တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ နတ်ဆိုးများကို နှင်ထုတ်နိုင်သောအခွင့်အာဏာကို ပေးလျက် နှစ်ယောက်စီ စေလွှတ်တော်မူ၏။
လုကာ 7:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုထံတော်သို့စေလွှတ်၍ “အရှင်သည် အကျွန်ုပ်တို့စောင့်မျှော်နေသော ခရစ်တော်မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။ Common Language Bible ``ကိုယ်တော်သည်ကြွလာတော်မူမည်ဟုဆို သောအရှင်ပေလော။ သို့တည်းမဟုတ်အခြား ပ္ဂိုလ်တစ်ဦးကိုစောင့်မျှော်ရပါမည်လော'' ဟု မေးလျှောက်စေ၏။ Garrad Bible ယော ဟန် သည် တ ပည့် နှစ် ယောက် ကို ခေါ်၍ အ ရှင် ဘု ရား ထံ လွှတ် လိုက် ပြီး လျှင် ကိုယ် တော် သည် ကြွ လာ ရ မည့် အ ရှင် လော။ အ ခြား မျှော် လင့် ရ ဦး မည် လော ဟု မေး လျှောက် စေ သည့် အ တိုင်း၊ Judson Bible ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ယောက်ကို ခေါ်ပြီးလျှင် ယေရှုထံတော်သို့စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူ မှန်သလော။ သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။- မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရားထံသို့စေလွှတ်ကာ “ကိုယ်တော်သည် ကြွလာတော်မူသောအရှင်ဖြစ်ပါသလော၊ သို့မဟုတ် အခြားသောသူကို စောင့်မျှော်ရပါမည်လော”ဟု မေးလျှောက်စေ၏။ မြန်မာ ထိုအခါ ယောဟန်သည် မိမိတပည့်နှစ်ယောက်ကို ခေါ်ပြီးလျှင် ယေရှုထံတော်သို့စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူ မှန်သလော။ သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။- |
တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ နတ်ဆိုးများကို နှင်ထုတ်နိုင်သောအခွင့်အာဏာကို ပေးလျက် နှစ်ယောက်စီ စေလွှတ်တော်မူ၏။
ထို့နောက် သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ဆယ့်နှစ်ယောက်ကို ရွေးချယ်ပြီးလျှင် မိမိကြွတော်မူမည့် မြို့၊ ရွာအသီးသီးသို့ ကြိုတင်၍ နှစ်ဦးစီ စေလွှတ်လေ၏။
တစ်ခါက ယေရှုသည် တစ်နေရာတွင် ဆုတောင်းလျက်နေတော်မူ၏။ ဆုတောင်းတော်မူပြီးနောက် တပည့်တော်များထဲမှ တစ်ဦးက “သခင်… ယောဟန်သည် သူ၏တပည့်များကို ဆုတောင်းရန် သင်ပေးသကဲ့သို့ ကျွန်ုပ်တို့ကိုလည်း သင်ပေးတော်မူပါ” ဟု လျှောက်လေ၏။
ထိုအခါ ယေရှုက “ဖာရိရှဲတို့… သင်တို့သည် ခွက်နှင့်ပန်းကန်၏အပြင်ဘက်ကို ဆေးကြောကြသော်လည်း အတွင်း၌မူ လောဘကြီးခြင်း၊ ဆိုးယုတ်ခြင်းနှင့် ပြည့်ကြ၏။
ထိုအခါ သခင်ဘုရားက “သစ္စာရှိ၍ ပညာအလိမ္မာနှင့်ပြည့်စုံသောစီမံခန့်ခွဲသူသည် မည်သူနည်း။ ထိုသူသည် အစေခံများကို အုပ်ချုပ်ရန်နှင့် အချိန်တန်သောအခါ စားနပ်ရိက္ခာကို ခွဲဝေစေရန် သခင်ခန့်ထားသောသူဖြစ်၏။
သို့သော် သခင်ဘုရားက “သူတော်ကောင်းယောင်ဆောင်သူတို့… သင်တို့ရှိသမျှသည် ဥပုသ်နေ့တွင် သင်၏နွား၊ မြည်းများကို တင်းကုပ်ထဲမှ ကြိုးဖြေ၍ ရေတိုက်ရန် ခေါ်ဆောင်ကြသည်မဟုတ်ပါလော။
တမန်တော်တို့က သခင်ဘုရားအား “အကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ” ဟု တောင်းလျှောက်ကြ၏။
သခင်ဘုရားက “သင်တို့တွင် မုန်ညင်းစေ့ခန့်မျှသော ယုံကြည်ခြင်းရှိပါက ပေါက်လျက်ရှိသော ဤပိုးစာပင်အား ‘အမြစ်မကျန်ကျွတ်၍ ပင်လယ်ထဲ၌ စိုက်စေ’ ဟု အမိန့်ပေးလျှင် ထိုအပင်သည် သင်တို့စကားကို နာခံလိမ့်မည်။
ထို့နောက် ဇက္ခဲသည် ရပ်၍ သခင်ဘုရားအား “သခင်… အကျွန်ုပ်၏စည်းစိမ်ဥစ္စာတစ်ဝက်ကို ဆင်းရဲသားများအား ပေးပါမည်။ အကယ်၍ တစ်စုံတစ်ဦးထံမှ မတရားကောက်ခံထားသောငွေရှိပါက လေးဆပြန်လျော်ပါမည်” ဟု လျှောက်လေ၏။
ထိုအခါ သခင်ဘုရားသည် လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ပေတရုသည်လည်း “ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ် ငြင်းဆိုလိမ့်မည်” ဟူသော သခင်ဘုရား၏စကားတော်ကို သတိရ၏။
စုရုံးနေကြသောသူများက “သခင်သည် အမှန်တကယ် ရှင်ပြန်ထမြောက်တော်မူပြီ။ ရှိမုန်ကိုလည်းကိုယ်ထင်ပြတော်မူပြီ” ဟု ဆိုကြလေ၏။
ယေရှုသည် မုဆိုးမကို မြင်သောအခါ သနားစိတ်ရှိတော်မူသဖြင့် “မငိုနှင့်” ဟု မိန့်တော်မူ၏။
ထိုသူတို့သည် ယေရှုထံသို့ရောက်သောအခါ “နှစ်ခြင်းဆရာယောဟန်က ကျွန်ုပ်တို့အား စေလွှတ်၍ ‘အရှင်သည် အကျွန်ုပ်တို့ စောင့်မျှော်နေသောခရစ်တော် မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူကို စောင့်မျှော်ရပါမည်လော’ ဟု မေးလျှောက်စေသည်” ဟူ၍ လျှောက်ကြ၏။
ထိုမာရိသည် ယေရှု၏ ခြေကို ဆီမွှေးလိမ်း၍ မိမိဆံပင်ဖြင့် သုတ်ပေးသောသူဖြစ်၏။ သူ၏ မောင် လာဇရုသည် ဖျားနာလျက်ရှိသောကြောင့်
ယေရှုသည် ကိုယ်တိုင် နှစ်ခြင်းမင်္ဂလာပေးတော်မမူ။ တပည့်တော်တို့ကသာလျှင် ပေးကြ၏။ သို့သော်လည်း ယေရှုသည် ယောဟန်ထက် ပို၍များသောသူတို့ကို တပည့်တော်ဖြစ်စေ၍ နှစ်ခြင်းမင်္ဂလာပေးတော်မူလျက်ရှိသည်ဟု ဖာရိရှဲတို့ကြားသိကြောင်းကို ယေရှုသိတော်မူသောအခါ ယုဒပြည်မှ ထွက်ခွာ၍ ဂါလိလဲပြည်သို့ ကြွတော်မူ၏။
ထိုအခါ အမျိုးသမီးက “ခရစ်တော်ဟု ခေါ်သော မေရှိယကြွလာမည်ကို ကျွန်မသိပါ၏။ ထိုအရှင် ကြွလာသောအခါ ကျွန်မတို့အား အရာခပ်သိမ်းကို ရှင်းလင်းဖော်ပြတော်မူမည်” ဟု လျှောက်၏။
ထိုစဉ် သခင်ဘုရားက ကျေးဇူးတော်ချီးမွမ်း၍ လူတို့မုန့်ကို စားခဲ့ကြသည့် နေရာအနီးသို့ တိဗေရိမြို့မှလာသော လှေများသည် ဆိုက်ကပ်လာကြ၏။
ငါသည် ငါ၏သက်သေခံနှစ်ပါးကို အခွင့်အာဏာပေးမည်။ သူတို့သည် လျှော်ထည်ကြမ်းကိုဝတ်၍ ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ် ပရောဖက်ပြုဟောပြောကြလိမ့်မည်” ဟုဆို၏။