ဟေဗြဲ 13:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမကဲ့သို့ အချင်းချင်း ဆက်၍ ချစ်ကြလော့။ Common Language Bible သင်တို့သည်ခရစ်ယာန်ညီအစ်ကိုများအနေ ဖြင့် တစ်ဦးကိုတစ်ဦးချစ်မြဲချစ်ကြလော့။- Garrad Bible သင်္ဂ ဟ ဝတ် ကို ပြု မြဲ ပြု ကြ လော့။ ဧည့် ဝတ် အား ဖြင့် အ ချို့ တို့ သည် စေ တ မန် တော် များ ကို မ မှတ် ဘဲ ဧည့် ခံ ကြ ပြီး ဖြစ်၍ ထို ဝတ် ကို မ လစ် လပ် ကြ နှင့်။ Judson Bible ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည်ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုချင်းချစ်သောမေတ္တာ၌ ဆက်၍တည်ကြလော့။ |
ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ယုံကြည်သူအပေါင်းတို့သည် တစ်နေရာတည်းတွင် အတူတကွ စုဝေးနေကြ၏။
ယခုအခါ၌ ယုံကြည်သောသူရှိသမျှတို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိကြသဖြင့် မည်သူမျှ မိမိဥစ္စာပစ္စည်းများကို မိမိပိုင်သည်ဟု မဆိုဘဲ ရှိသမျှဥစ္စာတို့ကို မျှဝေအသုံးပြုကြ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် လွတ်လပ်ခွင့်ရရန်အတွက် ခေါ်တော်မူခြင်းခံရသူများ ဖြစ်၏။ သို့သော် သင်တို့၏ လွတ်လပ်ခွင့်ကို မိမိဗီဇစိတ်အလိုသို့ လိုက်ရန်အတွက် အခွင့်အရေးအဖြစ်အသုံးမပြုဘဲ မေတ္တာဖြင့် အချင်းချင်းအစေခံခြင်းအတွက် အသုံးပြုကြလော့။
သို့သော် ဝိညာဉ်တော်က ဖြစ်စေသော အသီးအပွင့်မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်သိခြင်း၊
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
ငြိမ်းချမ်းခြင်းနှောင်ကြိုးဖြင့် သန့်ရှင်းသောဝိညာဉ်တော်က ပေးသော စည်းလုံးညီညွတ်ခြင်းကို ကြိုးစား၍ ထိန်းသိမ်းကြလော့။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ပြုသင့်သည့်အတိုင်း သင်တို့အတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွားကာ အချင်းချင်းအပေါ် ထားသော ချစ်ခြင်းမေတ္တာသည်လည်း ပွားများလာသောကြောင့် ဖြစ်၏။
မေတ္တာထားရန်နှင့် ကောင်းမှုပြုရန် အချင်းချင်း မည်သို့နှိုးဆော်ရမည်ကို စဉ်းစားဆင်ခြင်ကြပါစို့။
သင်တို့သည် သမ္မာတရားကို နာခံခြင်းဖြင့် မိမိကိုယ်မိမိ သန့်ရှင်းစင်ကြယ်စေပြီဖြစ်၍ သင်တို့၏ညီအစ်ကိုမောင်နှမများကို စိတ်ရင်းအမှန်ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းအကြွင်းမဲ့ချစ်ကြလော့။
လူတိုင်းကိုလေးစားကြလော့။ ယုံကြည်သူညီအစ်ကိုမောင်နှမတို့ကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်ကို ရိုသေကြလော့။
အချုပ်ဆိုရလျှင် သင်တို့အားလုံး တစ်စိတ်တစ်ဝမ်းတည်းရှိကြလော့။ စာနာစိတ်ထား၍ တစ်ဦးကိုတစ်ဦး ညီအစ်ကိုမောင်နှမသဖွယ် ချစ်ကြလော့။ သနားကြင်နာစိတ်ထား၍ နှိမ့်ချကြလော့။
အရေးကြီးဆုံးအရာမှာ အချင်းချင်းနှစ်နှစ်ကာကာ ချစ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ချစ်ခြင်းမေတ္တာသည် အပြစ်များစွာကို ဖုံးအုပ်တတ်သောကြောင့်ဖြစ်၏။
ဘုရားတရားကိုင်းရှိုင်းခြင်း၌ ညီအစ်ကိုမောင်နှမချစ်ခြင်းကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမချစ်ခြင်း၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသီးသီးထပ်မံဖြည့်စွက်ရန် ကြိုးစားအားထုတ်ကြလော့။
ဘုရားသခင် ပညတ်တော်မူသည်မှာ သားတော်ယေရှုခရစ်တော်၏ နာမတော်ကို ယုံကြည်၍ ကျွန်ုပ်တို့ကို ပညတ်တော်မူသည့်အတိုင်း အချင်းချင်း ချစ်ကြရန် ဖြစ်၏။
တစ်စုံတစ်ယောက်က “ငါသည် ဘုရားသခင်ကို ချစ်သည်” ဟု ဆိုသော်လည်း မိမိညီအစ်ကိုမောင်နှမကို မုန်းလျှင် ထိုသူသည် လိမ်လည်သောသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျက်စိဖြင့် မြင်ရသော ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် မမြင်ရသောဘုရားသခင်ကို ချစ်နိုင်မည်မဟုတ်သောကြောင့်ဖြစ်၏။
သို့သော် သင်သည် အစဦး၌ ချစ်သကဲ့သို့ ယခု မချစ်တော့သဖြင့် သင့်အား အပြစ်ပြောစရာရှိ၏။