Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဖက် 1:8 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ထိုသို့ ဘုရားသခင်​သည် ထို​ကျေးဇူးတော်​ကို ခပ်သိမ်းသော​ဉာဏ်ပညာ၊ တွေးတောဉာဏ်​တို့​နှင့်အတူ ကျွန်ုပ်တို့​ကို အလျှံပယ် ခံစား​စေတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8-10 အ ချိန် ကာ လ ပြည့် သော် ကောင်း ကင် အ ရာ၊ မြေ ကြီး အ ရာ ခပ် သိမ်း ကို ခ ရစ် တော်၌ ချုပ် ခြာ မည့် စေ တ နာ အ ကြံ တော် အ လျောက် နက် နဲ သော သ ဘော တော် ကို ဖော် ပြ တော် မူ လျက်၊ ဉာဏ် ပ ညာ၊ ဉာဏ် ပ ဋိ ဘာန် အ မျိုး မျိုး နှင့် ကျေး ဇူး တော် ကို ကြွယ် ဝ စွာ သ နား တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ဘုရားသခင်​သည် ထို​ကျေးဇူး​တော်​ကို ငါ​တို့​၌​ကြွယ်ဝ​ပြည့်စုံ​စေ​တော်မူ​၍ ခပ်သိမ်း​သော​ဉာဏ်ပညာ​နှင့်​အသိပညာ​အားဖြင့်

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 1:8
17 ပူးပေါင်းရင်းမြစ်များ  

တစ်ဖက်​တွင် လူသား​သည် စားသောက်​၍​နေသည်​ကို လူတို့​က ‘သူ​သည် အစားကြီးသူ၊ စပျစ်ဝိုင်​သောက်ကြူးသူ​ဖြစ်၏။ အခွန်​ကောက်သူများ​နှင့် အပြစ်သားတို့​၏​မိတ်ဆွေ​လည်း ဖြစ်သည်’ ဟု ဆိုကြပြန်၏။ သို့သော်လည်း ဉာဏ်ပညာ​သည် မှန်ကန်ကြောင်း ၎င်း​၏​လုပ်ဆောင်မှုများ​က ဖော်ပြသည်” ဟု မိန့်တော်မူ၏။


ဘုရားသခင်​၏ ဉာဏ်တော်​နှင့် အသိပညာတို့​သည် အလွန်​နက်နဲ​လှ၏။ ဘုရားသခင်​၏ ဆုံးဖြတ်တော်မူချက်​နှင့် နည်းလမ်းတော်တို့​ကို မည်သူ​နားလည်​နိုင်သနည်း။


သို့ရာတွင် အာဒံ​၏​အပြစ်​နှင့် ဘုရားသခင်​၏ ဆုကျေးဇူး​သည် အလွန်​ကွာခြား၏။ ဤ​လူတစ်ဦး​ဖြစ်သော အာဒံ​၏ အပြစ်​ကြောင့် လူများစွာ​သည် သေကြရ၏။ သို့သော် အခြားသူ​တစ်ဦး​ဖြစ်သော ယေရှု​ခရစ်တော်​အားဖြင့် လူများစွာ​က ရရှိသော​ဘုရားသခင်​၏​ကျေးဇူးတော်​နှင့် ခွင့်လွှတ်ခြင်း​ဟူသည့်​လက်ဆောင်​သည် ပို၍ ကြီးမား၏။


ကျွန်ုပ်တို့​ပြောဆိုသော​ပညာ​စကား​မှာ ဝှက်ထားတော်မူသည့် လျှို့ဝှက်​နက်နဲသော​ဘုရားသခင်​၏ ပညာ​စကား​ဖြစ်၏။ ဘုရားသခင်​သည် ကမ္ဘာ​မတည်မီ​ကပင် ထို​ပညာ​ကို ကျွန်ုပ်တို့​၏ ဘုန်းအသရေ​အတွက် ကြိုတင်​သတ်မှတ်ထားတော်မူ၏။


အရာ​အားလုံး​ကို မိမိ​အလိုတော်​နှင့်​ညီသော အကြံအစည်တော်​အတိုင်း လုပ်ဆောင်တော်မူသည့်​ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို ခရစ်တော်​နှင့် တပေါင်းတစည်းတည်း ဖြစ်စေခြင်း​အားဖြင့် ရှေးယခင်​ကပင် ကြိုတင်​သတ်မှတ်တော်မူသည့်​အတိုင်း မိမိ​၏​အမွေခံများ​အဖြစ် ရွေးချယ်တော်မူ၏။


ဘုရားသခင်​၏ ကျေးဇူးတော် ကြွယ်ဝလှ​သဖြင့် ကျွန်ုပ်တို့​သည် သားတော်​နှင့် သားတော်​၏ အသွေးတော်​အားဖြင့် ရွေးနုတ်ခံကြရ၏။ ထို​ရွေးနုတ်ခြင်း​သည် အပြစ်​ခွင့်လွှတ်ခြင်း​ပင် ဖြစ်၏။


ဘုရားသခင်​သည် ခရစ်တော်​အားဖြင့် ပြုတော်မူမည်​ဟု စီစဉ်တော်မူခဲ့သည့် အလိုတော်​၏ လျှို့ဝှက်​နက်နဲသော​အရာ​ကို မိမိ နှစ်သက်တော်မူသည့်​အတိုင်း ကျွန်ုပ်တို့​ကို ဖော်ပြတော်မူ၏။


ဤသို့​ပြုခြင်း​သည် ကောင်းကင်​အရပ်​ရှိ အုပ်ချုပ်သူများ​နှင့် အာဏာရှိသူများ​က အဘက်ဘက်​၌ ပြည့်စုံသော ဘုရားသခင်​၏ ပညာတော်​ကို အသင်းတော်​မှတစ်ဆင့် သိမြင်လာကြ​စေရန် ဖြစ်၏။


ထို​ခရစ်တော်​ထံ၌ ဉာဏ်ပညာ​နှင့် အသိပညာတို့​သည် ရတနာသိုက်​သဖွယ် ဖုံးကွယ်​လျက် ရှိကြ၏။


ကျွန်ုပ်တို့​၏​ကယ်တင်ရှင်၊ တစ်ဆူတည်းသော​ဘုရားသခင်​သည် ကျွန်ုပ်တို့​၏​သခင် ယေရှု​ခရစ်တော်​အားဖြင့် ယခင်​ကာလ​အစဉ်အဆက်၊ ယခု​ကာလ​နှင့် နောင်​ကာလ​အစဉ်အဆက် ဘုန်းအသရေတော်၊ ဘုန်းတန်ခိုးတော်၊ အစွမ်းသတ္တိ​နှင့် အာဏာစက်တို့​ရှိတော်မူပါစေသော။ အာမင်။ ရှင်ယုဒ​ဩဝါဒစာ ပြီးပါပြီ။


ထို​သူတို့​က “အသေသတ်​ခံရသော​သိုးသငယ်တော်​သည် တန်ခိုး၊ စည်းစိမ်၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအသရေ​နှင့် ချီးမွမ်းခြင်းတို့​ကို ခံယူ​ရန် ထိုက်တန်၏” ဟု ကျယ်လောင်​စွာ ကြွေးကြော်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ