ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
လုကာ 6:47 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ထံသို့လာ၍ ငါ့တရားစကားကို ကြားနာလျက် လက်တွေ့ကျင့်သုံးသောသူတိုင်း မည်သူနှင့် တူသည်ကို သင်တို့အား ငါပြောမည်။ Common Language Bible ငါ့ထံသို့လာ၍ငါ့တရားစကားကိုကြားနာ ပြီးလျှင်လိုက်လျှောက်သောသူကိုပုံဥပမာဖြင့် ပြပေအံ့။- Garrad Bible ငါ့ ထံ လာ၍ ငါ ဟော ပြော ချက် ကို ကြား လျက်၊ လိုက် နာ သူ တိုင်း မှာ မည် သူ နှင့် တူ ကြောင်း ဖော် ပြ မည်။ Judson Bible ငါ့ထံသို့လာ၍ ငါ့စကားကိုကြားသည်အတိုင်း နားထောင်သောသူသည် အဘယ်သူနှင့်တူသနည်းဟူမူကား၊- မြန်မာ့စံမီသမ္မာကျမ်း ငါ့ထံသို့လာပြီး ငါ့တရားစကားတို့ကိုကြား၍ ကျင့်သုံးသောသူတိုင်းသည် မည်သူနှင့်တူသည်ကို သင်တို့အား ငါပြောပြမည်။ မြန်မာ ငါ့ထံသို့လာ၍ ငါ့စကားကိုကြားသည်အတိုင်း နားထောင်သောသူသည် အဘယ်သူနှင့်တူသနည်းဟူမူကား၊- |
ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်၏ အလိုတော်အတိုင်း ဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ယေရှုကလည်း “ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြား၍ လိုက်နာသောသူသည် ပို၍ မင်္ဂလာရှိ၏” ဟု မိန့်တော်မူ၏။
“ငါ့ထံသို့လာသောသူသည် ငါ့ကိုချစ်သည်ထက် မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမများနှင့် မိမိအသက်ကို ပို၍ ချစ်သောသူဖြစ်လျှင် ထိုသူသည် ငါ့တပည့်မဖြစ်နိုင်။
ထိုသူသည် နက်စွာတူးကာ ခိုင်မာသောအုတ်မြစ်ကို ကျောက်ပေါ်၌ချ၍ အိမ်ဆောက်သောသူနှင့် တူ၏။ ထိုအိမ်ကို ခိုင်ခံ့စွာ တည်ဆောက်ထားသဖြင့် ရေကြီးသောအခါ မြစ်ရေသည် အိမ်ကိုရိုက်ခတ်လာသော်လည်း မလှုပ်စေနိုင်ပါ။
ကျောက်ပေါသောမြေတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာ ခံယူသော်လည်း စိတ်နှလုံးတွင် အမြစ်မစွဲဘဲ ခဏသာယုံကြည်၍ စုံစမ်းနှောင့်ယှက်ခြင်း ကြုံလာသောအခါ ဖောက်ပြန်တတ်သောသူကို ဆိုလို၏။
တချို့မှာ ကောင်းသောမြေ၌ ကျသဖြင့် အပင်ပေါက်၍ စိုက်ပျိုးသည်ထက် အဆတစ်ရာ တိုးပွား၍ အသီးသီးကြ၏” ဟူ၍ ဖြစ်၏။ ထိုသို့ မိန့်တော်မူပြီးမှ “နားရှိသောသူသည် ကြား၍ နားလည်ပါစေ” ဟု ကြွေးကြော်တော်မူ၏။
ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုလည်း ငါသိ၏။
ယေရှုက “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် မည်သည့်အခါမျှ အစာငတ်မည်မဟုတ်။ ငါ့ကို ယုံကြည်သောသူသည်လည်း မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။
ငါ့ကို ခမည်းတော်ပေးအပ်တော်မူသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် ငြင်းပယ်မည်မဟုတ်ပါ။
ဂျူးလူမျိုးတို့က “သင်သည် နတ်ဆိုးပူးသောသူဖြစ်ကြောင်း ယခုငါတို့ သိပြီ။ အာဗြဟံနှင့် ပရောဖက်တို့သည်လည်း သေဆုံးကြ၏။ သို့သော်လည်း သင်က ‘ငါ့သွန်သင်ချက်ကို လိုက်နာသောသူသည် မည်သည့်အခါမျှ မသေရ’ ဟု ဆို၏။
ကိုယ်တော်သည် ပြီးပြည့်စုံလာသည့်အတွက် မိမိကို နာခံသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကို ပေးတော်မူသောအရှင်ဖြစ်လာ၏။
ထို့ကြောင့် ကောင်းမှုကို လုပ်ဆောင်သင့်ကြောင်း သိလျက်နှင့် မလုပ်ဆောင်ဘဲ နေလျှင် အပြစ်ရှိ၏။
လူတို့၏ငြင်းပယ်ခြင်းကို ခံရသော်လည်း အဖိုးတန်သောအရာအဖြစ် ဘုရားသခင်ရွေးချယ်တော်မူသည့် အသက်ရှင်သောကျောက်ဖြစ်သည့် ခရစ်တော်ထံသို့ သင်တို့လာကြ၏။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင် ရွေးချယ်ခေါ်ယူတော်မူသည့်သူများဖြစ်ကြောင်း သက်သေပြနိုင်ရန် ပို၍ ကြိုးစားအားထုတ်ကြလော့။ ဤသို့ ပြုလျှင် သင်တို့သည် ယုံကြည်ခြင်းကို မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်။
ကိုယ်တော်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိလျှင် ဖြောင့်မတ်စွာ ပြုမူသောသူတို့သည် ကိုယ်တော်ထံမှ ပေါက်ဖွားလာသောသူ ဖြစ်သည်ကို သင်တို့သိကြ၏။
သားသမီးတို့… မည်သူမျှ သင်တို့ကို လမ်းမလွဲစေနှင့်။ ဖြောင့်မတ်စွာ ပြုမူသောသူသည် ကိုယ်တော်ဖြောင့်မတ်တော်မူသကဲ့သို့ ဖြောင့်မတ်၏။
မိမိတို့၏ ဝတ်ရုံများကို လျှော်ဖွပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည် မြို့တံခါးများမှ မြို့ထဲသို့ ဝင်၍ အသက်ပင်၏ အသီးကို စားခွင့်ရလိမ့်မည်။