ဤစကားကို လူမျိုးခြားများကြားကြသောအခါ ဝမ်းမြောက်၍ သခင်ဘုရား၏နှုတ်ကပတ်တရားတော်ကို ချီးမွမ်းကြ၏။ ထာဝရအသက်ရရန် ဘုရားသခင်ရွေးချယ်တော်မူသောသူရှိသမျှတို့သည် ယုံကြည်သက်ဝင်လာကြ၏။
ဧဖက် 1:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အရာအားလုံးကို မိမိအလိုတော်နှင့်ညီသော အကြံအစည်တော်အတိုင်း လုပ်ဆောင်တော်မူသည့်ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ရှေးယခင်ကပင် ကြိုတင်သတ်မှတ်တော်မူသည့်အတိုင်း မိမိ၏အမွေခံများအဖြစ် ရွေးချယ်တော်မူ၏။ Common Language Bible ခပ်သိမ်းသောအရာတို့သည်ဘုရားသခင်၏ အကြံအစည်တော်နှင့်အညီကိုယ်တော်စီရင် ဆုံးဖြတ်တော်မူသည်အတိုင်းဖြစ်ပျက်ကြ ရ၏။ ဘုရားသခင်သည်မိမိအလိုတော် အရရှေးမဆွက ပြုတော်မူသည့်စီရင် ဆုံးဖြတ်ချက်ကိုအခြေခံ၍ ငါတို့အား ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေ လျက် မိမိ၏လူစုတော်အဖြစ်ဖြင့်ရွေး ချယ်တော်မူပေသည်။- Garrad Bible ခ ရစ် တော်၌ ဦး စွာ မျှော် လင့် လျက် နေ ခဲ့ ကြ သော ငါ တို့ သည် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မွမ်း ရာ အ ကြောင်း ဖြစ် စေ ခြင်း ငှါ ကြံ ရွယ် သော သ ဘော တော် အ လိုက် အ ရာ ရာ ကို ပြု ပြင် တော် မူ သော အ ရှင်၏ အ ကြံ တော် နှင့် အ ညီ တင် ရင် မှတ် သား တော် မူ ခြင်း ခံ ပြီး လျှင် ထို အ ရှင် အား ဖြင့် ပိုင် ရာ တော် ဖြစ် ကြ လေ ပြီ။ Judson Bible မိမိစေတနာ၏ အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ ကြံစည်ခြင်းရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည်လည်း အရာခပ်သိမ်းတို့ကို မိမိအလိုတော်နှင့်ညီသောဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်စေတော်မူသောအရှင်၏အကြံအစည်တော်နှင့်အညီ ကြိုတင်သတ်မှတ်ထားခြင်းခံရ၍ ထိုခရစ်တော်အားဖြင့် အမွေတော်ကိုရရှိကြ၏။ |
ဤစကားကို လူမျိုးခြားများကြားကြသောအခါ ဝမ်းမြောက်၍ သခင်ဘုရား၏နှုတ်ကပတ်တရားတော်ကို ချီးမွမ်းကြ၏။ ထာဝရအသက်ရရန် ဘုရားသခင်ရွေးချယ်တော်မူသောသူရှိသမျှတို့သည် ယုံကြည်သက်ဝင်လာကြ၏။
ဘုရားသခင်၏တိကျသောအကြံအစည်တော်အားဖြင့်လည်းကောင်း၊ ကြိုတင်သိမြင်သောဉာဏ်တော်အားဖြင့်လည်းကောင်း သင်တို့လက်၌ အပ်နှံခံရသောဤယေရှုကို သင်တို့သည် တရားမဲ့သောသူတို့၏လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အကြံစည်တော်ရှိသမျှကို သင်တို့အား ဟောပြောရာ၌ ကျွန်ုပ်သည် မတွန့်ဆုတ်ခဲ့သောကြောင့်ဖြစ်၏။
သို့ဖြစ်၍ ယခု ကျွန်ုပ်သည် သင်တို့အား ဘုရားသခင်ထံတော်သို့လည်းကောင်း၊ ကိုယ်တော်၏ ကျေးဇူးတော်နှင့်ဆိုင်သော တရားတော်သို့လည်းကောင်း အပ်နှံပါ၏။ ထိုတရားတော်သည် သင်တို့ကို ဆောက်တည်ပေးနိုင်စွမ်းနှင့် သန့်ရှင်းစေတော်မူခြင်းခံရသောလူအပေါင်းတို့နှင့်အတူ သင်တို့ကို အမွေပေးနိုင်စွမ်းရှိ၏။
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
ထိုသူတို့သည် အရှင်၏တန်ခိုးတော်နှင့် အလိုတော်အရ ကြိုတင်စီမံတော်မူသည့်အတိုင်းဖြစ်လာရန် ထိုသို့ပြုလုပ်ကြခြင်းဖြစ်၏။
မည်သူသည် ထာဝရဘုရား၏ စိတ်တော်ကို သိနိုင်သနည်း။ မည်သူသည် ထာဝရဘုရားအား အကြံဉာဏ်ပေးနိုင်သနည်း။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်သောကြောင့် အမွေခံများလည်း ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အမွေခံများ ဖြစ်ကြ၏။ ကိုယ်တော်နှင့်အတူ ဆင်းရဲဒုက္ခကို ခံရလျှင် ကိုယ်တော်နှင့်အတူ ဘုရားသခင်၏ ဘုန်းအသရေကိုလည်း ခံစားကြရမည် ဖြစ်၏။
ဘုရားသခင်ကို ချစ်၍ အကြံအစည်တော်နှင့်အညီ ရွေးကောက်ခြင်းခံရသောသူတို့ တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ ကောင်းကျိုးထွက်ပေါ်စေရန် ဘုရားသခင်သည် သူတို့နှင့်အတူ လုပ်ဆောင်တော်မူကြောင်း ကျွန်ုပ်တို့သိကြ၏။
ဘုရားသခင်သည် မိမိလူတို့ကို ကြိုတင်သိတော်မူ၍ ထိုသူတို့ကို မိမိသားတော်ကဲ့သို့ ဖြစ်လာစေရန် ရွေးချယ်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာ ညီအစ်ကိုမောင်နှမများစွာထဲတွင် ခရစ်တော်ကို သားဦးဖြစ်စေရန်ပင် ဖြစ်၏။
ထိုသို့ ဘုရားသခင်သည် မိမိရွေးကောက်ထားသောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူပြီးနောက် ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူ၏။ ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူပြီးနောက် ဘုန်းအသရေကို ပေးတော်မူ၏။
သို့သော် ထိုသားနှစ်ဦး မမွေးမီနှင့် ထိုသားနှစ်ဦး အဆိုးအကောင်းတို့ကို မပြုမီကပင် ဘုရားသခင်သည် ရေဗက္ကအား “သင်၏ သားကြီးသည် သားငယ်ထံ၌ အစေခံလိမ့်မည်” ဟု မိန့်တော်မူခဲ့၏။ ဤစကားတော်ကို ထောက်၍ ဘုရားသခင်သည် မိမိအကြံအစည်တော်အတိုင်း လူများကို ရွေးကောက်တော်မူကြောင်း ကျွန်ုပ်တို့သိရ၏။ ထိုသို့ ရွေးချယ်ရာတွင် ဘုရားသခင်သည် လူတို့၏ အကျင့်သီလအဆိုးအကောင်းအပေါ် မူတည်၍ ရွေးချယ်တော်မမူပေ။
အကယ်၍ ပညတ်တရားကို လိုက်နာမှသာ အမွေရမည်မှန်လျှင် ထိုအမွေမှာ ကတိတော်ကြောင့် ရသည်မဟုတ်တော့ပေ။ သို့သော် ဘုရားသခင်သည် အာဗြဟံအား ထိုအမွေကို ကတိတော်အရ ပေးသနားတော်မူခြင်း ဖြစ်၏။
ထိုဝိညာဉ်တော်သည် ဘုရားသခင်၏လူများ ရွေးနုတ်တော်မူခြင်းခံရမည့်ကာလ မရောက်မချင်း ကျွန်ုပ်တို့၏ အမွေအတွက် အာမခံချက်ပေးလျက် စရန်အဖြစ် ရှိတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြရန် ဖြစ်၏။
ဘုရားသခင် ရွေးချယ်တော်မူသဖြင့် သင်တို့ မျှော်လင့်ရသောအရာသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ယုံကြည်သူတို့ ရရှိသော အမွေတော်၏ ဘုန်းအသရေသည် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊ ယုံကြည်သော ကျွန်ုပ်တို့အတွက် လုပ်ဆောင်သော သာလွန်ထူးကဲသည့်တန်ခိုးတော်သည် မည်မျှကြီးမားသည်ကိုလည်းကောင်း သင်တို့သိစေရန် သင်တို့၏ ဉာဏ်မျက်စိကို ပွင့်စေတော်မူပါဟု ကျွန်ုပ်ဆုတောင်း၏။
ယေရှုခရစ်တော်အားဖြင့် မိမိ၏သားသမီးအဖြစ် ကြိုတင်သတ်မှတ်တော်မူ၏။ ဤအရာသည် ဘုရားသခင် နှစ်သက်တော်မူသောအရာနှင့် အလိုရှိတော်မူသောအရာပင် ဖြစ်၏။
ထိုသို့ ဘုရားသခင်သည် ထိုကျေးဇူးတော်ကို ခပ်သိမ်းသောဉာဏ်ပညာ၊ တွေးတောဉာဏ်တို့နှင့်အတူ ကျွန်ုပ်တို့ကို အလျှံပယ် ခံစားစေတော်မူ၏။
ဘုရားသခင်သည် ခရစ်တော်အားဖြင့် ပြုတော်မူမည်ဟု စီစဉ်တော်မူခဲ့သည့် အလိုတော်၏ လျှို့ဝှက်နက်နဲသောအရာကို မိမိ နှစ်သက်တော်မူသည့်အတိုင်း ကျွန်ုပ်တို့ကို ဖော်ပြတော်မူ၏။
ဘုရားသခင်သည် မိမိ၏ ထာဝရအကြံအစည်တော်အတိုင်း ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ပြုသောအမှုကြောင့် ဤသို့ ပြီးမြောက်စေတော်မူ၏။
အလင်းနိုင်ငံတော်၌နေသော ယုံကြည်သူလူစုထဲတွင် ဝင်ရောက်ခွင့်ထိုက်သူ ဖြစ်စေတော်မူသော အဖဘုရားသခင်ကို ကျေးဇူးတင်ကြရန် ကျွန်ုပ်တို့ဆုတောင်းပေးကြ၏။
သင်တို့သည် သခင်ခရစ်တော်ကို အစေခံကြသောကြောင့် ဆုလာဘ်အဖြစ် ကတိထားတော်မူသောအမွေတော်ကို သခင်ဘုရားထံမှ ရရှိမည်ကို သိမှတ်ကြလော့။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
ဤသည်မှာ ကျွန်ုပ်တို့သည် ကျေးဇူးတော်ကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသဖြင့် ကျွန်ုပ်တို့ မျှော်လင့်သည့် ထာဝရအသက်ကို အမွေခံနိုင်ရန်ဖြစ်၏။
ထိုနည်းတူ ဘုရားသခင်သည် မိမိအကြံအစည်တော်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ကတိထားတော်မူသောအရာကို ရရှိမည့်သူများအား ဖော်ပြရန် သစ္စာဆို၍ အာမခံတော်မူ၏။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
ထို့ပြင် မပျက်စီး၊ မညစ်ညမ်း၊ မပျောက်ကွယ်နိုင်သော အမွေကိုလည်း ရရှိစေတော်မူ၏။ ဤအမွေကို သင်တို့အတွက် ကောင်းကင်ဘုံ၌ ထိန်းသိမ်းထား၏။
အဆိုးကို အဆိုးဖြင့်လည်းကောင်း၊ ကဲ့ရဲ့ခြင်းကို ကဲ့ရဲ့ခြင်းဖြင့်လည်းကောင်း မတုံ့ပြန်ကြနှင့်။ ကောင်းချီးကိုသာ ပေးကြလော့။ သင်တို့သည် ဤသို့ပြုရန် ရွေးကောက်တော်မူခြင်းခံရ၏။ သို့ပြုလျှင် သင်တို့သည် ကောင်းချီးမင်္ဂလာကို ခံစားရလိမ့်မည်။