Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 8:24 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ကျွန်ုပ်တို့​သည် မျှော်လင့်ခြင်း​အားဖြင့် ကယ်တင်တော်မူခြင်း​ကို ခံရကြ၏။ သို့သော်လည်း မြင်တွေ့​နေရသော မျှော်လင့်ခြင်း​သည် မျှော်လင့်ခြင်း​မဟုတ်။ မြင်တွေ့​နေရသော​အရာ​ကို မည်သူ​မျှော်လင့်​မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​မျှော်​လင့် ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​သော ကြောင့်​ဖြစ်​၏။ ငါ​တို့​သည်​မိ​မိ​တို့​မျှော်​လင့် သည့်​အ​ရာ​ကို​မ​မြင်​နိုင်​ကြ။ မြင်​နိုင်​ကြ​ပါ မူ​ငါ​တို့​၏​မျှော်​လင့်​ခြင်း​သည်​အ​ကယ်​ပင် မျှော်​လင့်​ခြင်း​မ​ဟုတ်။ မြင်​ရ​သော​အ​ရာ​ကို အ​ဘယ်​သူ​သည်​မျှော်​လင့်​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 မျှော် လင့် လျက် ပင် ကယ် တင် ခြင်း သို့ ငါ တို့ ရောက် ကြ၏။ မျှော် လင့် ရာ သည် မျက် မှောက် တွင် ရှိ လျှင် မျှော် လင့် ရာ မ မည်။ မျက် မှောက် ရှိ အ ရာ ကို မည် သူ မျှော် လင့် အံ့ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ငါ​တို့​သည် မျှော်​လင့်​ခြင်း​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ကြ၏။ မျှော်​လင့်​သော​အ​ရာ​ကို တွေ့​မြင်​လျှင် မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ။ တွေ့​မြင်​သော​အ​ရာ​ကို အ​ဘယ်​ကြောင့် မျှော်​လင့်​ရ​မည်​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ငါ​တို့​သည် ဤ​မျှော်လင့်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။ သို့သော် မြင်​နေ​ရ​သော​မျှော်လင့်​ခြင်း​သည် မျှော်လင့်​ခြင်း​မ​ဟုတ်။ အကြောင်းမှာ မည်သူ​သည် မြင်​နေ​သော​အရာ​ကို ဆက်၍​မျှော်လင့်​မည်နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 8:24
29 ပူးပေါင်းရင်းမြစ်များ  

မျှော်လင့်​လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခ​ရောက်​သောအခါ​၌ သည်းခံ​၍ မပျက်မကွက်​ဆုတောင်းကြလော့။


ဘုရားသခင်​ကို သင်တို့​ယုံကြည်​သောကြောင့် မျှော်လင့်ခြင်း​၏ အရှင် ထို​ဘုရားသခင်​သည် သင်တို့​အား ဝမ်းမြောက်ခြင်း​နှင့် ငြိမ်းချမ်းခြင်း​တို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့​အားဖြင့် သင်တို့​သည် သန့်ရှင်းသော​ဝိညာဉ်တော်​၏​တန်ခိုး​ကြောင့် မျှော်လင့်ခြင်း​အပြည့်အဝ ရှိ​လိမ့်မည်။


ထိုသို့ ကျမ်းစာ​၌ ယခင်က ရေးသားခဲ့သော​အရာများ​သည် ကျွန်ုပ်တို့​ကို သွန်သင်​ရန် ရေးသားထားခြင်း​ဖြစ်ပြီး ထို​ကျမ်းစာ​မှ ရရှိသော သည်းခံခြင်း​နှင့် နှစ်သိမ့်ခြင်း​အားဖြင့် ကျွန်ုပ်တို့​တွင် မျှော်လင့်ချက်​ရှိစေရန် ဖြစ်၏။


ဘုရားသခင်​က “သင်​၏ မျိုးဆက်​သည် အလွန်​များပြား​လိမ့်မည်” ဟု မိန့်တော်မူခဲ့​သဖြင့် အာဗြဟံ​သည် မျှော်လင့်စရာ မရှိသည့် အခြေအနေ​၌​ပင် လူမျိုး​များစွာတို့​၏ ဖခင်ကြီး​ဖြစ်မည်​ဟု ယုံကြည်​လျက် မျှော်လင့်ခဲ့၏။


ကျွန်ုပ်တို့​၏ ယုံကြည်ခြင်း​ကြောင့် ခရစ်တော်​သည် ကျွန်ုပ်တို့​အား ယခု​ကျွန်ုပ်တို့ ရရှိသည့် ကျေးဇူးတော်​ကို ခံစားစေတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့​သည် ဘုရားသခင်​၏​ဘုန်းတော်​ကို မျှဝေ​ခံစား​ရန် မျှော်လင့်​၍ ဂုဏ်ယူ​ဝမ်းမြောက်ကြ၏။


ဘုရားသခင်​သည် ဖန်ဆင်းခံ​လောက​ကို အကျိုးမဲ့သော​အဖြစ်သို့ ရောက်​ရန် စီရင်တော်မူ၏။ ထိုသို့ ဖြစ်ခြင်း​မှာ ဖန်ဆင်းခံ​လောက​၏ ဆန္ဒ​အရ မဟုတ်။ ဘုရားသခင် စီရင်တော်မူခြင်း​အားဖြင့်​သာ ဖြစ်၏။


ယခု​တွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း​မေတ္တာ ဤ​သုံးပါးတို့​သည် တည်​လျက်​ရှိ၏။ ဤ​သုံးပါး​တို့​အနက် ချစ်ခြင်း​မေတ္တာ​သည် အမြတ်ဆုံး​ဖြစ်၏။


ထို့ကြောင့် ကျွန်ုပ်တို့​သည် ယခု​မြင်ရသော​အရာများ​ကို အာရုံ​မစိုက်ဘဲ မမြင်ရသော​အရာများ​ကိုသာ အာရုံစိုက်ကြ၏။ မြင်ရသော​အရာများ​သည် မကြာမီ​ပျောက်ကွယ်သွားမည်​ဖြစ်ပြီး မမြင်ရသော​အရာများ​သည် ထာဝရ​တည်မြဲ​လိမ့်မည်။


အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့​သည် မြင်ရခြင်း​အားဖြင့် မပြုမူ​မနေထိုင်ဘဲ ယုံကြည်ခြင်း​အားဖြင့် ပြုမူနေထိုင်​သောကြောင့်​ဖြစ်၏။


ကျွန်ုပ်တို့​မှာမူ ယုံကြည်ခြင်း​အားဖြင့် ဘုရားသခင်​ကတိပြုတော်မူသော ဖြောင့်မတ်ခြင်း​ကို လက်ခံရရှိမည်​ဟု မျှော်လင့်​၍ ဝိညာဉ်တော်​ကို အမှီပြု​လျက် စောင့်မျှော်​နေကြ၏။


သို့ရာတွင် သင်တို့​သည် သတင်းကောင်း​ကို ကြားနာ​စဉ်က ရရှိသော မျှော်လင့်ခြင်း​မှ မရွေ့လျားဘဲ ကြံ့ကြံ့ခိုင် ရပ်တည်​လျက် ဆက်​၍ ယုံကြည်ရမည်။ ထို​သတင်းကောင်း​ကို မိုးကောင်းကင်​အောက်​၌ ရှိသော သတ္တဝါ​အားလုံး​ကို ဟောပြောနေသည်​ဖြစ်၍ ကျွန်ုပ်​ပေါလု​သည် ထို​သတင်းကောင်း​ကို ဟောပြောသော အမှုဆောင်​ဖြစ်လာ၏။


ဤ​လျှို့ဝှက်နက်နဲသော​အရာ​၏ ဘုန်းစည်းစိမ်​သည် လူမျိုးခြားတို့​အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိ​စေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤ​လျှို့ဝှက်နက်နဲသော​အရာ​သည် သင်တို့​ထဲ၌ ကိန်းအောင်းတော်မူသည့်​ခရစ်တော်​ပင် ဖြစ်၏။ ခရစ်တော်​ကြောင့် သင်တို့​သည် ဘုရားသခင်​၏ ဘုန်းအသရေ​ကို ရရှိ​ရန် မျှော်လင့်ရ၏။


ထို​ယုံကြည်ခြင်း​နှင့်​ချစ်ခြင်း​သည် ကောင်းကင်ဘုံ​၌ သင်တို့​အတွက် သိမ်းဆည်းထားသော မျှော်လင့်ရာ​အကြောင်း​ကြောင့် ဖြစ်ပေါ်လာကြ၏။ သမ္မာတရား​ဟူသော သတင်းကောင်း​ကို သင်တို့ ပထမဆုံး​အကြိမ် ကြားနာရ​သောအခါ ထို​မျှော်လင့်ရာ​အကြောင်း​ကို သင်တို့ ကြားသိခဲ့ရ၏။


သို့သော် ကျွန်ုပ်​တို့​သည် နေ့​၏​သားသမီးများ​ဖြစ်သောကြောင့် တည်ကြည်​လျက် သတိ​ရှိကြစို့။ ယုံကြည်ခြင်း​နှင့် ချစ်ခြင်း​ကို ရင်အုပ်ကာ​ချပ်ဝတ်​အဖြစ် ဝတ်ဆင်​လျက် ကယ်တင်ခံရမည်​ဟူသော မျှော်လင့်ခြင်း​ကို သံခမောက်​အဖြစ် ဆောင်းကြစို့။


ကျွန်ုပ်တို့​ကို ချစ်​၍ ကျေးဇူးတော်​ဖြင့် ထာဝရ​နှစ်သိမ့်ခြင်း​နှင့် ခိုင်မြဲသော​မျှော်လင့်ခြင်းတို့​ကို ပေးသနားတော်မူသော ကျွန်ုပ်တို့ အဖ​ဘုရားသခင်​နှင့် ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​ကိုယ်တိုင်​သည်


ဤသည်​မှာ ကျွန်ုပ်တို့​သည် ကျေးဇူးတော်​ကြောင့် ဖြောင့်မတ်သည်​ဟု သတ်မှတ်ခံရ​သဖြင့် ကျွန်ုပ်တို့ မျှော်လင့်သည့် ထာဝရ​အသက်​ကို အမွေခံ​နိုင်ရန်​ဖြစ်၏။


ယုံကြည်ခြင်း​ဆိုသည်​မှာ မျှော်လင့်သော​အရာများ​ကို ရမည်​ဟု စိတ်ချ​ပြီး မမြင်သေးသော​အရာများ​ကို အမှန်တကယ် ရှိသည်​ဟု သိမှတ်ခြင်း​ပင် ဖြစ်၏။


ကိုယ်တော်​ကို သေခြင်း​မှ ထမြောက်စေ​၍ ဘုန်းအသရေ​ကို ပေးတော်မူသော ဘုရားသခင်​ကို သင်တို့​သည် ခရစ်တော်​အားဖြင့်​ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့​သည် ဘုရားသခင်​ကို ယုံကြည်​၍ မျှော်လင့်ကြ၏။


ကျွန်ုပ်တို့ သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဘုရားသခင်​ကို ချီးမွမ်းကြလော့။ ဘုရားသခင်​သည် မိမိ​၏​ကြီးမြတ်သော​ကရုဏာတော်​ကြောင့် သခင်​ယေရှု​ခရစ်တော်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို အသစ်​တစ်ဖန်​မွေးဖွား​စေပြီး ခိုင်မြဲသော​မျှော်လင့်ချက်​ရှိစေတော်မူ၏။


ကိုယ်တော်​အပေါ် ဤ​မျှော်လင့်ချက်​ရှိသောသူ​အပေါင်းတို့​သည် ကိုယ်တော် သန့်ရှင်း​စင်ကြယ်တော်မူသည့်​နည်းတူ မိမိ​ကိုယ်​မိမိ သန့်ရှင်း​စင်ကြယ်စေကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ