မျက်မမြင်တို့သည် မျက်စိမြင်ကြပြီ။ ခြေမသန်သူတို့သည် လမ်းလျှောက်ကြပြီ။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ကြပြီ။ နားမကြားသောသူတို့သည် ကြားကြပြီ။ သေဆုံးသောသူတို့သည် ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့သည်လည်း သတင်းကောင်းကို ကြားကြရပြီ။
လုကာ 5:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့၌ ယေရှုသည်ဟောပြောသွန်သင်လျက်ရှိနေစဉ် ဂါလိလဲပြည်နှင့် ယုဒပြည်ရှိ ကျေးရွာအသီးသီးမှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသောဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများတို့သည် ထိုင်နေကြ၏။ အနာရောဂါပျောက်ကင်းစေနိုင်သော ဘုရားသခင်၏တန်ခိုးသည်လည်း ယေရှု၌ ရှိနေ၏။ Common Language Bible တစ်နေ့သ၌ကိုယ်တော်ဟောပြောသွန်သင်လျက် နေတော်မူစဉ် ဂါလိလဲပြည်နှင့်ယုဒပြည်ရှိ ကျေးရွာအပေါင်းမှလည်းကောင်း၊ ယေရုရှလင် မြို့မှလည်းကောင်းလာရောက်သောဖာရိရှဲများ နှင့်ကျမ်းတတ်ဆရာများသည်အနီးတွင်ထိုင် လျက်ရှိကြ၏။ ရောဂါများကိုပျောက်ကင်း စေရန်ထာဝရဘုရား၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။- Garrad Bible တစ် နေ့ သ၌ ဒေ သ နာ ပေး တော် မူ စဉ် ဂါ လိ လဲ နယ်၊ ယု ဒ နယ် မြို့ ရွာ ရှိ သ မျှ နှင့် ယေ ရှု ရှ လင် မြို့ မှ ရောက် လာ သော ဖာ ရိ ရှဲ တို့ နှင့် ကျမ်း ဆ ရာ တို့ ထိုင် နေ ကြ ရာ အ နာ ရော ဂါ ကင်း ပျောက် စေ ရန် ထာ ဝ ရ ဘု ရား၏ တန် ခိုး တော် သည် ကိုယ် တော်၌ ရှိ ၏။ Judson Bible တစ်နေ့သ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူစဉ် ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဂါလိလဲပြည် မြို့ရွာများတို့က ရောက်လာသော ဖာရိရှဲတို့နှင့် နိဿရည်းဆရာတို့သည် ထိုင်လျက်ရှိကြ၏၊ အနာရောဂါ ငြိမ်းစေခြင်းငှာ သခင်ဘုရား၏ တန်ခိုးတော်သည် ထင်ရှား၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့သ၌ ကိုယ်တော်သည် သွန်သင်လျက်နေတော်မူစဉ် ဂါလိလဲနယ်နှင့် ယုဒနယ်ရှိ ကျေးရွာအပေါင်းတို့မှလည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသော ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့သည် ထိုင်နေကြ၏။ အနာရောဂါငြိမ်းစေရန် ထာဝရဘုရား၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။ မြန်မာ တစ်နေ့သ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူစဉ် ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဂါလိလဲပြည် မြို့ရွာများတို့က ရောက်လာသော ဖာရိရှဲတို့နှင့် နိဿရည်းဆရာတို့သည် ထိုင်လျက်ရှိကြ၏၊ အနာရောဂါ ငြိမ်းစေခြင်းငှာ သခင်ဘုရား၏ တန်ခိုးတော်သည် ထင်ရှား၏။- |
မျက်မမြင်တို့သည် မျက်စိမြင်ကြပြီ။ ခြေမသန်သူတို့သည် လမ်းလျှောက်ကြပြီ။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ကြပြီ။ နားမကြားသောသူတို့သည် ကြားကြပြီ။ သေဆုံးသောသူတို့သည် ပြန်ရှင်ကြပြီ။ ဆင်းရဲသားတို့သည်လည်း သတင်းကောင်းကို ကြားကြရပြီ။
ထိုအခါ ဂျေရုဆလင်မြို့မှ ဖာရိရှဲနှင့် ကျမ်းတတ်ဆရာတချို့သည် ယေရှုထံတော်သို့ လာ၍
သို့သော်လည်း ထိုသူသည် သွား၍ ထိုသတင်းကို နေရာအနှံ့ပြောလျက် ပျံ့နှံ့စေ၏။ ထို့ကြောင့် ယေရှုသည် မြို့ထဲသို့ ထင်ရှားစွာ မဝင်နိုင်တော့ဘဲ မြို့ပြင် လူသူကင်းဝေးသောအရပ်တို့တွင်သာ နေတော်မူ၏။ ထိုအခါ နေရာအသီးသီးမှ လူတို့သည် ကိုယ်တော်ထံသို့ ရောက်လာကြ၏။
မြွေဆိုးများကို ကိုင်ဖမ်းသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ သေစေတတ်သောအဆိပ်ကို သောက်မိသော်လည်း ဘေးအန္တရာယ်ကင်းကြလိမ့်မည်။ ဖျားနာသူများအပေါ်၌ လက်ကို တင်၍ ကျန်းမာစေကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့သော် ဂျေရုဆလင်မြို့မှ ရောက်လာကြသော ကျမ်းတတ်ဆရာများက “သူသည် နတ်ဆိုးမင်းဗေလဇေဗုလ ပူးနေသူဖြစ်၏။ ထိုနတ်ဆိုး၏တန်ခိုးဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်သည်” ဟု ပြောဆိုကြ၏။
ယေရှုသည်လည်း မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်း သိတော်မူလျှင် လူအုပ်ဘက်သို့ လှည့်၍ “ငါ့ဝတ်ရုံကို မည်သူတို့ထိသနည်း” ဟု မေးတော်မူ၏။
တစ်နေ့တွင် ဖာရိရှဲများနှင့် ဂျေရုဆလင်မြို့မှ ရောက်လာကြသော ကျမ်းတတ်ဆရာတချို့သည် ယေရှုထံတော်သို့လာရောက် စုဝေးကြ၏။
ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ယေရှုသည် အပြစ်သားများကို လက်ခံပေါင်းသင်း၍ သူတို့နှင့်အတူ စားသောက်နေပါသည်” ဟု အပြစ်တင်ကြ၏။
သုံးရက်ကြာသောအခါ ယေရှုသည် ဗိမာန်တော်အတွင်း ဆရာများအလယ်၌ထိုင်၍ သူတို့၏စကားကို နားထောင်ကာ ဆွေးနွေးမေးမြန်းလျက်နေသည်ကို တွေ့ရှိကြလေ၏။
ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ဘုရားသခင်ကို စော်ကားပြောဆိုသော ဤသူသည် မည်သူနည်း။ ဘုရားသခင်မှလွဲ၍ မည်သူသည် အပြစ်ကို ခွင့်လွှတ်နိုင်ပါမည်နည်း” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။
သို့သော် ဖာရိရှဲများနှင့် သူတို့ထဲမှ ကျမ်းတတ်ဆရာများက “သင်တို့သည် အဘယ်ကြောင့် အခွန်ကောက်သူများ၊ အပြစ်သားများနှင့်အတူ စားသောက်ကြသနည်း” ဟု တပည့်တော်တို့အား ဝေဖန်ပြစ်တင်ကြ၏။
ယေရှုထံမှ တန်ခိုးထွက်၍ လူတို့ကို အနာရောဂါများမှ ကျန်းမာစေသောကြောင့် လူထုအပေါင်းတို့သည် ယေရှုကို တို့ထိရန် ကြိုးစားကြ၏။
သို့သော်လည်း ဖာရိရှဲများနှင့် ကျမ်းတတ်ပညာရှင်တို့သည် မိမိတို့ကိုယ်ကျိုးအတွက် ဘုရားသခင်၏ အကြံအစည်တော်ကို ငြင်းပယ်၍ ယောဟန်ပေးသော နှစ်ခြင်းမင်္ဂလာကို မခံယူကြပေ။
သို့သော် ယေရှုက “တစ်စုံတစ်ယောက်သည် ငါ့ကို ထိသဖြင့် ငါ့အထဲမှတန်ခိုးထွက်သည်ကို ငါသိ၏” ဟု မိန့်တော်မူ၏။
ယေရှုက “သင်သည် အစ္စရေးလူမျိုးတို့၏ ဓမ္မဆရာဖြစ်လျက်နှင့်ပင် ဤအရာများကို နားမလည်သလော။
သမ္မာတရားကို ကျင့်သောသူတို့ကမူ မိမိတို့လုပ်ဆောင်သမျှသည် ဘုရားသခင်၏ အလိုတော်နှင့်ညီကြောင်းကို ပေါ်လွင်စေရန် အလင်းသို့ ချဉ်းကပ်ကြသည်” ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် ပေါလုလက်အားဖြင့် အလွန်ထူးကဲသော အံ့ဖွယ်တန်ခိုးများကို လုပ်ဆောင်ပြသတော်မူ၏။
အို ဘုရားသခင်… လူများကို ကျန်းမာစေရန် လက်တော်ကို ဆန့်တော်မူစဉ် သန့်ရှင်းတော်မူသောအစေခံယေရှု၏အမည်နာမအားဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို ဖြစ်ပေါ်စေတော်မူပါ” ဟု ဘုရားသခင်ထံ ဆုတောင်းကြ၏။
သို့သော်လည်း လူအားလုံးတို့ရိုသေလေးစားရသော ကျမ်းတတ်ပညာရှင် ဂါမလျေလအမည်ရှိသော ဖာရိရှဲတစ်ဦးသည် တရားလွှတ်တော်တွင် ထ၍ တမန်တော်တို့ကို အပြင်သို့ခဏထွက်စေရန် အမိန့်ပေးလေ၏။