ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
ဟေဗြဲ 12:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ ကောင်းကင်တမန်ထောင်ပေါင်းများစွာ စုဝေးရာ အသက်ရှင်တော်မူသောဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ဘုံရှိ ဂျေရုဆလင်မြို့သို့လည်းကောင်း၊ Common Language Bible သင်တို့သည်သိနာတောင်အစားဇိအုန် တောင်သို့လည်းကောင်း၊ အတိုင်းမသိများစွာ သောကောင်းကင်တမန်များရှိရာအသက် ရှင်တော်မူသောဘုရားသခင်၏မြို့တော် တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့ သို့လည်းကောင်းရောက်ရှိနေကြ၏။- Garrad Bible သင် တို့ သည် ဇိ အုန် တောင် တော်၊ ကောင်း ကင် ယေ ရု ရှ လင် မြို့ တော်၊ အ သက် ရှင် တော် မူ သော ဘု ရား သ ခင့် မြို့ တော် သို့ လည်း ကောင်း၊ ကု ဋေ သင်္ချေ မ က သော စေ တ မန် တော် တို့ ပွဲ သ ဘင် သို့ လည်း ကောင်း၊ Judson Bible သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင်ယေရုရှလင်မြို့သို့လည်းကောင်း၊ အတိုင်းမသိ များစွာသော ကောင်းကင်တမန်တို့၏ စည်းဝေးခြင်းသို့လည်းကောင်း၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသောဘုရားသခင်၏မြို့တော်တည်းဟူသော အထက်ကောင်းကင်အရပ်ရှိ ဂျေရုဆလင်မြို့သို့လည်းကောင်း၊ အတိုင်းမသိများစွာသော ကောင်းကင်တမန်တို့စုဝေးရာအခမ်းအနားသို့လည်းကောင်း၊ |
ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသည့် ဘုရားသခင်၏သားတော်ဟူသော ခရစ်တော်ဖြစ်၏” ဟု လျှောက်လေ၏။
မြေကြီးသည် ဘုရားသခင်၏ ခြေတင်ရာခုံဖြစ်သောကြောင့် မြေကြီးကို တိုင်တည်၍ မကျိန်ဆိုရ။ ဂျေရုဆလင်မြို့သည် ကြီးမြတ်သောဘုရင်၏ မြို့တော်ဖြစ်သောကြောင့် ထိုမြို့ကို တိုင်တည်၍လည်း မကျိန်ဆိုရ။
သို့ဖြစ်၍ အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ကယ်တင်တော်မူခြင်းကို ခံရလိမ့်မည်။ ကျမ်းစာ၌လည်း “ကယ်တင်မည့်အရှင်သည် ဂျေရုဆလင်မြို့မှ ကြွလာ၍ အစ္စရေးလူမျိုးတို့ထံမှ ဘုရားတရားမဲ့ခြင်းကို ဖယ်ရှားတော်မူလိမ့်မည်။
ထို့ပြင် ‘သင်တို့သည် ငါ့လူမျိုးမဟုတ်’ ဟု ပြောဆိုခံခဲ့ရသော ထိုအရပ်၌ပင် သူတို့သည် ‘အသက်ရှင်တော်မူသော ဘုရားသခင်၏ သားသမီးများ’ ဟု အခေါ်ခံရကြလိမ့်မည်” ဟူ၍ ဖြစ်၏။
သို့သော် ကျန်အမျိုးသမီးဖြစ်သော စာရာသည် အထက်အရပ်တွင် ရှိသော ဂျေရုဆလင်မြို့ကို ကိုယ်စားပြု၏။ သူသည် လွတ်လပ်သူဖြစ်ပြီး ကျွန်ုပ်တို့၏ မိခင်ဖြစ်၏။
သို့ဖြစ်၍ သင်တို့သည် တိုင်းတစ်ပါးသားနှင့် ဧည့်သည်များ မဟုတ်တော့ဘဲ ယုံကြည်သူများနှင့် တစ်ပြည်တည်းသား ဖြစ်၍ ဘုရားသခင်၏ မိသားစုဝင်များ ဖြစ်ကြ၏။
သို့သော် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံသားများဖြစ်ကြပြီး ထိုကောင်းကင်ဘုံမှ ကြွလာတော်မူမည့် ကယ်တင်ရှင် သခင်ယေရှုခရစ်တော်ကို စောင့်မျှော်နေကြ၏။
သင်တို့ထံ ကျွန်ုပ်တို့ရောက်ခဲ့စဉ် သင်တို့သည် ကျွန်ုပ်တို့ကို မည်သို့ လက်ခံခဲ့ကြောင်းကိုလည်းကောင်း၊ အသက်ရှင်၍ စစ်မှန်သည့် ဘုရားသခင်ကို အစေခံရန် သင်တို့သည် ရုပ်တုကိုးကွယ်နေခဲ့ရာမှ ဘုရားသခင်ထံ မည်သို့ပြောင်းလဲခဲ့ကြောင်းကိုလည်းကောင်း ထိုဒေသတွင် နေထိုင်သူများက ပြောပြကြ၏။
သခင်ဘုရားသည် မကောင်းမှုမှန်သမျှမှ ကျွန်ုပ်ကို ကယ်တင်တော်မူ၍ မိမိကောင်းကင်နိုင်ငံတော်သို့ ဘေးကင်းစွာ ပို့ဆောင်တော်မူလိမ့်မည်။ ကိုယ်တော်သည် အစဉ်ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။
အသက်ရှင်တော်မူသော ဘုရားသခင်၏ လက်တော်သို့ ကျရောက်ရခြင်းသည် ကြောက်မက်ဖွယ်ကောင်းလှ၏။
အဘယ်ကြောင့်ဆိုသော် အာဗြဟံသည် ဘုရားသခင် စီမံဆောက်လုပ်တော်မူသည့် ခိုင်ခံ့သောအုတ်မြစ်များရှိသည့်မြို့ကို မျှော်လင့်နေခဲ့သောကြောင့်ဖြစ်၏။
သို့သော် ထိုသူတို့သည် ပို၍ ကောင်းသောပြည်ဖြစ်သည့် ကောင်းကင်ဘုံ၌ ရှိသော ပြည်ကို တောင့်တကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ ဘုရားဟု ခေါ်ဝေါ်ခံရခြင်းကို ရှက်တော်မမူသည့်အပြင် သူတို့နေထိုင်ရန် မြို့ကိုပင် တည်တော်မူပြီ။
အဘယ်ကြောင့်ဆိုသော် ဤလောက၌ ကျွန်ုပ်တို့အတွက် တည်မြဲသောမြို့ မရှိသောကြောင့် ဖြစ်၏။ အနာဂတ်၌ ပေါ်ထွန်းမည့်မြို့ကိုသာ ကျွန်ုပ်တို့တောင့်တကြ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့၏ စိတ်နှလုံးသည် ညစ်ညူး၍ ယုံကြည်ရန် ငြင်းဆန်ကာ အသက်ရှင်သော ဘုရားသခင်ထံမှ ထွက်မသွားစေရန် သတိပြုကြလော့။
ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။
အာဒံမှ ဆင်းသက်၍ ခုနစ်ဆက်မြောက်သောမျိုးဆက် ဧနောက်သည် သူတို့နှင့်ပတ်သက်၍ “နားထောင်လော့။ ထာဝရဘုရားသည် မိမိ၏ မြောက်မြားစွာသောကောင်းကင်တမန်များနှင့်အတူ ကြွလာ၍
ထို့နောက် ကျွန်ုပ်ကြည့်လိုက်ရာ ဇိအုန်တောင်ပေါ်တွင် ရပ်နေသော သိုးသငယ်တော်ကို မြင်ရ၏။ သူ၏ နာမတော်နှင့် ခမည်းတော်၏ နာမတော်ကို နဖူး၌ ရေးထားခံရသူ တစ်သိန်းလေးသောင်းလေးထောင်တို့သည်လည်း သူနှင့်အတူ ရှိကြ၏။
ကျွန်ုပ်အပေါ် ဝိညာဉ်တော်သက်ရောက်လာသဖြင့် ကောင်းကင်တမန်သည် ကျွန်ုပ်ကို ကြီးမား၍ မြင့်မားသောတောင်သို့ ခေါ်ဆောင်သွားကာ ဘုရားသခင်ထံ ကောင်းကင်ဘုံမှ ဆင်းသက်သည့် သန့်ရှင်းသောမြို့တော် ဂျေရုဆလင်မြို့ကို ကျွန်ုပ်အား ပြ၏။
သန့်ရှင်းသောမြို့တော်ဖြစ်သော ဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက် လှပစွာ ဝတ်ဆင်ထားသော သတို့သမီးတစ်ဦးကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင်ထံတော် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။
မည်သူမဆို ဤစာစောင်၌ ပါသော ပရောဖက်ပြုဟောပြောချက်ထဲမှ တစ်စုံတစ်ရာကို နုတ်ပယ်ပါက ဤစာစောင်၌ ဖော်ပြထားသော အသက်ပင်၏ အသီးကို စားခွင့်နှင့် သန့်ရှင်းသောမြို့တော်သို့ ဝင်ခွင့်ကို ဘုရားသခင်သည် ထိုသူတို့ထံမှ နုတ်ပယ်တော်မူလိမ့်မည်။
အောင်မြင်သောသူကို ငါ့ဘုရားသခင်၏ဗိမာန်တော်၌ ရှိသောတိုင်ကဲ့သို့ ဖြစ်စေမည်။ သူသည် မည်သည့်အခါမျှ ဗိမာန်တော်အပြင်သို့ မရောက်ရ။ ငါသည် ငါ၏ဘုရားသခင်နာမတော်ကိုလည်းကောင်း၊ ငါ၏ဘုရားသခင်ထံ ကောင်းကင်ဘုံမှ ဆင်းသက်မည့် ဂျေရုဆလင်မြို့သစ်ဟူသော ဘုရားသခင်မြို့တော်၏နာမတော်ကိုလည်းကောင်း၊ ငါ၏နာမတော်သစ်ကိုလည်းကောင်း သူ့အပေါ်၌ ရေးထားမည်။
ထို့နောက် အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ကိုကိုင်လျက် အရှေ့အရပ်မှ တက်လာသော ကောင်းကင်တမန်တစ်ပါးကို ကျွန်ုပ်မြင်ရ၏။ မြေကြီးနှင့်ပင်လယ်ကို ဖျက်ဆီးရန်အတွက် အခွင့်အာဏာရရှိထားသော ကောင်းကင်တမန်လေးပါးအား သူက ကျယ်လောင်စွာ ကြွေးကြော်သည်မှာ