ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့အား ယခုကျွန်ုပ်တို့ ရရှိသည့် ကျေးဇူးတော်ကို ခံစားစေတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းတော်ကို မျှဝေခံစားရန် မျှော်လင့်၍ ဂုဏ်ယူဝမ်းမြောက်ကြ၏။
ဟေဗြဲ 10:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ယေရှု၏ အသွေးတော်အားဖြင့် သန့်ရှင်းရာဌာနတော်သို့ ယုံကြည်စိတ်ချစွာ ဝင်နိုင်၏။ Common Language Bible သို့ဖြစ်၍ငါ၏ညီအစ်ကိုတို့၊ သခင်ယေရှု အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် လွတ်လပ်စွာအလွန်သန့်ရှင်းရာဌာနတော် သို့ဝင်ခွင့်ရကြ၏။- Garrad Bible သို့ ဖြစ်၍ ညီ အစ် ကို တို့၊ ယေ ရှု သည် ရုပ် ခ န္ဓာ တော် တည်း ဟူ သော ကန့် လန့် ကာ ကို ဖွင့် ပြီး လျှင် အ သက် ရှင် သော လမ်း သစ် ကို ငါ တို့ အ ဖို့ စီ မံ တော် မူ သည့် အ တိုင်း အ သွေး တော် အား ဖြင့် အ ထူး သန့် ရှင်း ရာ ဌာ န တော် တွင်း သို့ ရဲ ရင့် စွာ ဝင် ခွင့် ကို ငါ တို့ ရ ကြ သော ကြောင့် လည်း ကောင်း၊ Judson Bible ထိုကြောင့် ညီအစ်ကိုတို့၊ ယေရှု၏ ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ညီအစ်ကိုတို့၊ ငါတို့သည် ယေရှု၏သွေးတော်အားဖြင့် အလွန်သန့်ရှင်းရာဌာနထဲသို့ ယုံကြည်စိတ်ချစွာဖြင့်ဝင်ခွင့်ရှိ၏။ |
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့အား ယခုကျွန်ုပ်တို့ ရရှိသည့် ကျေးဇူးတော်ကို ခံစားစေတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းတော်ကို မျှဝေခံစားရန် မျှော်လင့်၍ ဂုဏ်ယူဝမ်းမြောက်ကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ပြန်၍ ရရှိကြသည် မဟုတ်။ သားသမီးဖြစ်ခွင့် ပေးသော ဘုရားသခင်၏ ဝိညာဉ်တော်ကို ရရှိကြခြင်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား “အဗ္ဗ၊ အဖ” ဟု ခေါ်ကြ၏။
ထိုသို့ဖြင့် ကျွန်ုပ်တို့ နှစ်မျိုးစလုံးသည် ခရစ်တော် ပြုခဲ့သော အမှုအားဖြင့် တစ်ပါးတည်းသော ဝိညာဉ်တော်မှတစ်ဆင့် ခမည်းတော်ထံသို့ ဝင်ရောက်ခွင့် ရကြ၏။
ကျွန်ုပ်တို့သည် ထိုသခင်နှင့် တပေါင်းတစည်းတည်း ဖြစ်ခြင်းအားဖြင့်သော်လည်းကောင်း၊ ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့်သော်လည်းကောင်း ဘုရားသခင်ထံသို့ ရဲရင့်မှုနှင့် စိတ်ချယုံကြည်မှုဖြင့် ဝင်ရောက်ချဉ်းကပ်ခွင့်ကို ရရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အား သူရဲဘောကြောင်သောစိတ်ကို ပေးတော်မမူဘဲ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ မိမိကိုယ်မိမိ ချုပ်တည်းနိုင်သောစိတ်တို့ကို ပေးတော်မူသောကြောင့်ဖြစ်၏။
ထိုအပြစ်တို့ကို ခွင့်လွှတ်တော်မူပြီးသောအခါ အပြစ်ဖြေခြင်းအတွက် ပူဇော်စရာမလိုအပ်တော့ပေ။
ထို့ကြောင့် သခင်ဘုရားအပေါ် သင်တို့၏ စိတ်ချယုံကြည်မှုကို မစွန့်ပစ်ကြနှင့်။ ၎င်းသည် သင်တို့အား ကြီးမားသောဆုလာဘ်ကို ခံစားစေလိမ့်မည်။
သို့ဖြစ်လျှင် ကျွန်ုပ်တို့သည် မတုန်လှုပ်နိုင်သောနိုင်ငံကို ရရှိသဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ကြစို့။ ကျွန်ုပ်တို့သည် ကြောက်ရွံ့ရိုသေလျက် ဘုရားသခင်နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကြစို့။
ထို့ကြောင့် ဘုရားသခင်၏ ရွေးချယ်တော်မူခြင်းခံရသူတို့ထဲတွင် ပါဝင်သည့် သန့်ရှင်းသောညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းနှင့် အထူးတမန်တော်အဖြစ် ကျွန်ုပ်တို့ဝန်ခံသော ယေရှုခရစ်တော်ကို ဆင်ခြင်အောက်မေ့ကြလော့။
သို့သော် ခရစ်တော်သည် သားတော်တစ်ပါးအဖြစ် ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးရာတွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့၏ စိတ်ချယုံကြည်မှုနှင့်ဂုဏ်ယူဝင့်ကြွားစရာ မျှော်လင့်ခြင်းကို ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ကရုဏာတော်နှင့် ကျေးဇူးတော်ကို ခံစားလျက် လိုအပ်သည့်အချိန်၌ ကူညီမစတော်မူခြင်းခံရရန် ဘုရားသခင်၏ ကျေးဇူးတော်ရာဇပလ္လင်သို့ ရဲရင့်စွာ ချဉ်းကပ်ကြကုန်စို့။
ထို့ကြောင့် ကိုယ်တော်သည် မိမိကိုအမှီပြု၍ ဘုရားသခင်ထံသို့ ချဉ်းကပ်လာသူများကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် ထာဝရအသက်ရှင်နေသောကြောင့်ဖြစ်၏။
ထိုအသန့်ရှင်းဆုံးဌာနတော်သို့ ဝင်ရာတွင် ကိုယ်တော်သည် ဆိတ်နှင့် နွားသငယ်တို့၏ အသွေးဖြင့် မဟုတ်ဘဲ မိမိကိုယ်တိုင်၏ အသွေးတော်ဖြင့် တစ်ကြိမ်တည်းနှင့် အပြီးပူဇော်၍ ကျွန်ုပ်တို့အား ထာဝရရွေးနုတ်ခြင်းအကျိုးကို ခံစားစေခဲ့၏။
ထို့နောက် ကန့်လန့်ကာ တစ်ခုရှိပြီး ထိုကန့်လန့်ကာနောက်တွင် အသန့်ရှင်းဆုံးဌာနတော် ဟု ခေါ်သော ဒုတိယအခန်းရှိ၏။
ကျွန်ုပ်တို့သည် ဤလောကတွင် ကိုယ်တော်ကဲ့သို့ ဖြစ်ကြ၍ ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့၌ ပြည့်စုံနေသောကြောင့် တရားစီရင်တော်မူရာနေ့၌ စိတ်ချယုံကြည်မှု ရှိကြလိမ့်မည်။