ယေရှုသည် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ထိုသို့ ညွှန်ကြားတော်မူပြီးသောအခါ ပတ်ဝန်းကျင်မြို့ရွာများတွင် ဟောပြောသွန်သင်ရန် ထိုအရပ်မှ ကြွတော်မူ၏။
လုကာ 23:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သူတို့က “ဤသူသည် ဂါလိလဲပြည်မှစ၍ ဤဒေသထိတိုင်အောင် ယုဒပြည်တစ်လျှောက်လုံး ဟောပြောသွန်သင်၍ လူတို့ကို ရုန်းရင်းဆန်ခတ်ဖြစ်စေပါသည်” ဟု ပို၍ပြင်းထန်စွာ ပြောဆိုကြ၏။ Common Language Bible သို့ရာတွင်သူတို့က ``ဤသူသည်ဂါလိလဲပြည် ကစ၍ ယခုဤအရပ်ဒေသတိုင်အောင်ယုဒ ပြည်အနှံ့အပြားဟောပြောလျက် ပြည်သူတို့ အားရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပါ၏'' ဟုပို၍ပင်အသံကျယ်စွာစွပ်စွဲကြ၏။ Garrad Bible ထို သူ တို့ က ဤ သူ သည် ဂါ လိ လဲ နယ် က စ၍ ဤ အ ရပ် ဒေ သ တိုင် အောင် ယု ဒ ပြည် လုံး နှံ့ ပြည် သူ ပြည် သား တို့ ကို သွန် သင်၍ ထ ကြွ စေ ပါ သည် ဟု တိုး တက် အား ကြီး စွာ စွဲ ဆို ကြ ၏။ Judson Bible ထိုသူတို့သည် သာ၍ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက်၊ ဤသူသည် ဂါလိလဲပြည်မှစ၍ ဤအရပ်တိုင်အောင် ယုဒပြည်၌ အနှံ့အပြားဆုံးမဩဝါဒပေး၍ လူများကိုနှိုးဆော်သောသူဖြစ်ပါသည်ဟု လျှောက်ဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူတို့က “သူသည် ဂါလိလဲနယ်မှစ၍ ဤအရပ်ဒေသတိုင်အောင် ယုဒနယ်တစ်နယ်လုံး၌သွန်သင်လျက် လူထုကိုလှုံ့ဆော်ခဲ့ပါသည်”ဟု အပြင်းအထန်ပြောဆိုကြ၏။ မြန်မာ ထိုသူတို့သည် သာ၍ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက်၊ ဤသူသည် ဂါလိလဲပြည်မှစ၍ ဤအရပ်တိုင်အောင် ယုဒပြည်၌ အနှံ့အပြားဆုံးမဩဝါဒပေး၍ လူများကိုနှိုးဆော်သောသူဖြစ်ပါသည်ဟု လျှောက်ဆိုကြ၏။ |
ယေရှုသည် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ထိုသို့ ညွှန်ကြားတော်မူပြီးသောအခါ ပတ်ဝန်းကျင်မြို့ရွာများတွင် ဟောပြောသွန်သင်ရန် ထိုအရပ်မှ ကြွတော်မူ၏။
ဟေရုဒ်မင်းလက်ထက် ယုဒပြည် ဗက်လင်မြို့တွင် ယေရှုမွေးဖွားလာတော်မူ၏။ ထိုအချိန်ကာလ၌ အရှေ့ပြည်မှ ပညာရှိများသည် ဂျေရုဆလင်မြို့သို့ ရောက်လာ၍
ပိလတ်မင်းသည် မိမိဆက်လက်ပြောဆိုရန် မည်သို့မျှမဖြစ်နိုင်ကြောင်းနှင့် လူထု ရုန်းရင်းဆန်ခတ်ဖြစ်လာမည့်အခြေအနေကို မြင်လေ၏။ ထို့ကြောင့် လူထုရှေ့တွင် ရေဇလုံ၌ သူ၏ လက်ကို ဆေးကာ “ဤသူသေရခြင်းမှာ ငါ၏ တာဝန်မဟုတ်။ သင်တို့၏ တာဝန်သာဖြစ်သည်” ဟု ဆိုလေ၏။
ကိုယ်တော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လှည့်လည်၍ ဂျူးဝတ်ပြုဆောင်များတွင် သွန်သင်လျက် ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ ထို့ပြင် လူတို့၏ အနာရောဂါအမျိုးမျိုးနှင့် ဖျားနာခြင်းအမျိုးမျိုးတို့ကိုလည်း ပျောက်ကင်းစေတော်မူ၏။
ယောဟန်ထောင်ချခံရပြီးနောက် ယေရှုသည် ဂါလိလဲပြည်သို့ ကြွ၍ ဘုရားသခင်ထံတော်မှ သတင်းကောင်းကို ဟောပြောတော်မူ၏။
ယေရှုသည် အပြင်သို့ ထွက်တော်မူစဉ် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့သည် ယေရှုကို အလွန်ရန်လိုမုန်းတီးသဖြင့် အကြောင်းအရာများစွာနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းများ ပြုလာကြ၏။
သို့ရာတွင် လူများက ကိုယ်တော်ကို လက်ဝါးကပ်တိုင်တွင် သတ်ရန် ကျယ်လောင်သောအသံများဖြင့် အော်ဟစ်၍ ပြင်းထန်စွာ တောင်းဆိုကြ၏။ ထိုအခါ သူတို့၏အသံများက အသာစီးရလေ၏။
နောက်တစ်နေ့တွင် ယေရှုသည် ဂါလိလဲပြည်သို့ ကြွရန် ဆုံးဖြတ်တော်မူ၏။ ထိုအခါ ဖိလိပ္ပုကို တွေ့တော်မူသဖြင့် ကိုယ်တော်က “ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူ၏။
လူများက “သူ့ကို သတ်ပါ။ လက်ဝါးကပ်တိုင်တွင် သတ်ပါ” ဟု အော်ဟစ်ပြောဆိုကြ၏။ ပိလတ်မင်းကလည်း “သင်တို့၏ ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်တွင် သတ်ရမည်လော” ဟု ပြန်၍ မေး၏။ ယဇ်ပုရောဟိတ်ခေါင်းဆောင်များက “ငါတို့တွင် ဆီဇာဘုရင်မှလွဲ၍ အခြားဘုရင်မရှိပါ” ဟု ပြန်၍ အော်ဟစ်ကြ၏။
ဤသို့ဖြင့် ယေရှုသည် ပထမဦးဆုံးသောနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ ပြုတော်မူလျက် မိမိဘုန်းတော်ကို ဖော်ပြတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်ကို ယုံကြည်ကြ၏။
အခြားသောသူများက “ဤသူသည် ခရစ်တော်ဖြစ်သည်” ဟု ဆိုကြ၏။ သို့သော် တချို့က “ခရစ်တော်သည် ဂါလိလဲပြည်မှ ပေါ်ထွန်းပါမည်လော။
ထိုသူတို့က “သင်သည်လည်း ဂါလိလဲပြည်သားဖြစ်သလော။ ကျမ်းစာ၌ ရှာဖွေလေ့လာလော့။ ဂါလိလဲပြည်မှ မည်သည့်ပရောဖက်မျှ မပေါ်ထွန်းကြောင်းကို သင်သိရလိမ့်မည်” ဟု ဆိုကြ၏။
နှစ်ခြင်းမင်္ဂလာတရားကို ယောဟန်ဟောပြောပြီးနောက် ဂါလိလဲပြည်မှစ၍ ယုဒပြည်တစ်လျှောက်လုံးတွင် မည်သို့ဖြစ်ပျက်ကြောင်းကို သင်တို့သိကြ၏။
ငြင်းခုံမှုပို၍ပြင်းထန်လာသဖြင့် တပ်မှူးကြီးက ပေါလုအပိုင်းပိုင်းဆွဲဖြတ်ခံရမည်ကို စိုးရိမ်လေ၏။ ထို့ကြောင့် သူက “ပေါလုကို သူတို့ထံမှ အတင်းခေါ်ဆောင်လာ၍ စခန်းအတွင်းသို့ ခေါ်ဆောင်သွားကြလော့” ဟု စစ်သားများအား အမိန့်ပေးလေ၏။
သူတို့သည် ဤစကားကို ကြားသောအခါ ဒေါသထွက်၍ တမန်တော်များကို သတ်ရန်ဆုံးဖြတ်ကြ၏။
ထိုသို့ ပြောဆိုသည်ကို ဂျူးခေါင်းဆောင်များ ကြားလျှင် သတေဖန်အား ဒေါသထွက်၍ အံကြိတ်ကြလေ၏။
သို့သော် ထိုသူတို့သည် ကျယ်လောင်စွာ အော်ဟစ်၍ နားများကို ပိတ်လျက် သူ့ထံသို့ အရှိန်အဟုန်ဖြင့် တညီတညွတ်တည်း ပြေးသွားကြ၏။