ငါအမှန်ဆိုရလျှင် လူသားသည် ဘုရင်အဖြစ် အုပ်စိုးရန် ကြွလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
လုကာ 9:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါအမှန်ဆိုရလျှင် ဤနေရာ၌ ရပ်နေကြသောသူ တချို့သည် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။ Common Language Bible သင်တို့အားအမှန်အကန်ငါဆိုသည်ကား ဤ အရပ်ရှိလူအချို့တို့သည်ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်မီမသေရကြ'' ဟု မိန့်တော်မူ၏။ Garrad Bible ဤ တွင် ရပ် နေ သူ အ ချို့ သည် ဘု ရား သ ခင့် နိုင် ငံ တော် ကို မ မြင် မီ အ လျှင်း မ သေ ရ ငါ အ မှန် ဆို သည် ဟု မိန့် တော် မူ၏။ Judson Bible ငါအမှန်ဆိုသည်ကား၊ ဤအရပ်၌ရှိသော သူအချို့တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်မီ သေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါအမှန်ဆိုမည်။ ဤနေရာ၌ရပ်နေသောသူတို့တွင် ဘုရားသခင်၏နိုင်ငံတော်ကိုမမြင်မီ သေခြင်းကိုမမြည်းစမ်းရသောသူအချို့ရှိ၏”ဟု မိန့်တော်မူ၏။ မြန်မာ ငါအမှန်ဆိုသည်ကား၊ ဤအရပ်၌ရှိသော သူအချို့တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်မီ သေခြင်းသို့ မရောက်ရကြဟု မိန့်တော်မူ၏။ |
ငါအမှန်ဆိုရလျှင် လူသားသည် ဘုရင်အဖြစ် အုပ်စိုးရန် ကြွလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏ နိုင်ငံတော်၌ သင်တို့နှင့်အတူ ထပ်မံသောက်ရသည့်နေ့ မတိုင်မီအထိ ဤစပျစ်ရည်ကို ငါမသောက်” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးတော်နှင့်တကွ ပေါ်ထွန်းလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
သူသည် ထာဝရဘုရား၏ခရစ်တော်ကို ကိုယ်တိုင်မတွေ့မမြင်ရဘဲ မသေရဟူ၍ သန့်ရှင်းသောဝိညာဉ်တော်၏ဖွင့်ပြထားခြင်းကို ခံရသူဖြစ်၏။
သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်၏နိုင်ငံတော် မပေါ်ထွန်းမီအချိန်ထိ ယခုမှစ၍ ငါသည် စပျစ်ရည်ကို ထပ်မံမသောက်ဘဲနေမည်” ဟု မိန့်တော်မူ၏။
ငါ့ခမည်းတော်၏ အိမ်တော်တွင် နေစရာအခန်းများစွာ ရှိ၏။ ထိုသို့ မရှိလျှင် ငါသည် သင်တို့နေရမည့်နေရာကို သွား၍ ပြင်ဆင်မည်ဟု ပြောမည်လော။
သင်တို့အား ငါအမှန်ဆို၏။ ထိုသို့ငါသွားရခြင်းသည် သင်တို့အတွက် အကျိုးရှိ၏။ ငါမသွားလျှင် ကူညီမစမည့်အရှင်သည် ကြွလာမည်မဟုတ်။ ငါသွားလျှင် ထိုအရှင်ကို သင်တို့ထံသို့ ငါစေလွှတ်မည်။
ထိုအခါ သူတို့သည် ယေရှုကို ပေါက်ရန် ကျောက်ခဲများကို ကောက်ကြ၏။ သို့သော် ယေရှုသည် တိမ်းရှောင်၍ ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။
သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ယေရှုခရစ်တော်သည် လောကီသားများအတွက် အသက်စွန့်နိုင်ရန် ကောင်းကင်တမန်များထက် ယာယီနိမ့်ကျစေခြင်းကို ခံ၍ အသေခံရသောကြောင့် ဘုန်းအသရေနှင့် ဂုဏ်အသရေတို့ဖြင့် ချီးမြှောက်ခံရကြောင်း ကျွန်ုပ်တို့မြင်ကြရ၏။