လုကာ 5:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း21 ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ဘုရားသခင်ကို စော်ကားပြောဆိုသော ဤသူသည် မည်သူနည်း။ ဘုရားသခင်မှလွဲ၍ မည်သူသည် အပြစ်ကို ခွင့်လွှတ်နိုင်ပါမည်နည်း” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible21 ကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများက ``ဤ သူကားအဘယ်သူနည်း။ သူသည်ဘုရားသခင် အားပြစ်မှားပြောဆိုပါသည်တကား။ ဘုရား သခင်မှတစ်ပါးအဘယ်သူသည်အပြစ်ကို ဖြေလွှတ်နိုင်ပါမည်နည်း'' ဟုတွေးတောကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible21 ကျမ်း တတ် ဆ ရာ နှင့် ဖာ ရိ ရှဲ တို့ က၊ ပုတ် ခတ် မှု စ ကား ကို ပြော ဆို သော ဤ သူ ကား မည် သူ နည်း။ ဘု ရား သ ခင် မှ တစ် ပါး မည် သူ အ ပြစ် ဖြေ လွှတ် နိုင် သ နည်း ဟု ဆင် ခြင် အောက် မေ့ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible21 ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ ဘုရားကိုလွန်ကျူး၍ ပြောသောဤသူကား အဘယ်သူနည်း။ ဘုရားသခင်မှတစ်ပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု ထင်မှတ်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ထိုအခါ ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က “ဘုရားသခင်ကိုစော်ကားပြောဆိုသောဤသူကား မည်သူနည်း။ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်များကိုခွင့်လွှတ်နိုင်သနည်း”ဟု တွေးတောဆင်ခြင်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ21 ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ ဘုရားကိုလွန်ကျူး၍ ပြောသောဤသူကား အဘယ်သူနည်း။ ဘုရားသခင်မှတစ်ပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု ထင်မှတ်ကြ၏။- အခန်းကိုကြည့်ပါ။ |
အပြစ်မှ နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြောင်းကို သင်တို့အကျင့်အားဖြင့် သက်သေထူကြလော့။ ‘ငါတို့သည် အာဗြဟံ၏မျိုးဆက်များ ဖြစ်ကြသောကြောင့် ဘုရားသခင်သည် ငါတို့ကို အပြစ်စီရင်တော်မူမည်မဟုတ်’ ဟူ၍ မိမိကိုယ်ကိုယ်မထင်ကြနှင့်။ သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်သည် အာဗြဟံအတွက် သားသမီးများကို ဤကျောက်ခဲများမှပင် ဖန်းဆင်းတော်မူနိုင်၏။