ထိုသို့ ကျွန်ုပ်သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျက် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရသည့်အတွက် ဂုဏ်ယူစရာရှိ၏။
ဟေဗြဲ 5:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့ထဲမှ ဘုရားသခင်ရွေးချယ်တော်မူသော ယဇ်ပုရောဟိတ်မင်းဟူသည်မှာ ပူဇော်စရာများနှင့် အပြစ်ဖြေရာယဇ်ကို လူတို့ကိုယ်စား ဘုရားသခင်အား ပူဇော်ရန် ခန့်အပ်ခံရသူဖြစ်၏။ Common Language Bible ယဇ်ပုရောဟိတ်မင်းမည်သည်ကားအပြစ် ဖြေရာယဇ်နှင့် ပူဇော်သကာများကိုဆက်သ ရန်အတွက် လူတို့၏ကိုယ်စားဘုရားသခင် ၏အမှုတော်ကိုထမ်းဆောင်ရန် ရွေးချယ်ခန့် ထားခြင်းခံရသူဖြစ်၏။- Garrad Bible ပ ရော ဟိတ် မင်း ဆို သည် မှာ အ လှူ ဝ တ္ထု နှင့် အ ပြစ် ဖြေ ရာ သ က္ကာ များ ကို ဆက် ကပ် ရန် ဘု ရား သ ခင့် ဝေ ယျ ဝ စ္စ များ နှင့် စပ်၍ လူ တို့ အ ဖို့ ခန့် ထား သူ၊ Judson Bible လူတို့တွင်ရွေးကောက်သော ယဇ်ပုရောဟိတ်မင်း မည်သည်ကား၊ ပူဇော်သကာကိုလည်းကောင်း၊ အပြစ်ဖြေရာ ယဇ်ကိုလည်းကောင်း ပူဇော်၍၊ လူတို့အတွက် ဘုရားဝတ်ပြုစေခြင်းငှာ ခန့်ထားတော်မူသောသူ ဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း လူတို့အထဲမှ ရွေးကောက်ခြင်းခံရသောယဇ်ပုရောဟိတ်မင်းမှန်သမျှသည် အပြစ်ဖြေရာယဇ်များနှင့်ပူဇော်သက္ကာများကို လူတို့၏ကိုယ်စား ဘုရားသခင်ထံပူဇော်ဆက်ကပ်ရန် ခန့်ထားခြင်းခံရ၏။ |
ထိုသို့ ကျွန်ုပ်သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်လျက် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရသည့်အတွက် ဂုဏ်ယူစရာရှိ၏။
ကျွန်ုပ်ကိုယ်တိုင် ခံယူရရှိခဲ့သည့် အရေးကြီးဆုံးသောအရာကို သင်တို့အား ကျွန်ုပ်လက်ဆင့်ကမ်းခဲ့၏။ ထိုအရာမှာ ကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ခရစ်တော်သည် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသေခံတော်မူသည့်အကြောင်း၊
ယဇ်ပုရောဟိတ်တိုင်းသည် နေ့စဉ် ရပ်လျက် မိမိတာဝန်ကို ဆောင်ရွက်ကာ အပြစ်ကို လုံးဝမဖြေနိုင်သော ထိုယဇ်များကို အကြိမ်ကြိမ် ပူဇော်ကြရ၏။
သို့သော် ခရစ်တော်မှာမူ အပြစ်ဖြေရန် ထာဝရအတွက် တစ်ခုတည်းသောယဇ်ကို ပူဇော်တော်မူ၏။ ထို့နောက် ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
အာဗေလသည် ကာဣနထက် ပို၍ မြတ်သောယဇ်ကို ဘုရားသခင်အား ယုံကြည်ခြင်းဖြင့် ပူဇော်၏။ ဘုရားသခင်သည် အာဗေလ၏ အလှူကို နှစ်သက်လက်ခံတော်မူပြီး အာဗေလသည် ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူခြင်းခံရ၏။ အာဗေလသည် ကွယ်လွန်သော်လည်း ထိုယုံကြည်ခြင်းစံနမူနာဖြင့် ကျွန်ုပ်တို့အား ဟောပြောနေဆဲဖြစ်၏။
ထို့ကြောင့် ကိုယ်တော်သည် အရာရာတိုင်း၌ မိမိညီအစ်ကိုမောင်နှမတို့နှင့် တူရ၏။ ဤနည်းဖြင့် ကိုယ်တော်သည် လူတို့၏အပြစ်များကို ဖြေလွှတ်ပေးရန် ဘုရားသခင်၏အမှုတော်တွင် ကရုဏာနှင့် သစ္စာရှိသော ယဇ်ပုရောဟိတ်မင်းဖြစ်လာရ၏။
အခြားယဇ်ပုရောဟိတ်မင်းများသည် မိမိတို့အပြစ်အတွက် သော်လည်းကောင်း၊ လူတို့၏ အပြစ်အတွက်သော်လည်းကောင်း နေ့တိုင်းယဇ်ပူဇော်ရသော်လည်း ကိုယ်တော်သည် ထိုသို့ပူဇော်ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် လူတို့၏ အပြစ်အတွက် မိမိအသက်ကို ပူဇော်စဉ်က တစ်ကြိမ်တည်းနှင့် အပြီး ပူဇော်သောကြောင့်ဖြစ်၏။
ယဇ်ပုရောဟိတ်မင်းဟူသည် ပူဇော်စရာများနှင့် ယဇ်များကို ဘုရားသခင်ထံ ပူဇော်ရန် ခန့်အပ်ခြင်းခံရသူဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာတစ်စုံတစ်ခုရှိရမည်။
ဘုရားသခင်အား ပညတ်တရားအရ ပူဇော်စရာများပူဇော်ရသော ယဇ်ပုရောဟိတ်များသည် ကမ္ဘာလောကတွင် ရှိနေပြီဖြစ်သောကြောင့် ကိုယ်တော်သည် ကမ္ဘာလောကတွင်ရှိခဲ့လျှင် ယဇ်ပုရောဟိတ်ဖြစ်မည်မဟုတ်။
ဤအခြင်းအရာတို့သည် မျက်မှောက်ခေတ်ကို ဖော်ညွှန်းသည့် ပုံဥပမာဖြစ်၏။ ယဇ်ပုရောဟိတ်များ ပူဇော်သည့် ထိုအပြစ်ဖြေရာယဇ်များနှင့် ပူဇော်စရာများက ဝတ်ပြုသူတို့အား မိမိတို့ ပြီးပြည့်စုံပြီဟူ၍ လိပ်ပြာသန့်သန့်ခံယူစေနိုင်စွမ်းမရှိကြပေ။