Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 22:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဘုရားသခင်​၏​နိုင်ငံတော် မပေါ်ထွန်းမီ​အချိန်​ထိ ယခု​မှစ၍ ငါ​သည် စပျစ်ရည်​ကို ထပ်မံ​မသောက်ဘဲ​နေမည်” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သင်​တို့​အား​ငါ​ဆို​သည်​ကား​ယ​ခု​မှ​စ​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​မ​တည်​မ​ချင်း​ငါ​သည် စ​ပျစ်​ရည်​ကို​နောက်​တစ်​ဖန်​သောက်​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ဘု ရား သ ခင့် နိုင် ငံ တော် မ တည် မီ ယ ခု မှ တစ် ပါး စ ပျစ် ရည် ကို သောက် တော့ မည် မ ဟုတ် ငါ ဆို သည် ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် မ​တည်​မီ​တိုင်​အောင် ယ​ခု​မှ​စ၍ စ​ပျစ်​ရည်​ကို​တစ်​ဖန် ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သင်​တို့​အား ငါ​ဆို​သည်​ကား ယခု​မှစ၍ ဘုရားသခင်​၏​နိုင်ငံ​တော်​မ​ပေါ်ထွန်း​မီ​တိုင်အောင် စပျစ်​သီး​မှ​ဖြစ်​သော​အရည်​ကို ငါ​လုံးဝ​သောက်​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

18 ငါ​ဆို​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် မ​တည်​မီ​တိုင်​အောင် ယ​ခု​မှ​စ၍ စ​ပျစ်​ရည်​ကို​တစ်​ဖန် ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 22:18
22 ပူးပေါင်းရင်းမြစ်များ  

သင့်​အား ငါ​ပြောဆိုသည်​မှာ သင်​သည် ကျောက်​ဟု အဓိပ္ပာယ်ရသော​ပေတရု​ဖြစ်၏။ ဤ​ကျောက်​ပေါ်တွင် ငါ​၏ အသင်းတော်​ကို တည်ဆောက်မည်။ မရဏ​နိုင်ငံ​၏​တံခါးများ​ပင် ထို​အသင်းတော်​ကို အောင်နိုင်​လိမ့်မည်​မဟုတ်။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ ငါ့​ခမည်းတော်​၏ နိုင်ငံတော်​၌ သင်တို့​နှင့်အတူ စပျစ်ရည်​အသစ်​ကို ထပ်မံ​သောက်ရမည့်​နေ့ မတိုင်မီ​အထိ စပျစ်ရည်​ကို နောက်တစ်ဖန် ငါ​မသောက်” ဟု မိန့်တော်မူ၏။


စပျစ်ရည်ခွက်​ကိုလည်း ယူ​၍ ကျေးဇူးတော်​ကို ချီးမွမ်း​ပြီးနောက် တပည့်တော်တို့​အား ပေးတော်မူ​လျှင် သူတို့​အားလုံး​သည် သောက်ကြ၏။


သင်တို့​အား ငါ​အမှန်​ဆို၏။ ဘုရားသခင်​၏ နိုင်ငံတော်​၌ သင်တို့​နှင့်အတူ ထပ်မံ​သောက်ရသည့်​နေ့ မတိုင်မီ​အထိ ဤ​စပျစ်ရည်​ကို ငါ​မသောက်” ဟု မိန့်တော်မူ၏။


စစ်သားများ​က မုရန်​နှင့် ရောစပ်ထားသော​စပျစ်ဝိုင်​ကို ကိုယ်တော်​အား တိုက်ကြ၏။ သို့သော် ကိုယ်တော်​သည် သောက်တော်မမူ။


ထို့နောက် ယေရှု​က “သင်တို့​အား ငါ​အမှန်​ဆို၏။ ဘုရားသခင်​၏​နိုင်ငံတော်​သည် တန်ခိုးတော်​နှင့်တကွ ပေါ်ထွန်းလာသည်​ကို ဤ​နေရာ​၌ ရပ်နေသော​သူတို့​ထဲမှ တချို့​သည် မမြင်ဘဲ သေရမည်​မဟုတ်” ဟု မိန့်တော်မူ၏။


ထို​နည်းတူ​ပင် ငါ​ဖော်ပြခဲ့သည့်​အရာများ ဖြစ်ပျက်နေသည်​ကို မြင်​လျှင် ဘုရားသခင်​၏​နိုင်ငံတော် ပေါ်ထွန်း​ရန်​နီးကပ်နေကြောင်း သိမှတ်ကြလော့။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ ပသခါပွဲတော်​သည် ဘုရားသခင်​၏​နိုင်ငံတော်​တွင် မပြည့်စုံမီ​အချိန်​ထိ ဤ​ပသခါပွဲတော်​ညစာ​ကို နောက်တစ်ဖန် ငါ​စားမည်​မဟုတ်” ဟု မိန့်တော်မူ၏။


ငါ​အမှန်​ဆိုရ​လျှင် ဤ​နေရာ​၌ ရပ်နေကြသော​သူ တချို့​သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို မမြင်ဘဲ သေရမည်​မဟုတ်” ဟု မိန့်တော်မူ၏။


ဘုရားသခင်​သည် ကျွန်ုပ်တို့​ကို အမှောင်​၏ အုပ်စိုးမှု​ထဲမှ ကယ်တင်​၍ မိမိ​ချစ်တော်မူသော သားတော်​၏ နိုင်ငံတော်​ထဲသို့ ခေါ်သွင်းတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ