Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ဗြဲ 8:2 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 သန့်ရှင်းရာ​ဌာနတော်​၌ အမှု​ထမ်းဆောင်သူ​ဖြစ်၏။ ဤ​သန့်ရှင်းရာ​ဌာနတော်​သည် လူ​က တည်ဆောက်ထားသော တဲတော်​မဟုတ်ဘဲ ထာဝရဘုရား​ကိုယ်တိုင် တည်ဆောက်ထားသည့် စစ်မှန်သော​တဲတော်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ကိုယ်​တော်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် တည်း​ဟူ​သော​တဲ​တော်​စစ်​၌ အ​မှု​တော်​ဆောင် လျက်​နေ​တော်​မူ​၏။ ထို​တဲ​တော်​စစ်​ကား​လူ​တို့ တည်​ဆောက်​သော​တဲ​တော်​မ​ဟုတ်၊ ဘု​ရား​ရှင် တည်​ဆောက်​တော်​မူ​သော​တဲ​တော်​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 လူ မ ဟုတ် ထာ ဝ ရ ဘု ရား စိုက် တော် မူ သော တဲ တော် စစ် နှင့် သန့် ရှင်း ရာ ဌာ န တော်၏ အ မှု တော် ဆောင် အ ရှင်၊ ထို သို့ သော ပ ရော ဟိတ် မင်း ကို ငါ တို့ ရ ရှိ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 လူ​မ​ဆောက်​ဘဲ ထာ​ဝ​ရ​ဘု​ရား ဆောက်​တော်​မူ​သော တဲ​တော်​စစ်​တည်း​ဟူ​သော၊ သန့်​ရှင်း​ရာ​ဌာ​န၌ ဘု​ရား​ဝတ်​ကို​ပြု​သော​သူ ဖြစ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 လူ​က​မ​ဟုတ်​ဘဲ ထာဝရ​ဘုရား​က​တည်ဆောက်​တော်မူ​သော စစ်မှန်​သည့်​တဲ​တော်​နှင့် သန့်ရှင်း​ရာ​ဌာန​၏​အမှု​ကို​ထမ်းဆောင်​သူ​ဖြစ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 8:2
15 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်တို့​၏ ကိုယ်ခန္ဓာ​သည် ဤ​ကမ္ဘာ​ပေါ်တွင် ကျွန်ုပ်တို့​နေထိုင်သော ယာယီ​တဲ​နှင့် တူ၏။ ဤ​ယာယီ​တဲ ပျက်စီးသွား​လျှင် ကောင်းကင်ဘုံ​၌ လူ့​လက်​ဖြင့် မဆောက်လုပ်ဘဲ ဘုရားသခင်​ဖန်ဆင်းတော်မူသည့် ထာဝရ​အိမ်​နှင့် တူသော​ကိုယ်ခန္ဓာ​သစ်​ရှိကြောင်း​ကို ကျွန်ုပ်တို့​သိကြ၏။


ခရစ်တော်​သည် ဂျူးလူမျိုးတို့​၏ အစေခံ​အဖြစ် ကြွလာရခြင်း​မှာ ဘုရားသခင်​သည် ဘိုးဘေးတို့​အား ပေးတော်မူသော​ကတိ​ကို တည်တော်မူသော​အရှင်​ဖြစ်ကြောင်း ပြသ​ရန် ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် အာဗြဟံ​သည် ဘုရားသခင် စီမံ​ဆောက်လုပ်တော်မူသည့် ခိုင်ခံ့သော​အုတ်မြစ်များ​ရှိသည့်​မြို့​ကို မျှော်လင့်နေခဲ့​သောကြောင့်​ဖြစ်၏။


ထို့ပြင် ကျွန်ုပ်တို့​တွင် ဘုရားသခင်​၏ အိမ်တော်​ကို အုပ်စိုး​သည့် ယဇ်ပုရောဟိတ်မင်း​ရှိ၏။


သင်တို့​သည် ခရစ်တော်​နှင့် တပေါင်းတစည်းတည်း ဖြစ်​သောကြောင့် လူ့​လက်​ဖြင့် ပြုလုပ်ရသော အရေပြားလှီးခြင်း မဟုတ်ဘဲ ခရစ်တော် ပြုလုပ်သော အရေပြားလှီးခြင်း​ကို ခံယူကြ၏။ ခရစ်တော်​သည် သင်တို့​၏ လူ့​ဗီဇစိတ် အပြစ်​ကို ဖယ်ရှား​ပြီး


ထို့နောက် ယေရှု​က “မောရှေ​၏​ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများ​နှင့် ဆာလံကျမ်းများ​တွင် ငါ့​အကြောင်း​နှင့် ပတ်သက်၍ ရေးသားထား​သမျှသော​အရာ​အားလုံး​သည် ဖြစ်ပျက်လာ​ရမည်​ဟူ၍ သင်တို့​နှင့်အတူ​ရှိ​စဉ်က ငါ​ပြောဆိုပြီ” ဟု မိန့်တော်မူ၏။


ဘုရားသခင်​၏ ပထမ​ပဋိညာဉ်​၌ ဝတ်ပြုခြင်း​နှင့်​ဆိုင်သော စည်းမျဉ်းများ​နှင့် လောက​နှင့်​ဆိုင်သော သန့်ရှင်းရာ​ဌာနတော် ပါရှိ၏။


ယဇ်ပုရောဟိတ်​တိုင်း​သည် နေ့စဉ် ရပ်​လျက် မိမိ​တာဝန်​ကို ဆောင်ရွက်​ကာ အပြစ်​ကို လုံးဝ​မဖြေနိုင်သော ထို​ယဇ်များ​ကို အကြိမ်ကြိမ် ပူဇော်ကြရ၏။


ထို့နောက် ရာဇပလ္လင်တော်​မှ ကျယ်လောင်သော​အသံ​ကို ကျွန်ုပ်​ကြားရ၏။ ထို​အသံ​မှာ “ကြည့်လော့။ ဘုရားသခင် စံမြန်းရာ​နေရာ​သည် လူတို့​တွင် ရှိ​၍ သူတို့​နှင့်အတူ စံမြန်းတော်မူမည်။ သူတို့​သည် ကိုယ်တော်​၏​လူများ​ဖြစ်ကြပြီး ဘုရားသခင်​ကိုယ်တိုင် သူတို့​နှင့်အတူ ရှိနေ​၍ သူတို့​၏​ဘုရားသခင် ဖြစ်တော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ