ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။
ဟေဗြဲ 9:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်သည် စစ်မှန်သောအရာ၏ ပုံတူသာဖြစ်သည့် လူတို့လက်ဖြင့် ပြုလုပ်ထားသော သန့်ရှင်းရာဌာနတော်ထဲသို့ ဝင်တော်မမူဘဲ ကျွန်ုပ်တို့ကိုယ်စား ဘုရားသခင်ရှေ့တော်၌ ထင်ရှားရန် ကောင်းကင်ဘုံသို့ ဝင်တော်မူ၏။ Common Language Bible စစ်မှန်သောသန့်ရှင်းရာဌာနတော်၏ပုံတူဖြစ် သောလူတို့လက်ဖြင့်တည်ဆောက်သည့်သန့်ရှင်း ရာဌာနတော်သို့ ခရစ်တော်သည်ဝင်တော်မူ သည်မဟုတ်ဘဲကောင်းကင်ဘုံသို့ဝင်တော်မူ၍ ငါတို့ကိုယ်စားဘုရားသခင်၏ရှေ့တော် မှောက်သို့ရောက်ရှိတော်မူ၏။- Garrad Bible ခ ရစ် တော် သည် အ ထူး သန့် ရှင်း ရာ ဌာ န တော် စစ်၏ ပုံ မျှ သာ ဖြစ် သော လက် လုပ် ဌာ န တော် ထဲ သို့ မ ဝင်။ ငါ တို့ အ တွက် ဘု ရား သ ခင် မျက် မှောက် တော် တွင် ထင် ထင် ဖူး မြော် ရန် ကောင်း ကင် ဘုံ ထဲ သို့ ဝင် တော် မူ ၏။ Judson Bible ထိုသို့နှင့်အညီ၊ မှန်သောသန့်ရှင်းရာဌာနတို့၏ ပုံဖြစ်သော၊ လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာနထဲသို့ ခရစ်တော်သည်မဝင်ဘဲ၊ ငါတို့အတွက်ကြောင့် ယခု ဘုရားသခင်၏ ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှာ၊ ကောင်းကင်ကိုယ်ထဲသို့ ဝင်တော်မူပြီ၊- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ခရစ်တော်သည် စစ်မှန်သောအရာ၏ပုံတူမျှသာဖြစ်သည့် လူ့လက်ဖြင့်တည်ဆောက်သောသန့်ရှင်းရာဌာနထဲသို့မဝင်ဘဲ ငါတို့ကိုယ်စား ယခု ဘုရားသခင်၏ရှေ့တော်၌ထင်ရှားတော်မူရန် ကောင်းကင်ထဲသို့ဝင်တော်မူ၏။ |
ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။
“ဤသူက ‘လူ့လက်ဖြင့် ဆောက်လုပ်သော ဤဗိမာန်တော်ကို ငါဖြိုဖျက်၍ လူ့လက်ဖြင့် မဆောက်လုပ်သော ဗိမာန်တော်ကို သုံးရက်အတွင်း ငါတည်ဆောက်မည်’ ဟူ၍ ပြောဆိုသည်ကို အကျွန်ုပ်တို့ ကြားရပါသည်” ဟု မဟုတ်မမှန်ထွက်ဆိုကြ၏။
ယေရှုသည် တပည့်တော်တို့ကို ထိုသို့မိန့်တော်မူပြီးသောအခါ ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူ၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ထိုသို့ ကောင်းချီးပေးနေတော်မူစဉ်တွင်ပင် သူတို့ထံမှခွဲခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။
ငါသည် ခမည်းတော်ထံမှ ဤလောကသို့ လာခဲ့၏။ ယခု ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ငါပြန်မည်” ဟု မိန့်တော်မူ၏။
သို့ဖြစ်လျှင် လူသားသည် ကောင်းကင်သို့ တစ်ဖန် တက်ကြွသည်ကို သင်တို့ မြင်ရပါက မည်သို့ထင်မှတ်ကြမည်နည်း။
ရှေးအခါကပင် သန့်ရှင်းသောပရောဖက်များအားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့ကို ပြန်လည်အသစ်ပြုပြင်မည့်အချိန်အထိ ထိုအရှင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူမည်။
ဘုရားသခင် ရွေးချယ်တော်မူသောသူတို့ကို မည်သူအပြစ်တင်ဝံ့သနည်း။ ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူသောအရှင်မှာ ဘုရားသခင်ပင်ဖြစ်တော်မူ၏။
ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် ဤကမ္ဘာပေါ်တွင် ကျွန်ုပ်တို့နေထိုင်သော ယာယီတဲနှင့် တူ၏။ ဤယာယီတဲ ပျက်စီးသွားလျှင် ကောင်းကင်ဘုံ၌ လူ့လက်ဖြင့် မဆောက်လုပ်ဘဲ ဘုရားသခင်ဖန်ဆင်းတော်မူသည့် ထာဝရအိမ်နှင့် တူသောကိုယ်ခန္ဓာသစ်ရှိကြောင်းကို ကျွန်ုပ်တို့သိကြ၏။
မြေကြီးပေါ်တွင် ရှိသော အရာများကို မစွဲလမ်းဘဲ အထက်အရပ်၌ ရှိသော အရာများကိုသာ စွဲလမ်းကြလော့။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ဖြစ်တည်စေ၍ ပြီးပြည့်စုံစေသော ယေရှု၏အကြောင်းကို အစဉ်တွေးတောဆင်ခြင်ကြစို့။ ကိုယ်တော်သည် မိမိရှေ့၌ရှိသော ဝမ်းမြောက်စရာအကြောင်းကြောင့် အရှက်ကို မှတ်ယူတော်မမူဘဲ လက်ဝါးကပ်တိုင်၏ဝေဒနာကို သည်းခံတော်မူ၏။ ယခုတွင်မူ ဘုရားသခင်၏ ရာဇပလ္လင် လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ကျွန်ုပ်တို့အတွက် ကောင်းကင်ဘုံသို့ တက်ကြွသွားသည့် ကြီးမြတ်သောယဇ်ပုရောဟိတ်မင်းရှိ၏။ သူသည် ဘုရားသခင်၏သားတော် ယေရှုခရစ်တော်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း မိမိတို့ယုံကြည်၍ အသိမှတ်ပြုဝန်ခံခဲ့သော အရာကို စွဲကိုင်ကြကုန်စို့။
ယေရှုခရစ်တော်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်လာ၏။ ကိုယ်တော်သည် ရှေ့ပြေးဖြစ်တော်မူပြီး ကျွန်ုပ်တို့ကိုယ်စား အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ဝင်ရောက်တော်မူ၏။
သန့်ရှင်းရာဌာနတော်၌ အမှုထမ်းဆောင်သူဖြစ်၏။ ဤသန့်ရှင်းရာဌာနတော်သည် လူက တည်ဆောက်ထားသော တဲတော်မဟုတ်ဘဲ ထာဝရဘုရားကိုယ်တိုင် တည်ဆောက်ထားသည့် စစ်မှန်သောတဲတော်ဖြစ်၏။
မောရှေသည် တဲတော်ဆောက်သောအခါ ဘုရားသခင်က “တောင်ပေါ်၌ သင့်အား ပြသောပုံစံအတိုင်း အရာအားလုံးကို ဆောက်လော့” ဟု သတိပေးတော်မူခဲ့သည်ဖြစ်၍ ထိုယဇ်ပုရောဟိတ်များအမှုထမ်းဆောင်ရာ တဲတော်သည်လည်း ကောင်းကင်ဘုံ၌ ရှိသော တဲတော်ကို ထင်ဟပ်ရန်နှင့် ပုံတူယူရန်ဖြစ်၏။
ဘုရားသခင်၏ ပထမပဋိညာဉ်၌ ဝတ်ပြုခြင်းနှင့်ဆိုင်သော စည်းမျဉ်းများနှင့် လောကနှင့်ဆိုင်သော သန့်ရှင်းရာဌာနတော် ပါရှိ၏။
ထိုတိရစ္ဆာန်တို့၏ သွေးဖြင့် ကောင်းကင်ဘုံ၌ ရှိသောအရာတို့၏ ပုံတူဖြစ်သည့် တဲတော်ရှိ အရာအားလုံးကို စင်ကြယ်စေရ၏။ သို့ရာတွင် ကောင်းကင်ဘုံ၌ ရှိသောအရာ အစစ်အမှန်တို့ကိုမူ ထိုနည်းထက် ပို၍ မြတ်သောယဇ်ပူဇော်ခြင်းဖြင့် စင်ကြယ်စေရ၏။
ဤအခြင်းအရာတို့သည် မျက်မှောက်ခေတ်ကို ဖော်ညွှန်းသည့် ပုံဥပမာဖြစ်၏။ ယဇ်ပုရောဟိတ်များ ပူဇော်သည့် ထိုအပြစ်ဖြေရာယဇ်များနှင့် ပူဇော်စရာများက ဝတ်ပြုသူတို့အား မိမိတို့ ပြီးပြည့်စုံပြီဟူ၍ လိပ်ပြာသန့်သန့်ခံယူစေနိုင်စွမ်းမရှိကြပေ။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွတော်မူပြီး ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်လျက် ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များကို အုပ်စိုးတော်မူ၏။
ကောင်းကင်တမန်တစ်ပါးသည် ရွှေလင်ပန်းကို ကိုင်လျက် ရှေ့သို့လာ၍ ယဇ်ပလ္လင်နားမှာ ရပ်နေ၏။ ရာဇပလ္လင်တော်ရှေ့၌ရှိသော ရွှေယဇ်ပလ္လင်ပေါ်တွင် သန့်ရှင်းသူတို့၏ ဆုတောင်းချက်များနှင့်အတူ ပူဇော်ဆက်ကပ်ရန် သူ့အား အမွှေးနံ့သာများစွာကို ပေးအပ်ထား၏။