“အရှင်သည် အကျွန်ုပ်တို့စောင့်မျှော်နေသော ခရစ်တော်မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။
ဟေဗြဲ 10:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ ဘုရားသခင်အား “ကိုယ်တော်သည် ယဇ်နှင့် ပူဇော်စရာကို အလိုတော်မရှိသောကြောင့် အကျွန်ုပ်အတွက် ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူ၏။ Common Language Bible ထို့ကြောင့်ခရစ်တော်သည် ဤလောကသို့ကြွ လာတော်မူသောအခါ၌ဘုရားသခင်အား၊ ``ကိုယ်တော်သည်ယဇ်နှင့်ပူဇော်သကာကို အလိုရှိတော်မမူပါ။ သို့ရာတွင်အကျွန်ုပ်အတွက်ကိုယ်ခန္ဓာကို ပြင်ဆင်ထားတော်မူပါပြီ။ Garrad Bible သို့ ဖြစ်၍ ဤ လော က သို့ ကြွ လာ တော် မူ သည့် ကာ လ ကိုယ် တော် က ပူ ဇော် သ က္ကာ နှင့် ဘော ဇဉ် သ က္ကာ များ ကို အ လို တော် မ ရှိ သည် နှင့် အ ကျွန်ုပ် အ ဖို့ ကိုယ် ခ န္ဓာ ကို ပြင် ဆင် တော် မူ ပါ ပြီ။ Judson Bible ထိုကြောင့်၊ ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ၊ အို ဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့် ပူဇော်သကာကို အလိုတော်မရှိသည်ဖြစ်၍၊ အကျွန်ုပ်အဖို့ ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ခရစ်တော်သည် ဤလောကသို့ကြွလာသောအခါ “ကိုယ်တော်သည် ယဇ်ကောင်နှင့်ပူဇော်သက္ကာတို့ကိုအလိုမရှိဘဲ အကျွန်ုပ်အတွက် ကိုယ်ခန္ဓာကိုပြင်ဆင်ထားတော်မူ၏။ |
“အရှင်သည် အကျွန်ုပ်တို့စောင့်မျှော်နေသော ခရစ်တော်မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။
ကောင်းကင်တမန်က “သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်၌ သက်ရောက်တော်မူ၍ အမြင့်မြတ်ဆုံးသောဘုရားသခင်၏တန်ခိုးတော်သည် သင့်ကို လွှမ်းခြုံလိမ့်မည်။ ထို့ကြောင့် မွေးဖွားလာမည့် သန့်ရှင်းသောသူငယ်သည် ဘုရားသခင်၏သားဟု ခေါ်ဝေါ်ခြင်းကို ခံရလိမ့်မည်။
ယေရှုထံတော်သို့စေလွှတ်၍ “အရှင်သည် အကျွန်ုပ်တို့စောင့်မျှော်နေသော ခရစ်တော်မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
သို့သော် အချိန်စေ့သောအခါ ဘုရားသခင်သည် မိမိသားတော်ကို စေလွှတ်တော်မူ၏။ ထိုသားတော်သည် အမျိုးသမီးတစ်ဦးထံမှ မွေးဖွားလာတော်မူပြီး ပညတ်တရား၏ လက်အောက်ခံအဖြစ် နေထိုင်တော်မူ၏။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နက်နဲဆန်းကြယ်ပုံသည် အမှန်တကယ်ကြီးမြတ်လှ၏။ သခင်ဘုရားသည် လူသားအဖြစ် ကြွလာတော်မူခဲ့ပြီး ဘုရားသခင်၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်အားဖြင့် ဖော်ပြခြင်းခံရတော်မူ၏။ ကိုယ်တော်ကို ကောင်းကင်တမန်တို့ မြင်ကြ၏။ ကိုယ်တော်အကြောင်းကို လူမျိုးခြားတို့ထံ ဟောပြောကြ၏။ ကိုယ်တော်ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။ ကိုယ်တော်ကို ဘုန်းအသရေနှင့်တကွ ကောင်းကင်ဘုံသို့ ဘုရားသခင်ခေါ်ယူတော်မူ၏။
ဘုရားသခင်သည် မိမိ၏သားဦးကို ဤလောကသို့ စေလွှတ်တော်မူသောအခါ “ဘုရားသခင်၏ ကောင်းကင်တမန်အားလုံးတို့သည် ထိုအရှင်ကို ကိုးကွယ်ရမည်” ဟု မိန့်တော်မူ၏။
ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းဖြင့် ကျွန်ုပ်တို့သည် စင်ကြယ်စေခြင်းခံကြရ၏။
သို့ဖြစ်၍ အကျွန်ုပ်လျှောက်ထားသည်မှာ ‘အို ဘုရားသခင်… ကျမ်းစာလိပ်တွင် အကျွန်ုပ်အကြောင်းကို ရေးသားထားသည့်အတိုင်း ကိုယ်တော်၏ အလိုတော်ကို ဆောင်ရွက်ရန် အကျွန်ုပ် ရောက်လာပါ၏’ ဟူ၍ ဖြစ်သည်” ဟု လျှောက်ထားတော်မူ၏။
ရှေးဦးစွာ ခရစ်တော်က “ကိုယ်တော်သည် ပညတ်တရားအတိုင်း ပူဇော်ရသောယဇ်နှင့် ပူဇော်စရာ၊ မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်တို့ကို အလိုတော်မရှိ။ နှစ်သက်တော်မူခြင်းလည်းမရှိ” ဟု ဆိုလေ၏။
ထိုသားသမီးတို့သည် အသွေးအသားရှိသဖြင့် ကိုယ်တော်သည် အသွေးအသားကို ခံယူတော်မူ၏။ ဤသို့ဖြင့် ကိုယ်တိုင်အသေခံ၍ သေခြင်းကို အစိုးရသော မာရ်နတ်၏တန်ခိုးကို ဖျက်ဆီးကာ
ခရစ်တော်သည် ကမ္ဘာလောက၌ လူသားအဖြစ်ရှိစဉ် သေခြင်းမှ ကယ်တင်နိုင်သော ဘုရားသခင်ထံ ပြင်းပြစွာ အော်ဟစ်၍ မျက်ရည်ကျလျက် အသနားခံတောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်ထံ အပ်နှံ၍ မိမိအား ရိုသေသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းချက်များကို နားဆင်တော်မူခဲ့၏။
ယဇ်ပုရောဟိတ်မင်းဟူသည် ပူဇော်စရာများနှင့် ယဇ်များကို ဘုရားသခင်ထံ ပူဇော်ရန် ခန့်အပ်ခြင်းခံရသူဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းသည်လည်း ပူဇော်စရာတစ်စုံတစ်ခုရှိရမည်။
ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်တော့ဘဲ ဖြောင့်မတ်စွာ ပြုမူနေထိုင်နိုင်ရန် ကိုယ်တော်သည် သစ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ကိုယ်ခန္ဓာတော်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်များကြောင့် သင်တို့သည် အနာပျောက်ကင်းကြ၏။
ယေရှုခရစ်တော်သည် လူသားအဖြစ် ကြွလာတော်မူသည်ကို ဝန်မခံသောလှည့်ဖြားသူများစွာသည် ဤလောက၌ ပေါ်လာသဖြင့် ဤအကြောင်းအရာကို ကျွန်ုပ်ပြောရခြင်းဖြစ်၏။ ထိုသို့သောသူသည် လှည့်ဖြားသူဖြစ်၏။ ခရစ်တော်၏ရန်သူလည်း ဖြစ်၏။