ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။
ဧဖက် 4:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရသည့်လူသစ်ကဲ့သို့ ဖြစ်၍ စစ်မှန်သော ဖြောင့်မတ်ခြင်းနှင့် စစ်မှန်သော သန့်ရှင်းခြင်းတို့ဖြင့် နေထိုင်ကြလော့။ Common Language Bible ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်း ခြင်းကိုခံရ၍ သမ္မာတရားဆိုင်ရာဖြောင့်မတ် သန့်ရှင်းသူလူသစ်ဖြစ်ကြရမည်။ Garrad Bible သ မ္မာ တ ရား ဆိုင် ရာ ဖြောင့် မတ် သန့် ရှင်း ခြင်း အား ဖြင့် ဘု ရား သ ခင့် အ လို တော် နှင့် အ ညီ ဖန် ဆင်း သော လူ သစ် ကို ဝတ် ဆင် စေ ရန်လည်း ကောင်း သင် ကြား ကြ လေ ပြီ။ မြန်မာ့စံမီသမ္မာကျမ်း သမ္မာတရားနှင့်ဆိုင်သော ဖြောင့်မတ်ခြင်းနှင့်သန့်ရှင်းခြင်းတို့ဖြင့် ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသောလူသစ်ကိုဝတ်ဆင်ရန် နည်းခံခဲ့ကြ၏။ |
ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။
ဤလောက၏ အမူအကျင့်နှင့် ဓလေ့တို့ကို အတုမယူကြနှင့်။ သင်တို့၏ စိတ်နှလုံးကို ပြောင်းလဲစေခြင်းအားဖြင့် စိတ်သစ်လူသစ် ဖြစ်ကြလော့။ သို့ပြုလျှင် ဘုရားသခင်အလိုရှိတော်မူသည့် ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ပြည့်စုံသောအရာတို့သည် မည်သည့်အရာဖြစ်သည်ကို သင်တို့ပိုင်းခြားသိမြင်ကြလိမ့်မည်။
ညအချိန် ကုန်ဆုံးတော့မည်ဖြစ်ပြီး နေ့အချိန်သည် နီးကပ်လာပြီ။ ထို့ကြောင့် ကျွန်ုပ်တို့သည် အမှောင်၌ ပြုသောအကျင့်များကို ဖယ်ရှား၍ အလင်း၏ လက်နက်များကို ကိုင်ဆောင်ကြရမည်။
သခင်ယေရှုခရစ်တော်ကဲ့သို့ ကျင့်ကြံပြုမူကြလော့။ လူ့ဗီဇစိတ်အလိုကို လိုက်ရန် မကြံစည်ကြနှင့်။
ထိုသို့ ကျွန်ုပ်တို့သည် နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြင့် ခရစ်တော်နှင့်အတူ အသေခံ၍ သင်္ဂြိုဟ်ခံခဲ့ကြ၏။ ဤသို့ပြုရသည်မှာ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးတော်အားဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဘဝသစ်၌ အသက်ရှင်နေထိုင်နိုင်ရန်ဖြစ်၏။
သို့သော် ယခုတွင်မူ ကျွန်ုပ်တို့သည် ပညတ်တရား၏ချုပ်နှောင်ခြင်းခံရသောဘဝကို အဆုံးသတ်ပြီဖြစ်သောကြောင့် ပညတ်တရား၏လက်အောက်မှ လွတ်မြောက်ကြပြီ။ ထို့ကြောင့် ယခုတွင် ကျွန်ုပ်တို့သည် ကျမ်းစာ၌ ရေးသားထားသောပညတ်တရားကို နာခံသည့်နည်းဟောင်းဖြင့် မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်လက်အောက်၌ အသက်ရှင်သောနည်းသစ်ဖြင့် ဘုရားသခင်ကို အစေခံကြ၏။
ဘုရားသခင်သည် မိမိလူတို့ကို ကြိုတင်သိတော်မူ၍ ထိုသူတို့ကို မိမိသားတော်ကဲ့သို့ ဖြစ်လာစေရန် ရွေးချယ်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာ ညီအစ်ကိုမောင်နှမများစွာထဲတွင် ခရစ်တော်ကို သားဦးဖြစ်စေရန်ပင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ပုပ်ပျက်တတ်သောခန္ဓာသည် မပုပ်ပျက်နိုင်သောခန္ဓာအဖြစ်သို့ ပြောင်းလဲရမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ သေတတ်သောခန္ဓာသည် မသေနိုင်သောခန္ဓာအဖြစ်သို့ ပြောင်းလဲရမည်ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် ပဝါဖုံးအုပ်ခံရခြင်းမရှိတော့သော ကျွန်ုပ်တို့၏ မျက်နှာတွင် သခင်ဘုရား၏ ဘုန်းတော်ထင်ဟပ်လျက်ရှိ၏။ ဝိညာဉ်တော်ဖြစ်သော သခင်ဘုရားထံတော်မှ ဆင်းသက်လာသည့် ဘုန်းအသရေသည် ကျွန်ုပ်တို့ကို အစဉ်အမြဲ ဘုန်းအသရေတိုးပွားစေ၍ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်အတိုင်း ပြောင်းလဲစေလျက်ရှိ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် စိတ်ပျက်အားလျော့ခြင်းမရှိ။ ကျွန်ုပ်တို့၏ အပြင်ပန်းကိုယ်ခန္ဓာသည် ပျက်စီးယိုယွင်းလာသော်လည်း ကျွန်ုပ်တို့၏ အတွင်းစိတ်ခွန်အားမှာမူ နေ့စဉ်နှင့်အမျှ အသစ်တိုးပွားလျက်ရှိ၏။
မည်သူမဆို ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ထိုသူ၏ ဘဝဟောင်းသည် ပြီးဆုံး၍ ဘဝသစ်သည် အစပြု၏။
ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေရန် နှစ်ခြင်းမင်္ဂလာကို ခံယူသောသူအပေါင်းတို့သည် ခရစ်တော်ကဲ့သို့ ဖြစ်လာကြ၏။
အရေပြားလှီးခြင်းမင်္ဂလာကို ခံယူသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးပေ။ အရေးကြီးသည့်အချက်မှာ အသစ်ဖန်ဆင်းခံရခြင်း ဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ လက်ရာတော်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် ကြိုတင်ပြင်ဆင်ထားတော်မူသော ကောင်းမှုများကို ပြုစေရန် ဖန်ဆင်းတော်မူခဲ့၏။
စည်းမျဉ်းဥပဒေများ ပါဝင်သည့် ဂျူးလူမျိုးတို့၏ ပညတ်တရားစနစ်တစ်ခုလုံးကို မိမိအသွေးအသားဖြင့် ပယ်ဖျက်တော်မူ၏။ ဤသို့ပြုခြင်းမှာ ထိုလူမျိုးနှစ်မျိုးစလုံးကို မိမိနှင့် တပေါင်းတစည်းတည်းဖြစ်စေလျက် လူမျိုးသစ် ဖန်ဆင်း၍ ငြိမ်းချမ်းစေရန် ဖြစ်၏။
မာရ်နတ်၏ စစ်ဆင်ခြင်းကို ခုခံကာကွယ်နိုင်ရန် ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆင်ကြလော့။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
သို့သော် သားတော်နှင့် ပတ်သက်၍ “အို ဘုရားသခင်… ကိုယ်တော်၏ရာဇပလ္လင်သည် ထာဝရတည်တံ့၏။ ကိုယ်တော်၏နိုင်ငံတော်သည် တရားမျှတမှုဖြင့် အုပ်စိုးသောနိုင်ငံ ဖြစ်ပါ၏။
လူတိုင်းနှင့် သဟဇာတဖြစ်ရန်၊ သန့်ရှင်းသောဘဝနှင့်နေထိုင်ရန် အစွမ်းကုန်ကြိုးစားလော့။ မသန့်ရှင်းသောသူတို့သည် ထာဝရဘုရားကို ဖူးမြင်ရမည်မဟုတ်။
သခင်ဘုရား၏ကျေးဇူးတော် မည်မျှချိုမြိန်သည်ကို ယခု သင်တို့မြည်းစမ်းခဲ့ပြီဖြစ်၏။ ထို့ကြောင့် မွေးကင်းစကလေးများကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာနို့ရည်အစစ်ကို တောင့်တကြလော့။ သို့မှသာ သင်တို့သည် ကယ်တင်ခြင်းကို အပြည့်အဝခံစားရမည့်အချိန်တိုင်အောင် ကြီးထွားလိမ့်မည်။
ကိုယ်တော်သည် မိမိ၏ ဘုန်းအသရေတော်နှင့် ကောင်းမြတ်တော်မူခြင်းအားဖြင့် အဖိုးတန်၍ ကြီးမြတ်သောကတိတော်ကို ကျွန်ုပ်တို့အား ပေးတော်မူ၏။ ဤသည်မှာ ထိုကတိတော်အားဖြင့် သင်တို့အား ဤလောကီတပ်မက်ခြင်းကြောင့် ဖြစ်သည့်ပျက်စီးခြင်းမှ လွတ်မြောက်၍ ဘုရားဖြစ်ခြင်းသဘော၌ ပါဝင်ပတ်သက်လာစေရန်ဖြစ်၏။