သင်တို့အား ငါအမှန်ဆို၏။ သင်တို့မြင်ရသောအရာတို့ကို ရှေးခေတ်က ပရောဖက်များနှင့် ဖြောင့်မတ်သောသူတို့သည် မြင်လိုခဲ့ကြ၏။ သို့သော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားရသောအကြောင်းအရာတို့ကိုလည်း ကြားလိုခဲ့ကြ၏။ သို့သော်လည်း မကြားခဲ့ကြရ။
ဟေဗြဲ 11:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤလူအပေါင်းတို့သည် ယုံကြည်လျက် သေလွန်ကြ၏။ သူတို့သည် ဘုရားသခင်ကတိပြုတော်မူသည့်အရာများကို မရရှိခဲ့သော်လည်း အဝေးကပင် မြင်၍ ကြိုဆိုခဲ့ကြ၏။ သူတို့သည် ဤလောကတွင် ခေတ္တတည်းခိုသူများ၊ ဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံခဲ့ကြ၏။ Common Language Bible ထိုသူအပေါင်းတို့သည်ယုံကြည်လျက် သေလွန်ကြကုန်၏။ သူတို့သည်ဘုရား သခင်ကတိထားတော်မူသောအရာ များကိုမခံစားကြရသော်လည်း အဝေး မှမြင်၍ကြိုဆိုကြ၏။ သူတို့သည်ကမ္ဘာ မြေကြီးပေါ်တွင်တစ်ကျွန်းတစ်နိုင်ငံသား၊ ဧည့်သည်အာဂန္တုများသာဖြစ်ကြောင်း ကိုပွင့်လင်းစွာဝန်ခံကြပေသည်။- Garrad Bible ထို သူ ရှိ သ မျှ တို့ သည် က တိ ထား တော် မူ ရာ များ ကို မ ခံ စား ရ ဘဲ အ ဓွန့် ရှည် စွာ က မျှော် မြင် အား ရ လျက် မြေ ကြီး ပေါ် တွင် ဧည့် သည် အာ ဂ န္တု မျှ သာ ဖြစ် ကြောင်း ဝန် ခံ ပြီး နောက် ယုံ ကြည် လျက် သေ လွန် ကြ၏။ Judson Bible ယခုဆိုခဲ့ပြီးသော သူအပေါင်းတို့သည်၊ ကတိတော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဖက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တစ်ကျွန်းသူတစ်နိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့် သေလွန်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူအပေါင်းတို့သည် ကတိပေးတော်မူသောအရာများကို မခံစားရသော်လည်း ၎င်းတို့ကို အဝေးမှလှမ်းမြင်၍ ကြိုဆိုလက်ခံကာ မိမိတို့သည် မြေကြီးပေါ်၌ အာဂန္တုများနှင့်သူစိမ်းဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံလျက် ယုံကြည်ရင်းသေလွန်ကြ၏။ |
သင်တို့အား ငါအမှန်ဆို၏။ သင်တို့မြင်ရသောအရာတို့ကို ရှေးခေတ်က ပရောဖက်များနှင့် ဖြောင့်မတ်သောသူတို့သည် မြင်လိုခဲ့ကြ၏။ သို့သော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားရသောအကြောင်းအရာတို့ကိုလည်း ကြားလိုခဲ့ကြ၏။ သို့သော်လည်း မကြားခဲ့ကြရ။
ဟေရှာယသည် ယေရှု၏ ဘုန်းအသရေကို တွေ့မြင်ခဲ့သောကြောင့် ယေရှုကို ရည်ညွှန်း၍ ဤသို့ဟောပြောခြင်းဖြစ်၏။
သင်တို့၏ ဖခင်ကြီးအာဗြဟံသည် ငါကြွလာမည့် နေ့ရက်ကို တွေ့မြင်ရမည်ဖြစ်၍ ရွှင်မြူးခဲ့၏။ တွေ့မြင်ရသောအခါ၌လည်း ဝမ်းမြောက်ခဲ့၏” ဟု မိန့်တော်မူ၏။
ထို့ပြင် ကတိထားတော်မူသမျှသောအရာတို့ကို ဘုရားသခင်တတ်စွမ်းနိုင်တော်မူသည်ဟု အပြည့်အဝယုံကြည်လေ၏။
ကျွန်ုပ်တို့သည် မျှော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းကို ခံရကြ၏။ သို့သော်လည်း မြင်တွေ့နေရသော မျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်။ မြင်တွေ့နေရသောအရာကို မည်သူမျှော်လင့်မည်နည်း။
ထို့ကြောင့် ကျွန်ုပ်တို့သည် ယခုမြင်ရသောအရာများကို အာရုံမစိုက်ဘဲ မမြင်ရသောအရာများကိုသာ အာရုံစိုက်ကြ၏။ မြင်ရသောအရာများသည် မကြာမီပျောက်ကွယ်သွားမည်ဖြစ်ပြီး မမြင်ရသောအရာများသည် ထာဝရတည်မြဲလိမ့်မည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် အစဉ် စိတ်ချယုံကြည်မှုရှိကြ၏။ ဤခန္ဓာ၌ ရှိနေသရွေ့ သခင်ဘုရား၏ အိမ်တော်နှင့် ဝေးကွာကြောင်းကိုလည်း သိကြ၏။
သို့ဖြစ်၍ သင်တို့သည် တိုင်းတစ်ပါးသားနှင့် ဧည့်သည်များ မဟုတ်တော့ဘဲ ယုံကြည်သူများနှင့် တစ်ပြည်တည်းသား ဖြစ်၍ ဘုရားသခင်၏ မိသားစုဝင်များ ဖြစ်ကြ၏။
ထိုသို့ ဝန်ခံပြောဆိုသောသူတို့သည် မိမိတို့၏ကိုယ်ပိုင်နေရပ်မြေကို တောင့်တကြောင်း ဖော်ပြကြ၏။
အာဗြဟံသည် ဘုရားသခင်၏ စမ်းသပ်တော်မူခြင်းကို ခံရသောအခါ ယုံကြည်ခြင်းဖြင့် ဣဇာက်ကို ယဇ်အဖြစ် ပူဇော်၏။ ကတိတော်များကို ရရှိထားသောအာဗြဟံသည် တစ်ဦးတည်းသောသားကို ပူဇော်ရန် အဆင်သင့်ဖြစ်နေခဲ့၏။
ရှင်ဘုရင်၏အမျက်ကို မကြောက်ဘဲ ယုံကြည်ခြင်းဖြင့် အီဂျစ်ပြည်ကို စွန့်ခွာ၍ မမြင်နိုင်သော ဘုရားသခင်ကို မြင်ရသကဲ့သို့ ဇွဲလုံ့လထားခဲ့၏။
ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းကြောင့် ချီးကျူးခံရသော်လည်း ဘုရားသခင်ကတိပြုတော်မူသည့်အရာကို မရရှိခဲ့ကြပေ။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ တမန်တော်ပေတရုဖြစ်၏။ ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှပြည်၊ ဗိသုနိပြည်တို့တွင် ကွဲလွင့်ပျံ့နှံ့လျက် ဧည့်သည်များအဖြစ် နေထိုင်ကြသည့် ဘုရားသခင်ရွေးချယ်တော်မူသော လူများထံသို့ ကျွန်ုပ်စာရေးလိုက်၏။
လူတစ်ဦးစီ၏ အပြုအမူအပေါ် အခြေခံ၍ သမာသမတ်ကျစွာ တရားစီရင်တော်မူသော ဘုရားသခင်ထံ သင်တို့ဆုတောင်းသောအခါ အဖဟု ခေါ်သောကြောင့် ဤလောက၌ ဧည့်သည်အဖြစ် နေထိုင်ရသောနေ့ရက်များတွင် ထိုအရှင်ကို ကြောက်ရွံ့ရိုသေကြလော့။
ချစ်ရသောသူတို့… သင်တို့သည် ခေတ္တတည်းခိုသူဧည့်သည်များဖြစ်သည့်အားလျော်စွာ သင်တို့၏စိတ်ဝိညာဉ်အား ဆန့်ကျင်တိုက်ခိုက်နေသော လူ့ဗီဇစိတ်အလိုကို မလိုက်ရန် ကျွန်ုပ်တိုက်တွန်း၏။
ဤနည်းဖြင့် ကျွန်ုပ်တို့သည် သမ္မာတရားနှင့် သက်ဆိုင်သောသူဖြစ်ကြောင်းကို သိရ၍ ဘုရားသခင်ရှေ့တော်၌ စိတ်ချယုံကြည်မှုရှိကြမည်ဖြစ်၏။