Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 2:18 - Common Language Bible

18 ကိုယ်​တော်​သည်​မိ​မိ​ကိုယ်​တိုင်​ဆင်း​ရဲ​ဒုက္ခ​နှင့် စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ခဲ့​ရ​သ​ဖြင့် စုံ စမ်း​သွေး​ဆောင်​ခြင်း​ခံ​ရ​သူ​တို့​အား​ကူ​ညီ မ​စ​ခြင်း​ငှာ​တတ်​နိုင်​တော်​မူ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ညီ တော် တို့ နှင့် လုံး လုံး တူ ညီ ရန် တာ ဝန် ရှိ၏။ ကိုယ် တော် တိုင် စုံ စမ်း ရာ ရောက်၍ ဒု က္ခ ခံ တော် မူ သ ဖြင့် စုံ စမ်း ခံ ရ သူ တို့ ကို ကယ် မ တော် မူ နိုင် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ထို​သို့ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ကိုယ်​တော်​တိုင်​ခံ၍ ဒု​က္ခ​ဆင်း​ရဲ​ခြင်း၌ ကျင်​လည်​သော​ကြောင့်၊ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​မှု​နှင့် တွေ့​ကြုံ​သော​သူ​တို့​ကို မ​စ​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 အကြောင်းမူကား ကိုယ်တော်​သည် မိမိ​ကိုယ်တိုင်​ဖြားယောင်း​သွေးဆောင်​ခြင်း​ခံရ​လျက် ဒုက္ခ​ဝေဒနာ​ခံစား​ခဲ့​သောကြောင့် ဖြားယောင်း​သွေးဆောင်​ခြင်း​ခံရ​သော​သူ​တို့​ကို ကူညီမစ​ရန်​တတ်နိုင်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ကိုယ်တော်​သည် ဖြားယောင်း​သွေးဆောင်ခြင်း​ခံရ​လျက် ဒုက္ခ​ကို ကိုယ်တိုင်​တွေ့ကြုံခဲ့ရ​သောကြောင့် ဖြားယောင်း​သွေးဆောင်​ခံရ​သူများ​ကို ကူညီပေး​နိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 2:18
16 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​ငါ​နှင့်​အ​တူ​စုံ​စမ်း​နှောင့်​ယှက်​မှု များ​ကို​ရင်​ဆိုင်​ခဲ့​သူ​များ​ဖြစ်​ကြ​၏။-


ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​မှာ​ရှိ​စဉ်​သင် တို့​သည်​အ​ဘယ်​ကြောင့်​မ​ဖမ်း​ဆီး​ကြ​သ​နည်း။ သို့​ရာ​တွင်​ဤ​အ​ချိန်​ကား​သင်​တို့​၏​အ​ချိန်၊ အ​မိုက်​မှောင်​စိုး​မိုး​ရာ​အ​ချိန်​တည်း'' ဟု မိန့်​တော်​မူ​၏။


သူ​တို့​ကို​ငါ့​အား​ပေး​သ​နား​တော်​မူ​သော ခ​မည်း​တော်​သည်​ခပ်​သိမ်း​သော​သူ​တို့​ထက် ကြီး​မြတ်​တော်​မူ​၏။ သို့​ဖြစ်​၍​မည်​သူ​မျှ​သိုး တို့​ကို​ခ​မည်း​တော်​၏​လက်​မှ​မ​လု​မ​ယူ​နိုင်။-


သင်​တို့​တွေ့​ကြုံ​ရ​သည့်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း များ​သည်​လူ​အ​ပေါင်း​တို့​တွေ့​ကြုံ​နေ​ကြ၊ သာ မန်​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​သာ​ဖြစ်​၏။ ဘု​ရား သ​ခင်​သည်​က​တိ​တည်​တော်​မူ​သော​အ​ရှင်​ဖြစ် တော်​မူ​သ​ဖြင့် သင်​တို့​အား​မိ​မိ​တို့​ခံ​နိုင်​သည် ထက်​ပို​၍​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​စေ​တော် မူ​လိမ့်​မည်​မ​ဟုတ်။ စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ခံ​ရ ချိန်​၌​ခံ​နိုင်​သော​ခွန်​အား​ကို​ပေး​တော်​မူ​သ​ဖြင့် ထို​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​မှ​လွတ်​မြောက်​ရန် လမ်း​ဖွင့်​ပေး​တော်​မူ​လိမ့်​မည်။


ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို​မိ​မိ​၏​အာ​ဏာ စက်​အောက်​တွင်​ရောက်​စေ​တော်​မူ​သော​တန်​ခိုး​တော် အား​ဖြင့် ငါ​တို့​၏​သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ် ခန္ဓာ​ကို​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကိုယ်​ခန္ဓာ တော်​နှင့်​တူ​အောင် ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။


ထို​အ​ကြောင်း​ကြောင့်​ငါ​သည်​ဤ​ဆင်းရဲ​ဒုက္ခ​များ ကို​ခံ​ရ​ခြင်း​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ငါ​၌​ယုံ ကြည်​စိတ်​ချ​မှု​ရှိ​သေး​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ငါ​သည်​အ​ဘယ်​သူ​ကို​ကိုး​စား​သည်​ကို လည်း​ကောင်း၊ ထို​အ​ရှင်​၏​လက်​ဝယ်​ငါ​ပေး​အပ် ထား​သော​အ​ရာ​ကို​ကိုယ်​တော်​ရှင်​သည် တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရောက်​သည်​တိုင်​အောင် စောင့်​ထိန်း​နိုင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ငါ​အ​သေ​အ​ချာ​သိ​သော​ကြောင့်​ဖြစ်​၏။-


သူ​ကိုယ်​တိုင်​၌​ပင်​လျှင်​အား​နည်း​ချက်​အ​မျိုး မျိုး​ရှိ​သ​ဖြင့် အ​သိ​ပ​ညာ​ကင်း​မဲ့​၍​မှား​ယွင်း သူ​တို့​အား​ကိုယ်​ချင်း​စာ​တ​ရား​ထား​နိုင်​၏။-


သို့​ဖြစ်​၍​ဘု​ရား​ကြည်​ညို​သူ​တို့​အား​မိ​မိ တို့​ခံ​ရ​သော​စုံ​စမ်း​နှောင့်​ယှက်​ခြင်း​များ​မှ ကယ်​တင်​တော်​မူ​ရန်​လည်း​ကောင်း၊ သူ​ယုတ်​မာ များ​အ​ထူး​သ​ဖြင့်​မိ​မိ​တို့​၏​ကိ​လေ​သာ စိတ်​ဆွဲ​ဆောင်​ရာ​သို့​လိုက်​၍ ဘု​ရား​သ​ခင် အာ​ဏာ​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု​သူ​များ အား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​တိုင်​အောင် ပြစ်​ဒဏ်​ပေး​ထား​ရန်​လည်း​ကောင်း​ထာ​ဝ​ရ ဘု​ရား​ပြု​တော်​မူ​တတ်​၏။ ထို​မိစ္ဆာ​ဆ​ရာ​တို့​သည်​အ​တင့်​ရဲ​၍​မာ​န ထောင်​လွှား​လျက် တန်​ခိုး​ကြီး​သော​ကောင်း ကင်​သား​တို့​အား​မ​ရို​သေ​ဘဲ​စော်​ကား ပြော​ဆို​ကြ​၏။-


သင်​တို့​မ​ပြို​မ​လဲ​ကြ​စေ​ရန် စောင့်​ရှောက်​တော် မူ​နိုင်​၍၊ သင်​တို့​အား​အ​ပြစ်​ကင်း​စင်​စေ​လျက် ရွှင်​လန်း​ဝမ်း​မြောက်​စွာ ဘုန်း​အ​သ​ရေ​ထွန်း တောက်​ရာ​ရှေ့​တော်​မှောက်​သို့ ဝင်​ရောက်​ခွင့်​ကို ပေး​တော်​မူ​နိုင်​သော၊-


သင်​သည်​ငါ​မှာ​ကြား​သည့်​အ​တိုင်း​စိတ်​ရှည်​သည်း ခံ​လျက်​နေ​ခဲ့​၏။ သို့​ဖြစ်​၍​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အား​စစ်​ဆေး​ရန် ဆင်း​ရဲ​ဒုက္ခ​ကျ​ရောက်​လာ​ချိန်​၌ သင့်​အား​ငါ​ကာ​ကွယ်​စောင့်​ရှောက်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ