Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 22:61 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

61 ထိုအခါ သခင်ဘုရား​သည် လှည့်​၍ ပေတရု​ကို ကြည့်တော်မူ၏။ ပေတရု​သည်လည်း “ယနေ့​ပင် ကြက်​မတွန်မီ သင်​သည် ငါ့​ကို​မသိ​ဟူ၍ သုံးကြိမ် ငြင်းဆို​လိမ့်မည်” ဟူသော သခင်ဘုရား​၏​စကားတော်​ကို သတိရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

61 အ​ရှင်​ဘု​ရား​သည်​လှည့်​၍​ပေ​တ​ရု​ကို​ကြည့် တော်​မူ​၏။ ထို​အ​ခါ​ပေ​တ​ရု​သည် ``ယ​နေ့​ည ကြက်​မ​တွန်​မီ​သင်​သည် ငါ့​ကို​မ​သိ​ဟု​သုံး​ကြိမ် မြောက်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟူ​သော​သ​ခင် ဘု​ရား​၏​စ​ကား​တော်​ကို​ပြန်​၍​သ​တိ​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

61 အ ရှင် ဘု ရား သည် လှည့် လျက် ပေ တ ရု ကို ရှု ကြည့် တော် မူ ရာ ယ နေ့ ကြက် မ တွန် မီ ငါ့ ကို သုံး ကြိမ် တိုင် သင် ငြင်း ဆို လိမ့် မည် ဟူ သော အ ရှင် ဘု ရား မိန့် တော် မူ ချက် ကို ပေ တ ရု သ တိ ရ၍ ပြင် သို့ ထွက် သွား ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

61 ထို​အ​ခါ သ​ခင်​ဘု​ရား​သည်​လှည့်၍ ပေ​တ​ရု​ကို ကြည့်​တော်​မူ၏။ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

61 ထိုအခါ သခင်​ဘုရား​သည်​လှည့်​၍ ပေတရု​ကို​စူးစိုက်​ကြည့်​တော်မူ​၏။ ပေတရု​သည်​လည်း“ယနေ့​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု မိန့်​တော်မူ​ခဲ့​သော သခင်​ဘုရား​၏​စကား​တော်​ကို ပြန်လည်​သတိရ​သဖြင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

61 ထို​အ​ခါ သ​ခင်​ဘု​ရား​သည်​လှည့်၍ ပေ​တ​ရု​ကို ကြည့်​တော်​မူ၏။ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 22:61
19 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “သင့်​အား ငါ​အမှန်​ဆို၏။ ယနေ့​ည​၌ပင် ကြက်​မတွန်မီ သင်​သည် ငါ့​ကို သုံးကြိမ်​တိုင်တိုင် ငြင်းဆို​လိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုအခါ ပေတရု​သည် “ကြက်မတွန်​မီ သင်​သည် ငါ့​ကို သုံးကြိမ်​တိုင်တိုင် ငြင်းဆို​လိမ့်မည်” ဟူသော ယေရှု​မိန့်တော်မူခဲ့သည့် စကား​ကို သတိရ​သဖြင့် အပြင်​သို့ ထွက်​၍ ရှိုက်ကြီးတငင်​ငိုကြွေးလေ၏။


ယေရှု​သည်လည်း မိမိ​ကိုယ်​မှ တန်ခိုး​ထွက်သည်​ကို ချက်ချင်း သိတော်မူ​လျှင် လူအုပ်​ဘက်​သို့ လှည့်​၍ “ငါ့​ဝတ်ရုံ​ကို မည်သူ​တို့ထိသနည်း” ဟု မေးတော်မူ၏။


ယေရှု​ကလည်း “အို မာသ… မာသ… သင်​သည် အလုပ်များ​ကြောင့် စိုးရိမ်ပူပန်​လျက် နှောင့်ယှက်ခြင်း​ကို ခံရလေပြီ။


ယေရှု​က “ပေတရု၊ သင့်​အား​ငါ​ပြောဆိုသည်​မှာ ယနေ့​ပင် ကြက်​မတွန်မီ သင်​သည် ငါ့​ကို​မသိ​ဟူ၍ သုံးကြိမ် ငြင်းဆို​လိမ့်မည်” ဟု မိန့်တော်မူ၏။


သို့ရာတွင် ပေတရု​က “မိတ်ဆွေ… သင်​ပြောဆိုနေသည့်​အရာ​ကို ကျွန်ုပ်​မသိပါ” ဟု ဆို၏။ ထို​စကား​ကို ပြော​နေစဉ်​အတွင်း၌​ပင် ကြက်တွန်လေ၏။


ထို့ကြောင့် အပြင်​သို့ ထွက်​၍ ရှိုက်ကြီးတငင်​ငိုကြွေးလေ၏။


ယေရှု​သည် မုဆိုးမ​ကို မြင်​သောအခါ သနားစိတ်​ရှိတော်မူ​သဖြင့် “မငိုနှင့်” ဟု မိန့်တော်မူ၏။


ယေရှု​ထံတော်သို့​စေလွှတ်​၍ “အရှင်​သည် အကျွန်ုပ်တို့​စောင့်မျှော်နေသော ခရစ်တော်​မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့​သည် အခြားသူ​ကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။


ယေရှု​က “ငါ့​အတွက် အသက်​စွန့်မည်လော။ သင့်​အား ငါ​အမှန်​ဆို၏။ ကြက်​မတွန်မီ သင်​သည် ငါ့​ကို မသိ​ဟု သုံးကြိမ်​တိုင်အောင် ငြင်းဆို​လိမ့်မည်” ဟု မိန့်တော်မူ၏။


အစ္စရေးလူမျိုးများ​အား နောင်တရ​၍ အပြစ်တရား​မှ​လွှတ်​စေရန် ဘုရားသခင်​သည် ထို​အရှင်​အား ခေါင်းဆောင်​နှင့် ကယ်တင်ရှင်​အဖြစ် မိမိ​၏​လက်ယာတော်ဘက်​၌ ချီးမြောက်တော်မူပြီ။


သင်တို့​သည် လူမျိုးခြားများ​အဖြစ် မွေးဖွားလာကြပြီး ဂျူးလူမျိုးများ​က သင်တို့​ကို အရေပြား​မလှီးသောသူများ​ဟု ခေါ်ကြ၏။ ထို​သူတို့​သည် မိမိကိုယ်ကိုယ် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူထားသူများ​ဟု ခေါ်ကြ၏။ ထို​သူတို့​၏ အရေပြားလှီးခြင်း​သည် ကိုယ်ခန္ဓာ​ပေါ်တွင် လူ့​လက်​ဖြင့် ပြုလုပ်သော အရာ​သာ ဖြစ်၏။


ထို့ကြောင့် သင်​ကျဆင်းသွားသည့်​အပိုင်း​ကို ဆင်ခြင်လော့။ နောင်တ​ရ​လျက် အစဦး​၌ ပြု​သကဲ့သို့ ပြုလော့။ ထိုသို့​နောင်တ​မရ​ပါက ငါ​သည် သင့်​ထံသို့​လာ​၍ သင့်​ဆီမီးတိုင်​ကို နေရာ​မှ ဖယ်ရှားမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ