ငါသည် ဒုက္ခဆင်းရဲများနှင့် ကြုံတွေ့သောအခါ သင်တို့သည် ငါ့နံဘေးတွင် ရပ်တည်သောသူများဖြစ်ကြ၏။
ဟေဗြဲ 2:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် ဖြားယောင်းသွေးဆောင်ခြင်းခံရလျက် ဒုက္ခကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသောကြောင့် ဖြားယောင်းသွေးဆောင်ခံရသူများကို ကူညီပေးနိုင်၏။ Common Language Bible ကိုယ်တော်သည်မိမိကိုယ်တိုင်ဆင်းရဲဒုက္ခနှင့် စုံစမ်းသွေးဆောင်ခြင်းကိုခံခဲ့ရသဖြင့် စုံ စမ်းသွေးဆောင်ခြင်းခံရသူတို့အားကူညီ မစခြင်းငှာတတ်နိုင်တော်မူသည်။ Garrad Bible ညီ တော် တို့ နှင့် လုံး လုံး တူ ညီ ရန် တာ ဝန် ရှိ၏။ ကိုယ် တော် တိုင် စုံ စမ်း ရာ ရောက်၍ ဒု က္ခ ခံ တော် မူ သ ဖြင့် စုံ စမ်း ခံ ရ သူ တို့ ကို ကယ် မ တော် မူ နိုင် ၏။ Judson Bible ထိုသို့ စုံစမ်းနှောင့်ယှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဒုက္ခဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံစမ်းနှောင့်ယှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို မစခြင်းငှာ တတ်နိုင်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်တိုင်ဖြားယောင်းသွေးဆောင်ခြင်းခံရလျက် ဒုက္ခဝေဒနာခံစားခဲ့သောကြောင့် ဖြားယောင်းသွေးဆောင်ခြင်းခံရသောသူတို့ကို ကူညီမစရန်တတ်နိုင်တော်မူ၏။ |
ငါသည် ဒုက္ခဆင်းရဲများနှင့် ကြုံတွေ့သောအခါ သင်တို့သည် ငါ့နံဘေးတွင် ရပ်တည်သောသူများဖြစ်ကြ၏။
ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် သင်တို့နှင့်အတူရှိစဉ် မဖမ်းဆီးဘဲနေကြ၏။ သို့သော်လည်း ဤအချိန်သည် သင်တို့၏အချိန်၊ အမှောင်ထုကြီးစိုးချိန် ဖြစ်၏” ဟု မိန့်တော်မူ၏။
ထိုသိုးတို့ကို ငါ့အား ပေးအပ်တော်မူသော ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ၏။ ထို့ကြောင့် မည်သူကမျှ ထိုသိုးတို့ကို ခမည်းတော်၏ လက်တော်မှ လုယူသွားနိုင်မည်မဟုတ်။
သင်တို့ဘဝတွင် ကြုံတွေ့ရသော စုံစမ်းနှောင့်ယှက်မှုများသည် အခြားသူများ ကြုံတွေ့ရသောစုံစမ်းနှောင့်ယှက်မှုများနှင့် မခြားနားပါ။ ဘုရားသခင်သည် သစ္စာရှိတော်မူသည်ဖြစ်၍ သင်တို့ ခံနိုင်သည်ထက် ပိုသော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့အား ခံစေတော်မူမည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့ကြုံတွေ့ရသောအခါ ဘုရားသခင်သည် သင်တို့ခံနိုင်ရန်အတွက် လွတ်မြောက်မည့်လမ်းကို ပြင်ဆင်ပေးတော်မူလိမ့်မည်။
ကိုယ်တော်သည် အရာအားလုံးကို မိမိအာဏာစက်အောက်၌ ထားနိုင်စွမ်းရှိသောတန်ခိုးအားဖြင့် ကျွန်ုပ်တို့၏ လူ့ကိုယ်ခန္ဓာကို မိမိ၏ ဘုန်းအသရေနှင့် ပြည့်ဝသော ကိုယ်ခန္ဓာနှင့် တူစေရန် ပြောင်းလဲတော်မူလိမ့်မည်။
ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိမိယုံကြည်သောအရှင်ကို သိပြီး ကိုယ်တော်ထံ၌ မိမိအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းတော်မူမည်ဟု စိတ်ချသောကြောင့်ဖြစ်၏။
ထိုယဇ်ပုရောဟိတ်မင်းသည် ကိုယ်တိုင်အားနည်းချက် ရှိသဖြင့် မသိနားမလည်ဘဲ လမ်းမှားရောက်နေသူတို့ကို စာနာနိုင်၏။
ထာဝရဘုရားသည် ယခင်က ထိုသို့ပြုတော်မူသောကြောင့် ဘုရားတရားကိုင်းရှိုင်းသူတို့ကို ဆင်းရဲဒုက္ခထဲမှ မည်သို့ကယ်တင်ရမည်ကိုလည်းကောင်း၊ မဖြောင့်မတ်သောသူတို့ကို တရားစီရင်ရာနေ့တိုင်အောင် မည်သို့အပြစ်ဒဏ်ပေး၍ ထိန်းသိမ်းထားရမည်ကိုလည်းကောင်း သိတော်မူ၏။
သင်တို့အား အပြစ်နွံထဲသို့ လဲကျခြင်းမှ ကင်းဝေးစေနိုင်ပြီး အပြစ်ကင်းစင်လျက် ရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် မိမိဘုန်းအသရေတော်ရှေ့သို့ ဝင်ရောက်စေနိုင်သည့်
သင်သည် ငါသွန်သင်သည့်အတိုင်း သည်းခံလျက်နေခဲ့၏။ ထို့ကြောင့် ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့ကို စစ်ဆေးရန်အတွက် ကမ္ဘာတစ်ဝန်းလုံးအပေါ် ကျရောက်မည့်စုံစမ်းနှောင့်ယှက်ခြင်းကာလမှ သင်တို့ကို ငါကယ်တင်မည်။