည် ထပ် မံ မ ခိုး ဘဲ ဆင်း ရဲ သူ့ အား ပေး ကမ်း နိုင် ရန် ကောင်း သော အ လုပ် ကို ကိုယ့် လက် ဖြင့် ကြိုး စား လုပ် ကိုင် စေ။ Judson Bible ခိုးတတ်သောသူသည် နောက်တစ်ဖန် မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှာ၊ မိမိလက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ။- မြန်မာ့စံမီသမ္မာကျမ်း ခိုးတတ်သောသူသည် နောက်ထပ် မခိုးဘဲ လိုအပ်သောသူအား ဝေမျှစရာရှိစေရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို အားထုတ်လုပ်ဆောင်စေ။ |
ထို့နောက် ဇက္ခဲသည် ရပ်၍ သခင်ဘုရားအား “သခင်… အကျွန်ုပ်၏စည်းစိမ်ဥစ္စာတစ်ဝက်ကို ဆင်းရဲသားများအား ပေးပါမည်။ အကယ်၍ တစ်စုံတစ်ဦးထံမှ မတရားကောက်ခံထားသောငွေရှိပါက လေးဆပြန်လျော်ပါမည်” ဟု လျှောက်လေ၏။
အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြောင်းကို သင်တို့အကျင့်အားဖြင့် သက်သေထူကြလော့။ ‘ငါတို့သည် အာဗြဟံ၏မျိုးဆက်များ ဖြစ်ကြသောကြောင့် ဘုရားသခင်သည် ငါတို့ကို အပြစ်စီရင်တော်မူမည်မဟုတ်’ ဟူ၍ မိမိကိုယ်ကိုယ်မထင်ကြနှင့်။ သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်သည် အာဗြဟံအတွက် သားသမီးများကို ဤကျောက်ခဲများမှပင် ဖန်းဆင်းတော်မူနိုင်၏။
ဤသို့ပြောဆိုရာတွင် သူသည် ဆင်းရဲသားများကို စာနာထောက်ထား၍ ပြောဆိုခြင်းမဟုတ်ဘဲ ခိုးဝှက်တတ်သူတစ်ဦးဖြစ်သောကြောင့် ပြောဆိုခြင်းသာ ဖြစ်၏။ သူသည် တပည့်တော်တို့၏ ငွေကို စီမံရသူဖြစ်၍ ငွေအိတ်ထဲမှ ငွေတချို့ကို နှိုက်ယူသုံးစွဲတတ်၏။
ယုဒသည် ငွေကို စီမံရသူဖြစ်သောကြောင့် ပွဲတော်အတွက် လိုအပ်သောအရာများကို ဝယ်ယူရန် သို့မဟုတ် ဆင်းရဲသားများကို ငွေလှူဒါန်းရန် ယေရှုစေခိုင်းတော်မူသည်ဟူ၍ တပည့်တော်တချို့က ထင်မှတ်ကြ၏။
ယုံကြည်သူများ အကူအညီ လိုအပ်သောအခါ ကူညီရန် အသင့်ရှိကြလော့။ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုကြလော့။
မိမိတို့စားဝတ်နေရေးအတွက် မိမိတို့လက်ဖြင့် ပင်ပန်းစွာ လုပ်ကိုင်ကြ၏။ မိမိတို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြ၏။ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသောအခါ သည်းခံကြ၏။
သင်တို့လှူဒါန်းရန် စေတနာစိတ်ရှိလျှင် ဘုရားသခင်သည် သင်တို့၌ မရှိသောအရာကို မထောက်ဘဲ ရှိသောအရာကို ထောက်၍ သင်တို့၏ လှူဒါန်းခြင်းကို လက်ခံတော်မူလိမ့်မည်။
သူတို့သည် ဆင်းရဲဒုက္ခများကို အလူးအလဲ ခံခဲ့ကြရ၏။ သို့ရာတွင် သူတို့သည် အလွန်ပျော်ရွှင်ခဲ့ကြသဖြင့် အလွန်ဆင်းရဲသော်လည်း ရက်ရောစွာ လှူဒါန်းကြ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် အခွင့်သာတိုင်း လူအပေါင်းတို့အပေါ်၊ အထူးသဖြင့် ယုံကြည်သူမိသားစုတို့အပေါ် ကောင်းမှုပြုကြစို့။
ထိုသူတို့ကို ကောင်းမှုပြုရန်၊ ကောင်းသောအကျင့်များကြွယ်ဝရန်၊ မျှဝေလိုစိတ်ရှိ၍ ရက်ရောစွာ ပေးရန် ညွှန်ကြားလော့။
ကျွန်ုပ်တို့၏လူတို့သည် ကောင်းမှုပြုရန် လေ့လာသင်ယူကြရမည်။ သို့မှသာ သူတို့သည် အကျိုးရှိရှိ အသက်ရှင်နေထိုင်နိုင်ပြီး အခြားသူများ အရေးပေါ်လိုအပ်ချက်ရှိသောအချိန်၌ ကူညီပေးနိုင်ကြမည်။
ဤစကားသည် စိတ်ချယုံကြည်ရသော စကားဖြစ်၏။ သင်တို့သည် ထိုအရာများကို အထူးဂရုစိုက်၍ တိုက်တွန်းကြရန် ကျွန်ုပ်အလိုရှိ၏။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ကောင်းမှုပြုရန် ကြိုးစားနိုင်မည်။ အထက်ပါအရာတို့သည် ကောင်းမွန်၍ လူတိုင်းအတွက် အကျိုးပြုသောအရာများဖြစ်၏။