Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 5:17 - မြန်မာ

17 တစ်​နေ့​သ၌ ကိုယ်​တော်​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည် မြို့​ရွာ​များ​တို့​က ရောက်​လာ​သော ဖာ​ရိ​ရှဲ​တို့​နှင့် နိဿ​ရည်း​ဆ​ရာ​တို့​သည် ထိုင်​လျက်​ရှိ​ကြ၏၊ အ​နာ​ရော​ဂါ ငြိမ်း​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏ တန်​ခိုး​တော်​သည် ထင်​ရှား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 တစ်​နေ့​သ​၌​ကိုယ်​တော်​ဟော​ပြော​သွန်​သင်​လျက် နေ​တော်​မူ​စဉ် ဂါ​လိ​လဲ​ပြည်​နှင့်​ယု​ဒ​ပြည်​ရှိ ကျေး​ရွာ​အ​ပေါင်း​မှ​လည်း​ကောင်း၊ ယေ​ရု​ရှ​လင် မြို့​မှ​လည်း​ကောင်း​လာ​ရောက်​သော​ဖာ​ရိ​ရှဲ​များ နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည်​အ​နီး​တွင်​ထိုင် လျက်​ရှိ​ကြ​၏။ ရော​ဂါ​များ​ကို​ပျောက်​ကင်း စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏​တန်​ခိုး​တော်​သည် ကိုယ်​တော်​၌​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 တစ် နေ့ သ၌ ဒေ သ နာ ပေး တော် မူ စဉ် ဂါ လိ လဲ နယ်၊ ယု ဒ နယ် မြို့ ရွာ ရှိ သ မျှ နှင့် ယေ ရှု ရှ လင် မြို့ မှ ရောက် လာ သော ဖာ ရိ ရှဲ တို့ နှင့် ကျမ်း ဆ ရာ တို့ ထိုင် နေ ကြ ရာ အ နာ ရော ဂါ ကင်း ပျောက် စေ ရန် ထာ ဝ ရ ဘု ရား၏ တန် ခိုး တော် သည် ကိုယ် တော်၌ ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 တစ်​နေ့​သ၌ ကိုယ်​တော်​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည် မြို့​ရွာ​များ​တို့​က ရောက်​လာ​သော ဖာ​ရိ​ရှဲ​တို့​နှင့် နိဿ​ရည်း​ဆ​ရာ​တို့​သည် ထိုင်​လျက်​ရှိ​ကြ၏၊ အ​နာ​ရော​ဂါ ငြိမ်း​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏ တန်​ခိုး​တော်​သည် ထင်​ရှား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 တစ်​နေ့​သ၌ ကိုယ်တော်​သည် သွန်သင်​လျက်​နေ​တော်မူ​စဉ် ဂါလိလဲ​နယ်​နှင့် ယုဒ​နယ်​ရှိ ကျေးရွာ​အပေါင်း​တို့​မှ​လည်းကောင်း၊ ဂျေရုဆလင်​မြို့​မှ​လည်းကောင်း ရောက်လာ​ကြ​သော ဖာရိရှဲ​နှင့်​ကျမ်းတတ်​ဆရာ​တို့​သည် ထိုင်​နေ​ကြ​၏။ အနာရောဂါ​ငြိမ်း​စေရန် ထာဝရ​ဘုရား​၏​တန်ခိုး​တော်​သည် ကိုယ်တော်​၌​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 တစ်နေ့​၌ ယေရှု​သည်​ဟောပြော​သွန်သင်​လျက်​ရှိနေ​စဉ် ဂါလိလဲပြည်​နှင့် ယုဒပြည်​ရှိ ကျေးရွာ​အသီးသီး​မှ​လည်းကောင်း၊ ဂျေရုဆလင်မြို့​မှ​လည်းကောင်း ရောက်လာကြသော​ဖာရိရှဲများ​နှင့် ကျမ်းတတ်ဆရာများတို့​သည် ထိုင်နေကြ၏။ အနာရောဂါ​ပျောက်ကင်း​စေနိုင်သော ဘုရားသခင်​၏​တန်ခိုး​သည်လည်း ယေရှု​၌ ရှိနေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 5:17
20 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​အ​ထဲ​က တန်​ခိုး​ထွက်၍ လူ​အ​ပေါင်း​တို့​ကို သက်​သာ​စေ​တော်​မူ​သည် ဖြစ်၍၊ ပ​ရိသတ်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​တို့​ခြင်း​ငှာ ရှာ​ကြံ​ကြ၏။


ယေ​ရှု​က​လည်း၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​တို့​လေ​ပြီ။ ငါ့​ကိုယ်​မှ တန်​ခိုး​ထွက်​သည်​ကို ငါ​သိ၏​ဟု မိန့်​တော်​မူ၏။-


မျက်​စိ​ကန်း​သော သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်း​သော သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။ ဆင်း​ရဲ​သား​တို့​သည်​လည်း ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ရ​ကြ၏။-


ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​နှင့် ယေ​ရု​ရှ​လင်​မြို့​မှ​ရောက်​လာ​သော ကျမ်း​ပြု​ဆ​ရာ​အ​ချို့​တို့​သည် အ​ထံ​တော်၌ စု​ဝေး၍၊-


ယေ​ရှု​သည် မိ​မိ​ကိုယ်​မှ တန်​ခိုး​ထွက်​သည်​ကို ချက်​ချင်း​သိ​တော်​မူ​လျှင် လူ​အ​စု​အ​ဝေး၌ နောက်​သို့​လှည့်၍၊ ငါ့​အ​ဝတ်​ကို အ​ဘယ်​သူ​တို့​သ​နည်း​ဟု မေး​တော်​မူ၏။-


ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​သား ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​သည် ချဉ်း​ကပ်​ပြီး​လျှင်၊-


သ​မ္မာ​တ​ရား​ကို ကျင့်​သော​သူ​မူ​ကား၊ မိ​မိ​အ​ကျင့်​တို့​သည် ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့် ညီ​သည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ အ​လင်း​သို့​ချဉ်း​ကပ်​သည်​ဟု ဟော​တော်​မူ၏။


သူ​ငယ်​မူ​ကား၊ ဗိ​မာန်​တော်၌ ဆ​ရာ​များ​အ​လယ်​မှာ​ထိုင်၍ ထို​သူ​တို့​နှင့် ဆွေး​နွေး​မေး​မြန်း​လျက်​ရှိ​သည်​ကို မိ​ဘ​တို့​သည် သုံး​ရက်​ကြာ​မှ တွေ့​ကြ၏။-


ဖာ​ရိ​ရှဲ​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​က၊ ဤ​သူ​သည် ဆိုး​သော​သူ​တို့​ကို​လက်​ခံ၍ သူ​တို့​နှင့်​အ​တူ စား​ပါ​သည်​တ​ကား​ဟု ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။-


ဖာ​ရိ​ရှဲ​နှင့် ကျမ်း​တတ်​တို့​မူ​ကား၊ သူ​တို့​အ​ကျိုး​အ​လို​ငှာ ဘု​ရား​သ​ခင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​ကို​ပယ်၍ ယော​ဟန်၏ ဗ​တ္တိ​ဇံ​ကို မ​ခံ​ဘဲ​နေ​ကြ၏။


ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က သင်​တို့​သည် အ​ခွန်​ခံ​သော​သူ၊ ဆိုး​သော​သူ​တို့​နှင့်​အ​တူ အ​ဘယ်​ကြောင့် စား​သောက်​ကြ​သ​နည်း​ဟု တ​ပည့်​တော်​တို့​ကို ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။-


ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​က၊ ဘု​ရား​ကို​လွန်​ကျူး၍ ပြော​သော​ဤ​သူ​ကား အ​ဘယ်​သူ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​သည် အ​ပြစ်​ကို လွှတ်​နိုင်​သ​နည်း​ဟု ထင်​မှတ်​ကြ၏။-


မြွေ​တို့​ကို ဖမ်း​ကိုင်​ကြ​လ​တ္တံ့။ သေ​စေ​တတ်​သော အ​ဆိပ်​အ​တောက်​ကို သောက်​စား​လျှင် ဘေး​ဥ​ပဒ်​နှင့် ကင်း​လွတ်​ကြ​လ​တ္တံ့။ မ​ကျန်း​မ​မာ​သော သူ​တို့​အ​ပေါ်​မှာ လက်​ကို​တင်၍ ချမ်း​သာ​ပေး​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။


ယေ​ရု​ရှ​လင်​မြို့​မှ​လာ​သော ကျမ်း​ပြု​ဆ​ရာ​တို့​က​လည်း၊ သူ​သည် ဗေ​လ​ဇေ​ဗု​လ စွဲ​သော​သူ​ဖြစ်၏။ နတ်​ဆိုး​မင်း​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ဆို​ကြ၏။-


ထို​သူ​သည် ထွက်​သွား၍ စ​ကား​များ​သော​အား​ဖြင့် ထို​အ​ကြောင်း​ကို အ​နှံ့​အ​ပြား ကျော်​စော​စေ၏။ ထို​ကြောင့် ကိုယ်​တော်​သည် နောက်​တစ်​ဖန် မြို့​ထဲ​သို့ ထင်​ရှား​စွာ​မ​ဝင်​ရ​ဘဲ၊ မြို့​ပြင်​တော​အ​ရပ်၌​သာ နေ​တော်​မူ၍ အ​ရပ်​ရပ်​တို့​မှ အ​ထံ​တော်​သို့ ရောက်​လာ​ကြ၏။


တစ်​ဖန်​ယေ​ရှု​က၊ သင်​သည် ဣ​သ​ရေ​လ​လူ​တို့​တွင် ဓ​မ္မ​ဆ​ရာ​ဖြစ်​လျက်​ပင် ဤ​အ​မှု​အ​ရာ​ကို မ​သိ​သ​လော။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ