၂ ကော 5:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ထို့ကြောင့် ကျွန်ုပ်တို့သည် အစဉ် စိတ်ချယုံကြည်မှုရှိကြ၏။ ဤခန္ဓာ၌ ရှိနေသရွေ့ သခင်ဘုရား၏ အိမ်တော်နှင့် ဝေးကွာကြောင်းကိုလည်း သိကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 သို့ဖြစ်၍ငါတို့သည်အစဉ်ရဲရင့်သောစိတ်ရှိ ကြပေသည်။ ဤကိုယ်ခန္ဓာနေအိမ်၌ရှိနေသမျှ ကာလပတ်လုံးငါတို့သည်သခင်ဘုရား၏ အိမ်တော်နှင့်ဝေးကွာလျက်ရှိကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible6-7 ထို ကြောင့် ဖူး မြော် ခွင့် အား ဖြင့် မ ဟုတ်၊ ယုံ ကြည် ခြင်း အား ဖြင့် လိုက် လျှောက် ရ သော ငါ တို့ သည် ကိုယ် ခ န္ဓာ ၌ တည် နေ ကြ စဉ် အ ရှင် ဘု ရား အ ပါး တော် တွင် မ တည် မ နေ ကြောင်း သိ ကြ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible6 ထိုကြောင့် ငါတို့သည် ကိုယ်ခန္ဓာ၌ နေမြဲနေစဉ်ကာလ၊ သခင်ဘုရားနှင့် ကွာဝေးရာအရပ်၌ နေသည်ကို ငါတို့သည်သိလျက်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ထို့ကြောင့် ငါတို့သည် အစဉ်အမြဲယုံကြည်စိတ်ချမှုရှိကြ၏။ ဤကိုယ်ခန္ဓာ၌ ငါတို့ရှိနေသရွေ့ သခင်ဘုရားနှင့်ဝေးကွာလျက်ရှိကြောင်းကိုလည်း ငါတို့သိကြ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့၏ညီအစ်ကိုဖြစ်သော ကျွန်ုပ်ယောဟန်သည် သင်တို့နည်းတူ ယေရှု၏နောက်လိုက်ဖြစ်သည်နှင့်အညီ ဆင်းရဲဒုက္ခကိုလည်းကောင်း၊ ဘုရားသခင်၏နိုင်ငံတော်သားဖြစ်ခွင့်ကိုလည်းကောင်း၊ စိတ်ရှည်သည်းခံရခြင်းကိုလည်းကောင်း မျှဝေခံစားသည့် သင်တို့၏လုပ်ဖော်ကိုင်ဖက်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောပြီး သခင်ယေရှုအကြောင်းကို သက်သေခံသောကြောင့် ပတ်မုကျွန်းသို့ ရောက်နေ၏။