လုကာ 7:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း ဖာရိရှဲများနှင့် ကျမ်းတတ်ပညာရှင်တို့သည် မိမိတို့ကိုယ်ကျိုးအတွက် ဘုရားသခင်၏ အကြံအစည်တော်ကို ငြင်းပယ်၍ ယောဟန်ပေးသော နှစ်ခြင်းမင်္ဂလာကို မခံယူကြပေ။ Common Language Bible သို့ရာတွင်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာများမူ ကား မိမိတို့အတွက်ဘုရားသခင်ထားရှိတော် မူသောအကြံအစည်တော်ကိုပစ်ပယ်သူများ ဖြစ်ကြသဖြင့် ယောဟန်ထံတွင်ဗတ္တိဇံကို မခံမယူကြ။ Garrad Bible ဖာ ရိ ရှဲ တို့ နှင့် ကျမ်း တတ် ဆ ရာ တို့ မူ ကား ထို မင်္ဂ လာ ကို မ ခံ ဘဲ နေ သ ဖြင့် ကိုယ့် ဆိုင် ရာ ဘု ရား သ ခင်၏ အ ကြံ အ ရွယ် တော် ကို အ ချည်း အ နှီး ဖြစ် စေ ရာ ရောက် ကြ လေ စွ။ Judson Bible ဖာရိရှဲနှင့် ကျမ်းတတ်တို့မူကား၊ သူတို့အကျိုးအလိုငှာ ဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးတော်ကိုပယ်၍ ယောဟန်၏ ဗတ္တိဇံကို မခံဘဲနေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဖာရိရှဲနှင့်ကျမ်းတတ်ပုဂ္ဂိုလ်တို့သည် ယောဟန်ထံမှ ဗတ္တိဇံကိုမခံယူခဲ့သဖြင့် မိမိတို့အတွက် ဘုရားသခင်ကြံစည်ထားတော်မူသောအရာကို ပစ်ပယ်ကြ၏။) မြန်မာ ဖာရိရှဲနှင့် ကျမ်းတတ်တို့မူကား၊ သူတို့အကျိုးအလိုငှာ ဘုရားသခင်ကြံစည်တော်မူသော ကျေးဇူးတော်ကိုပယ်၍ ယောဟန်၏ ဗတ္တိဇံကို မခံဘဲနေကြ၏။ |
အို ဂျေရုဆလင်မြို့… ဂျေရုဆလင်မြို့… သင်သည် ပရောဖက်များကို သတ်၍ သင့်ထံသို့ ဘုရားသခင်စေလွှတ်တော်မူသော တမန်တော်များကို ကျောက်ခဲနှင့် ပေါက်သတ်၏။ ကြက်မသည် ကြက်ကလေးများကို သူ၏တောင်ပံအောက်၌ အုပ်၍ ကာကွယ်သကဲ့သို့ သင်၏သားသမီးတို့ကို စုစည်းစေရန် အကြိမ်ကြိမ် ငါအလိုရှိ၏။ သို့သော်လည်း သင်သည် ထိုသို့ အလိုမရှိ။
သို့သော်လည်း ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူအားလုံးက ယောဟန်သည် ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြသဖြင့် ငါတို့အားကျောက်ခဲနှင့် ပေါက်ကြလိမ့်မည်” ဟု အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။
ယေရှုက “ဤခေတ်လူတို့ကို မည်သည့်အရာနှင့် ခိုင်းနှိုင်းရမည်နည်း။ မည်သူနှင့် တူသနည်း။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အကြံစည်တော်ရှိသမျှကို သင်တို့အား ဟောပြောရာ၌ ကျွန်ုပ်သည် မတွန့်ဆုတ်ခဲ့သောကြောင့်ဖြစ်၏။
သို့သော် အစ္စရေးလူမျိုးတို့နှင့်ပတ်သက်၍ ဘုရားသခင်က “တစ်နေ့လုံး ငါ့လက်ကို ကမ်းထားသော်လည်း သူတို့သည် ငါ့ကို မနာခံဘဲ ဆန့်ကျင်ပုန်ကန်ကြ၏” ဟု မိန့်တော်မူ၏။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။
ကျွန်ုပ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မပစ်ပယ်။ လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရလျှင် ခရစ်တော်၏ အသေခံတော်မူခြင်းသည် အချည်းနှီးဖြစ်၏။
အရာအားလုံးကို မိမိအလိုတော်နှင့်ညီသော အကြံအစည်တော်အတိုင်း လုပ်ဆောင်တော်မူသည့်ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ရှေးယခင်ကပင် ကြိုတင်သတ်မှတ်တော်မူသည့်အတိုင်း မိမိ၏အမွေခံများအဖြစ် ရွေးချယ်တော်မူ၏။