Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 23:5 - မြန်မာ

5 ထို​သူ​တို့​သည် သာ၍​ပြင်း​စွာ​သော​အ​သံ​နှင့် ဟစ်​ကြော်​လျက်၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည်​မှ​စ၍ ဤ​အ​ရပ်​တိုင်​အောင် ယု​ဒ​ပြည်၌ အ​နှံ့​အ​ပြား​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ လူ​များ​ကို​နှိုး​ဆော်​သော​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သို့​ရာ​တွင်​သူ​တို့​က ``ဤ​သူ​သည်​ဂါ​လိ​လဲ​ပြည် က​စ​၍ ယ​ခု​ဤ​အ​ရပ်​ဒေ​သ​တိုင်​အောင်​ယု​ဒ ပြည်​အ​နှံ့​အ​ပြား​ဟော​ပြော​လျက် ပြည်​သူ​တို့ အား​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​အောင်​လှုံ့​ဆော်​ပါ​၏'' ဟု​ပို​၍​ပင်​အ​သံ​ကျယ်​စွာ​စွပ်​စွဲ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ထို သူ တို့ က ဤ သူ သည် ဂါ လိ လဲ နယ် က စ၍ ဤ အ ရပ် ဒေ သ တိုင် အောင် ယု ဒ ပြည် လုံး နှံ့ ပြည် သူ ပြည် သား တို့ ကို သွန် သင်၍ ထ ကြွ စေ ပါ သည် ဟု တိုး တက် အား ကြီး စွာ စွဲ ဆို ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ထို​သူ​တို့​သည် သာ၍​ပြင်း​စွာ​သော​အ​သံ​နှင့် ဟစ်​ကြော်​လျက်၊ ဤ​သူ​သည် ဂါ​လိ​လဲ​ပြည်​မှ​စ၍ ဤ​အ​ရပ်​တိုင်​အောင် ယု​ဒ​ပြည်၌ အ​နှံ့​အ​ပြား​ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍ လူ​များ​ကို​နှိုး​ဆော်​သော​သူ​ဖြစ်​ပါ​သည်​ဟု လျှောက်​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သို့သော် သူ​တို့​က “သူ​သည် ဂါလိလဲ​နယ်​မှစ၍ ဤ​အရပ်​ဒေသ​တိုင်အောင် ယုဒ​နယ်​တစ်နယ်လုံး​၌​သွန်သင်​လျက် လူထု​ကို​လှုံ့ဆော်​ခဲ့​ပါ​သည်”​ဟု အပြင်းအထန်​ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 သို့သော် သူတို့​က “ဤ​သူ​သည် ဂါလိလဲပြည်​မှစ၍ ဤ​ဒေသ​ထိ​တိုင်အောင် ယုဒပြည်​တစ်လျှောက်လုံး ဟောပြော​သွန်သင်​၍ လူတို့​ကို ရုန်းရင်းဆန်ခတ်​ဖြစ်စေပါသည်” ဟု ပို၍​ပြင်းထန်​စွာ ပြောဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 23:5
24 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို အ​ကုန်​အ​စင် မှာ​ထား​တော်​မူ​ပြီး​လျှင်၊ မြို့​ရွာ​များ​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ သ​တင်း​ကြား​ပြော​ခြင်း​ငှာ​လည်း​ကောင်း၊ ထို​အ​ရပ်​မှ ကြွ​တော်​မူ၏။


ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ ယေ​ရှု​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​ပြီး​မှ၊ မာ​ဂု​ပ​ညာ​ရှိ​တို့​သည် အ​ရှေ့​ပြည်​က ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​ကြ​လျှင်။-


ပိ​လတ်​မင်း​သည် မိ​မိ​မ​နိုင်၊ လူ​များ​သာ၍ ရုန်း​ရင်း​ခတ်​မျှ ပြု​ကြ​သည်​ကို​မြင်​လျှင်၊ ရေ​ကို​ယူ၍ လူ​များ​ရှေ့​တွင် မိ​မိ​လက်​ကို​ဆေး​လျက်၊ ဤ​ဖြောင့်​မတ်​သော​သူ၏​အ​သွေး​နှင့် ငါ​သည် ကင်း​ရှင်း၏။ ဤ​အ​မှု​ကို သင်​တို့ ကြည့်​ကြ​လော့​ဟု ဆို၏။-


ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။


ယော​ဟန်​သည် ထောင်​ထဲ​သို့​ရောက်​သည်​နောက်၊ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​လျှင်၊-


ထို​သို့ ပ​ရိသတ်​တို့​အား မိန့်​တော်​မူ​စဉ်​တွင် ကျမ်း​ပြု​ဆ​ရာ​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ကိုယ်​တော်၌ အ​ပြစ်​တင်​ခွင့်​ကို ရ​မည်​အ​ကြောင်း၊-


လူ​များ​တို့​သည် ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ကြီး​စွာ​သော​အ​သံ​နှင့် ကျပ်​ကျပ်​တောင်း​သ​ဖြင့်၊ သူ​တို့၏​အ​သံ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့၏ အ​သံ​သည် နိုင်​လေ၏။-


ပိ​လတ်​မင်း​သည် ဂါ​လိ​လဲ​ဟူ​သော​စ​ကား​ကို​ကြား​လျှင်၊ ထို​သူ​သည် ဂါ​လိ​လဲ​လူ​ဖြစ်​သ​လော​ဟု မေး​မြန်း၍၊-


နက်​ဖြန်​နေ့၌ ဂါ​လိ​လဲ​ပြည်​သို့​ကြွ​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင် ဖိ​လိ​ပ္ပု​ကို​တွေ့၍၊ ငါ့​နောက်​သို့ လိုက်​လော့​ဟု မိန့်​တော်​မူ၏။-


ထို​သူ​ကို​ထုတ်​ပါ။ ထုတ်​ပါ။ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပါ​ဟု လူ​များ​ဟစ်​ကြော်​ကြ၏။ ပိ​လတ်​မင်း​က​လည်း၊ သင်​တို့၏​ရှင်​ဘု​ရင်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ရ​မည်​လော​ဟု မေး​ပြန်​လျှင်၊ ယဇ်​ပု​ရာ​ဟိတ်​အ​ကြီး​တို့​က၊ အ​ကျွန်ုပ်​တို့၌ ကဲ​သာ​ဘု​ရင်​မှ​တစ်​ပါး အ​ဘယ်​ရှင်​ဘု​ရင်​မျှ​မ​ရှိ​ဟု ပြန်​ပြော​ကြ၏။-


ထို​သို့​ယေ​ရှု​သည် ရှေ့​ဦး​စွာ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​ကို ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့၌​ပြ၍ မိ​မိ​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။


အ​ချို့​က​လည်း၊ ဤ​သူ​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟု ဆို​ကြ၏။ အ​ချို့​က​လည်း၊ ခ​ရစ်​တော်​သည် ဂါ​လိ​လဲ​ပြည်​သား ဖြစ်​ရ​သ​လော။-


သူ​တို့​က၊ သင်​သည်​လည်း ဂါ​လိ​လဲ​ပြည်​သား ဖြစ်​သ​လော။ စစ်​ဦး​လော့၊ ဂါ​လိ​လဲ​ပြည်၌ အ​ဘယ်​ပ​ရော​ဖက်​မျှ မ​ပေါ်​ထွန်း​သည်​ကို​မှတ်​လော့​ဟု ဆို​ကြ​ပြီး​မှ၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ